ဖတ်ရန်ကျမ်းချက်များ။ ၃ရာ ၁၂း၁-၁၆။ တမန် ၁၅း၇-၁၁။ ယောဟန် ၁၁း၄၆-၅၃။ နေဟမိ ၄း၇-၂၃။ ဧဇရ ၈း၂၁-၂၃၊၃၁၊၃၂။
‘လူအပေါင်းတို့သည် ဟောပြောသောစကားများကိုနားလည် သောကြောင့် စားသောက်ခြင်း၊ သူတစ်ပါးတို့အားဝေမျှခြင်း၊ အလွန် ပျော်မွေ့ခြင်းကြိုပအံ့သောငှာသွားကြ၏’ (နေဟမိ ၈း၁၂)။
ဧဇရနှင့်နေဟမိတို့နှစ်ဦးသည် ဘုရားသခင်စေခိုင်းသမျှကို ဆက်ကပ် လုပ်ဆောင်သောနမူနာယူထိုက်သည့်ခေါင်းဆောင်များဖြစ်ကြသည်။ ဘုရားသခင် ကိုချစ်သောစိတ်ထားသည် သစ္စာရှိငယ်သားဘဝကိုရရှိစေပါသည်။ ထို့အတွက် ကြောင့် သူတို့၏သစ္စာရှိခြင်းအကြောင်းကို ကျွန်ုပ်တို့အတွက်လေ့လာရန် အကြောင်းအရာ၏အချက်အချာဖြစ်လာသည်။
အောက်ပါကျမ်းချက်တို့ကို ဖတ်ရှုလေ့လာကြည့်ပါ။ မည်သို့မည်ပုံ သောခေါင်းဆောင်မှုသဘောမျိုးကို တွေ့ရှိနိုင်သနည်း။ ကောင်းပါသည်ဆိုခဲ့ သော်၊ အဘယ်အကြောင်းကြောင့်ကောင်းရသည်၊ ဆိုးပါသည်ဆိုခဲ့သော် အဘယ် အကြောင်းကြောင့်ဆိုးရသည်ကိုရှင်းပြပါ။
သူတို့၏ခေါင်းဆောင်မှုအောက်၌ ဖြစ်ခဲ့သောရာဇဝင်၏အကောင်းနှင့် အဆိုးကို သင်ခန်းစာယူပြီး၊ မည်သို့သောခေါင်းဆောင်မှုအပိုင်းမျိုးကိုလုပ်ဆောင် နိုင်မည်နည်း။
တနင်္လာ ဒီဇင်ဘာ ၂၃
ဘုရားရှင်၏ရှေ့တော်၌မကောင်းသောအမှုအရာ
အောက်ဖော်ပြပါကျမ်းချက်တို့ကိုဖတ်ပါ။ လူများကိုအုပ်ချုပ်ရသော ခေါင်းဆောင်များနှင့် သူတို့၏ဩဇာလွှမ်းမိုးမှုအကြောင်း မည်သို့ဖော်ပြထားပါ သနည်း။
၃ရာ ၁၅း၂၆၊၃၄
၎ရာ ၁၃း၁-၃
ယောဟန် ၁၁း၄၆-၅၃
ခေါင်းဆောင်၏လုပ်ဆောင်မှုစွမ်းရည်သည် မိမိအုပ်ချုပ်သောလူများ ၏ဘဝဆုတ်ယုတ်မှုကိုလည်းကောင်း၊ တိုးတက်အောင်မြင်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ဝိညာဉ်ရေးရာတိုးတက်ခြင်း၊ ဆုတ်ယုတ် ခြင်းကိုဖြစ်စေသည်။ ဖော်ပြခဲ့ပြီးသောကျမ်းချက်များမှပြဿနာတို့သည် ဖွတ်ဖွတ် ညက်ညက်ကြေစေသည့် အနုတ်လက္ခဏာဆောင်သောခေါင်းဆောင်မှုမျိုး ဖြစ်သည်။
ထိုထက်သာ၍အထူးအရေးကြီးသောအရာမှာ ကျွန်ုပ်တို့၏စာရိတ္တနှင့် ဆက်ကပ်ခြင်းစိတ်ကို ခရစ်တော်၏ရုပ်လုံးပေါ်လွင်စေရန်ဖြစ်သောကြောင့် ကျွန်ုပ်တို့အပြန်အလှန်ဆက်ဆံသောသူများနှင့် ထူးခြားမှုကိုဖြစ်လာစေသည်။ ဝိညာဉ်ရေးရှိသောခေါင်းဆောင်များသည် လူများအားဩဇာလွှမ်းမိုးနိုင်သည် သာမက ဘုရားရှင်ကိုအမှန်ရှာဖွေသူမှန်လျှင် ဘုရားရှင်၏နှစ်သက်ခြင်းကို ရရှိမည်။ မကောင်းမှုကိုရှောင်ပြီး၊ အကောင်းကိုဆောင်သောသူတစ်ဦးအတွက် ကောင်းချီးရရှိမည်ဖြစ်သည်။
ယနေ့အချိန်အခါမြင်တွေ့နေရသောအကြောင်းအရာနှင့်နှိုင်းယှဉ်ကြည့် သော်၊ ဧဇရနှင့်နေဟမိတို့သည် ရဲရင့်ခိုင်မာသောခေါင်းဆောင်အဖြစ်ဦးဆောင် ပြီး ဘုရားသခင်ကိုဖက်တွယ်ထားလျက်ရှိကြောင်း ငြင်းဆိုဖွယ်ရာမရှိပါ။ သမ္မာ ကျမ်းမှဖော်ပြထားသော ဧဇရနှင့်နေဟမိတို့၏အစာရှောင်ခြင်း၊ ဆုတောင်းခြင်း အမှုသည် ခေါင်းဆောင်အားလုံးအတုယူဖွယ်လုပ်ရပ်ဖြစ်သည်။ ပြည်သားတို့ သည် ဘုရားသခင်နှင့်အတူလျှောက်လှမ်း၍ သူတို့၏ဦးဆောင်မှုအောက်၌ အရာရာတိုင်းမပြည့်စုံခဲ့သော်လည်း အကောင်းဆုံးတက်ညီလက်ညီရှေ့သို့လှမ်း သွားကြသည်။ သူတို့၏လမ်းညွှန်မှုအားလုံးမှာ ထာဝရဘုရားကိုကိုးစားကြရန် အတွက်သာဖြစ်သည်။ တစ်ဖက်၌လည်း ဧဇရနှင့်နေဟမိ၏ဦးဆောင်မှုကို မခံယူမနာခံ၊ မယုံကြည်သူတို့၏လမ်းဆုံးသည် မိမိတို့ကိုယ်တိုင်ရွေးချယ်ခဲ့ သောလမ်းအတိုင်းသာဖြစ်သည်။ ကျွန်ုပ်တို့ရွေးချယ်ဆုံးဖြတ်သကဲ့သို့ ရလဒ် ခံစားကြရမည်ဖြစ်သည်။ အဆုံးစွန်ပြောဆိုကြပါစို့။ ယေရှုဘုရားကို အသွေး အသားဖြင့်မြင်တွေ့ခဲ့ရသူ၊ ကိုယ်တော်၏ဟောပြောခြင်းကိုကြားနာခဲ့ရသူ၊ ကြားခဲ့ ရသမျှကို သက်သေခံပြန်၍ဝေငှရသူ၊ ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဖွယ်ရာများကို မြင်တွေ့သက်သေခံရသူ၊ နောက်ဆုံး၌ကိုယ်တော်ကိုငြင်းပယ် သွားခဲ့သည်။ အမှန်ပင်ကျွန်ုပ်တို့၌လုပ်ဆောင်ရန်ကဏ္ဍတာဝန်ကိုယ်စီ ဘဝ အသက်တာ၌ရှိကြသည်။ အကောင်းဘက်၌ဩဇာညောင်းသွားနိုင်သကဲ့သို့၊ အဆိုးဘက်သို့လည်း ဩဇာညောင်းသွားနိုင်သည်။ နောက်ဆုံးနေ့၌ လူတိုင်း၊ ဘုရားသခင်၏ရှေ့တော်၌ အဖြေပေးရလိမ့်မည်သာဖြစ်သည်။
သင်၏ပတ်ဝန်းကျင်ရှိလူများကို သင်မည်သို့ဩဇာလွှမ်းမိုးနေသည်ကို သတြိုပပါ။ သင်၏ဩဇာလွှမ်းမိုးမှုကို မည်သို့မည်ပုံပို၍ ကောင်းမွန်အောင် လုပ်နိုင်မည်နည်း။
အင်္ဂါ ဒီဇင်ဘာ ၂၄
ရဲရင့်ခြင်းသတ္တိနှင့်အာဏာလွှဲပြောင်းခြင်း
နေဟမိ ၄း၇-၂၃ ကိုဖတ်ပါ။ နေဟမိသည် မည်သည့်နည်းဖြင့် သတ္တိရှိရဲရင့်ကြောင်းပြသခဲ့သနည်း။ ထိုသတ္တိကိုမည်သို့ရရှိခဲ့သနည်း။
နေဟမိသည် ရန်သူများကိုထရပ်၍ရင်ဆိုင်သည်။ ယုဒလူမျိုးများ အားခြိမ်းခြောက်သူများကိုရင်ဆိုင်သည်။ နေဟမိသည် ‘ကောင်းပါပြီဘုရား၊ ကိုယ်တော်အားလုံးကြည့်စီစဉ်ပါ’ ဟူ၍လည်းမပြော။ လူတိုင်းကိုတာဝန် ကိုယ်စီခန့်အပ်ထားသည်။ လက်တစ်ဘက်ဖြင့်လက်နက်ကိုင်ထားပြီး၊ ကျန်လက် တစ်ဘက်ဖြင့် ယေရုရှလင်ြုမိ့ရိုးကြိုပပြင်တည်ဆောက်သည်။ နေဟမိ၏ ဦးဆောင်မှုအောက်၌ ယုဒလူမျိုးများညီညာစွာလိုက်လျှောက်သည်။ လုံးဝ ကြောက်ရွံ့ခြင်း၊ သူရဲဘောကြောင်ခြင်းမရှိ။ လက်နက်ဆွဲပြီးရန်သူကိုတိုက်ခိုက် ရန်၊ မိမိကိုယ်ကိုကာကွယ်ရန် အဆင်သင့်ြုပလုပ်သည်။ နေဟမိသည် မိမိ လူတို့ကိုအားပေး၏။ မိမိလူတို့ကိုယုံကြည်စိတ်ချ၏။ မိမိလူတို့နှင့်အတူတကွ အလုပ်လုပ်၏။ တာဝန်ကိုယ်စီပေးထား၏။ သူလုပ်ဆောင်ရန်အလုပ်ရှိသည် တို့ကို အာဏာလွှဲပြီး၊ မိမိ၏လူတို့ကိုလုပ်ဆောင်စေသည်။ နေဟမိသည် မိမိ၏လူများကို ‘လုပ်ကြလော့’ ဟုပြောပြီး၊ မိမိ၏အခန်းတွင်းပြန်ပုန်းအောင်း နေသူမျိုးမဟုတ်။ မိမိလူတို့နှင့်အတူယှဉ်လျက်၊ ကပ်လျက် ခက်ခဲသောအလုပ် များကို လိုလျှင်လိုအပ်သလို ပြီးအောင်ဦးဆောင်လုပ်ကိုင်သူဖြစ်သည်။
သမ္မာကျမ်းစာ၌ ဘုရားသခင်မှ သင်တို့သည် ငါစစ်တိုက်ပေးနေ သည်ကို ရပ်၍ကြည့်နေကြပါဟုပြောသောစကားရှိသကဲ့သို့ ‘သင်တို့စစ်တိုက် ရန်ပြင်ဆင်ကြလော့၊ ငါသည် သင်တို့ကိုကြီးစွာသောအောင်မြင်ခြင်းကိုပေး မည်’ ဟူ၍လည်းပြောထားသည်။ ဘုရားသခင်၏ကယ်နုတ်တော်မူခြင်းနှင့် ကောင်းချီးမင်္ဂလာကိုမြင်တွေ့လိုပါသော်၊ ကျွန်ုပ်တို့သည် မိမိ၏အငန်းအတာ ကိုြုကိးစားလုပ်ဆောင်ရမည်။
‘နေဟမိသည် ထာဝရဘုရားကိုခိုင်ခံ့စွာကိုးစားလျက်၊ လုပ်ကိုင် ဆောင်ရွက်သမျှသောတာဝန်ကိုလည်း ထာဝရဘုရားအားမှီခိုကိုးစားလျက် လုပ်ဆောင်တတ်သည်။ ရန်သူတို့၏ကျဆုံးခြင်းအကြောင်းကိုဆင်ခြင်၍ သူ့အတွက်ခွန်အားဖြစ်စေသည်။ ပျင်းရိခြင်းသဘောသည် စုံစမ်းခြင်း၌ကျဆုံး ရန်လွယ်ကူလှသည်။ သို့သော် မျှော်မှန်းချက်မြင့်မြတ်သောအသက်တာသည် ရည်ရွယ်ချက်ကြိုကိးစားလျှောက်လှမ်းသွားသောကြောင့် မာရ်နတ်ခြေချစရာ နေရာမရှိအောင်နည်းပါးလှသည်။ သူ၏ယုံကြည်ခြင်းသည် ရှေ့သို့သာစူးစိုက် နေသောကြောင့် ခွန်အားယုတ်လျော့ခြင်းမရှိပေ။ အထက်သို့လည်းကောင်း၊ အောက်အရပ်သို့လည်းကောင်း၊ ထိုထက်သာလွန်သောအရပ်သို့လည်းကောင်း လှမ်းမျှော်ကြည့်ပြီး ထာဝရဘုရား၏မေတ္တာတော်ကိုသိမှတ်လျက်၊ ကတိတော် ထားရှိသည့်အတိုင်း ကိစ္စမှန်သမျှကိုအောင်မြင်သည်အထိလုပ်ဆောင်သည်။ ထာဝရဘုရားရှင်၏အစေခံအစစ်အမှန်သည် မကျဆုံးရဟူသောသန္နိဌာန်စိတ် ဖြင့် အလုပ်ဟူသမျှကိုလုပ်ဆောင်တတ်သည်။ အဘယ်ကြောင့်နည်းဟူမူကား၊ သူတို့၏မှီခိုရာသည် ကရုဏာတော်ပလ္လင်ဖြစ်ကြောင်းကို စိတ်ချယုံကြည်လျက် ရှိနေခြင်းကြောင့်ဖြစ်သည်။’ အယ်လင်ဂျီဝှိုက်၊ Prophets and Kings, p. 660.
နောက်ဆုံးတွင် နေဟမိသည် ရဲရင့်ခြင်းစိတ်ကို ထာဝရဘုရား၏ တန်ခိုးတော်၌ သေချာစွာယုံကြည်လျက်ထားရှိနိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် လည်း မြင်တွေ့ခဲ့သည့်အတိုင်း သူသည် ထာဝရဘုရားကိုယုံကြည်ခြင်းနှင့် အတူ ဖက်ယမ်းလျက်၊ အမှုကိစ္စမှန်သမျှကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။
အခြေအနေချင်းမတူခဲ့လျှင်လည်း နေဟမိကိုကျွန်ုပ်တို့ပုံပမာယူပြီး တည်ကြည်ရဲရင့်နိုင်ပါသည်။ ‘တစ်နည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲ သင်၏ယုံကြည် ခြင်းကိုပြလော့။ ငါမူကား အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏’ (ယာကုပ် ၂း၁၈)။
ဗုဒ္ဓဟူး ဒီဇင်ဘာ ၂၅
ရည်ရွယ်ချက်နှင့်စိတ်ပြင်းပြမှု
အောက်ပါကျမ်းချက်များမှ ဧဇရနှင့်နေဟမိနှစ်ဦးစလုံးကို တွန်းအား ပေးသောအရာသည် မည်သည့်အရာဖြစ်ကြောင်းဖော်ပြနေသနည်း။ (နေဟမိ ၂း၁-၁၀။ ဧဇရ ၇း၈-၁၀)။
နေဟမိနှင့်ဧဇရတို့သည်ြုပလေသမျှတို့၌ ဘုရားသခင်မှမိမိ၏လူမျိုး များအတွက် အောင်မြင်ခြင်းပေးမည်ဟု မျှော်လင့်လျက်ရှိသည်။ လူတို့သည် နားကောက်ခဲ့ကြသည်။ ပျက်စီးခဲ့ကြသည်။ သို့အတွက်ကြောင့် အပြစ်ဒဏ် ချခံခဲ့ရသည်။ သို့သော်လည်း ဘုရားရှင်သည် မိမိ၏ကတိတော်ကို အစဉ် ပြည့်စုံစေပါသည်။ ပြန်လည်ခေါ်ဆောင်လာပြီး ကတိတော်ထားရာပြည်သို့ ဝင်ခွင့်ပေးခဲ့သည်။ လူတို့သည် သစ္စာရှိခဲ့ပါလျှင် ဘုရားရှင်မှလည်း မိမိထားရှိ ခဲ့သည့်ပန်းတိုင်သို့ရောက်အောင် ပို့ဆောင်ပေးသည်။ သို့ဖြစ်၍ ကိုယ်တော်ရှင် သည် မိမိ၏ဥာဏ်တော်ဖြင့် အလွန်ဆက်ကပ်သောပုဂ္ဂိုလ်နှစ်ဦးကိုရွေးချယ်ခဲ့ သည်။ မောရှေကဲ့သို့သောပုဂ္ဂိုလ်နှစ်ဦးဖြစ်သည်။ ပြန်လည်တည်ဆောက်ရန် အတွက် လုပ်ဆောင်ရန်အထူးရွေးချယ်ခံရသည်။ အထူးတာဝန်ထမ်းဆောင် ရန် မောရှေကိုအသုံြးုပသကဲ့သို့ဖြစ်သည်။
ဤကဲ့သို့သောခေါင်းဆောင်ကြီးနှစ်ဦးသည် ရည်ရွယ်ချက်ပန်းတိုင်ရှိ ကြသည်။ြုပလေသမျှအရာအားလုံးကို ရည်ရွယ်ချက်ထားရှိသည်။ ဧဇရနှင့် နေဟမိသည် အသက်တာ၌ရည်ရွယ်ချက်ထားသည်ဟုဆိုနိုင်သည်။ ဘုရားသခင် ၏လူမျိုးများ မည်သို့ဖြစ်လာရမည်ဟု မျှော်လင့်ချက်ထားရှိသည်။ ယင်းနောက်မှာ ပန်းတိုင်သို့ရောက်အောင်လုပ်ဆောင်မည်ဟု ဆုံးဖြတ်ကြသည်။
ဧဇရသည် နှုတ်ကပတ်တော်ကိုလေ့လာခြင်း၊ လူများကိုသွန်သင်ခြင်း အမှုကိုလုပ်ဆောင်သည်။ နေဟမိသည် လူများတို့အမှန်တရားအတိုင်းနေထိုင် ရန်နှင့် ဘုရားရှင်အတွက်ရဲရင့်စွာရင်ဆိုင်ရပ်တည်ကြရန် အားပေးသည်။ ပုဂ္ဂိုလ် နှစ်ဦးလုံးသည် ယေရုရှလင်ြုမိ့ပြန်လည်ကောင်းစားခြင်းကို မြင်လိုကြသည်။ ပစ္စည်းဥစ္စာပြန်လည်ြွကယ်ဝခြင်းကိုသာမဆိုလိုပါ။ လူမျိုးတို့၏ဝိညာဉ်ရေး ပြန်လည်နိုးကြာြးုပပြင်ခြင်းကို မြင်တွေ့လိုကြသည်။ သို့အတွက်ကြောင့်ြုပပြင် သည်၊ အပြစ်ဖော်ပြသည်၊ အရေးယူခဲ့ရသည်။ ခေါင်းဆောင်ကောင်းဟူသည် သာမညလူတွေထက်သာလွန်ရသည်။ ဧဇရနှင့်နေဟမိသည် ဘုရားရှင်ကိုချစ် ၍၊ တန်ခိုးတော်ကိုယုံကြည်သည်နှင့်အမျှ လူတိုင်းဘုရားသခင်နှင့်ဆက်သွယ် ရန် သူတို့အလိုရှိသည်။
နေဟမိအခန်းကြီး (၁) တွင် ဖတ်ရှုရသူတိုင်းအတွက် နေဟမိ၏ ဆက်ကပ်စွန့်စားခြင်းနှင့် သူ၏လူမျိုးများအကျဉ်းအကျပ်အတိဒုက္ခကိုလည်း ကောင်း သိရှိကြရမည်။ အခန်းကြီး (၁) ၌ ယုဒလူမျိုးများဒုက္ခရောက်နေ ရခြင်းသတင်းကိုကြားရသောအခါ သူငိြုွေကးရသည်ဟုရေးသားထားသည်။ ဒူးထောက်ဆုတောင်းလျက် ဘုရားရှင်အလိုတော်ရှိသည့်အတိုင်း သူအသုံးတော် ခံပါမည်ဟု အသနားခံခဲ့သည်။ နေဟမိသည် ကမ္ဘာပေါ်၌ထူးခြားသောပုဂ္ဂိုလ် တစ်ဦးအဖြစ် ပေါ်လွင်ထင်ရှားလာသည်။ လက်တွေ့လုပ်ဆောင်သူ၊ ဘုရားရှင် အတွက် လက်တွေ့လုပ်ဆောင်သောသူတစ်ဦးဖြစ်လာသည်။ လစာကောင်းပြီး၊ များများရရှိနေခြင်းကြောင့်မဟုတ်။ ရာထူးကြီးကြီးရရှိနေခြင်းကြောင့်လည်းမဟုတ်။ (ထိုအရာအားလုံးကို ပါရှန်နိုင်ငံ၌ရရှိထားပြီးဖြစ်သည်။) ယခုမှာ ယုဒပြည်သို့ ပြန်သွားပြီး သူကောင်းစားရေးအတွက်မဟုတ်ပါ။ ခြေလှမ်းတိုင်း၌ ဆန့်ကျင်ဘက်ြုပခံရသည်။ ယုံကြည်ခြင်းနှင့်ရှေ့ဆက်လှမ်းရသည်။ ရှေ့၌ကာဆီးထားသော အတားအဆီးအနှောင့်အယှက်မှန်သမျှ ဘာတစ်ခုမျှသူမမှုပါ။
ကြာသပတေး ဒီဇင်ဘာ ၂၆
နှိမ့်ချခြင်းနှင့်မဆုတ်မနစ်သောလုံ့လ
ဧဇရ ၈း၂၁-၂၃၊၃၁၊၃၂ ကိုဖတ်ပါ။ ဧဇရသည် ရှင်ဘုရင်နှင့်စကား ပြောဆိုရာတွင် တုံးတိရိုင်းစိုင်းစွာပြောဆိုရန် ဆုံးဖြတ်ထားပါသလား။ ဧဇရ နှင့်လူများတို့သည် မည်သို့သောနှိမ့်ချမှုမျိုးကိုပြခဲ့သနည်း။
နောက်ပိုင်းတွင်လည်း နေဟမိသည် ရှင်ဘုရင်၏ကာကွယ်စောင့်ရှောက် ခြင်းကိုလက်ခံခဲ့သည်။ သို့သော် ဧဇရမှာမူ ဘုရားသခင်၏ကာကွယ်စောင်မ ခြင်းကိုသာ အလျှင်းယုံကြည်သောကြောင့် ရှင်ဘုရင်ထံမှစောင့်ရှောက်ပေးပါရန် မည်သည့်အကူအညီကိုမျှမတောင်းပါ။ သို့ဖြစ်၍ ယုဒပြည်သို့အန္တရာယ်ကင်း စွာပြန်ရောက်ရှိသွားသောအခါ ထာဝရဘုရားကိုချီးမွမ်း၏။ မတော်အခြေအနေ အမျိုးမျိုးရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုလုံးလုံးဦးဆောင်လမ်းပြ ပေးသည်ထက် အချို့သောအချိန်အခါ၌ လူကိုမှီခိုအားကိုးလွန်းခြင်းမျိုးလည်း ရှိလိမ့်မည်ဖြစ်သည်။ ဧဇရအဖို့မှာမူ ဘုရားသခင်ကိုသာဦးဆောင်လမ်းပြစေသော ကြောင့် ရှင်ဘုရင်အတွက်လက်တွေ့ဖြစ်စေသည့် ထာဝရဘုရားသည်တန်ခိုး ကြီးကြောင်းသက်သြေုပလိုက်ခြင်းဖြစ်သည်။
ဧဇရသည် ထင်ရာစိုင်းပြီးလုပ်တတ်သူမျိုးမဟုတ်ပါ။ လူအားလုံးကို ခေါ်ပြီး အစာရှောင်စေသည်၊ ဆုတောင်းစေသည်။ အခြေအနေကိုသုံးသပ်ကြ သည်။ ဘုရားသခင်ကိုအတူတကွအချိန်ယူမခေါ်ဖိတ်ဘဲ မိမိတို့၏ခရီးစဉ်ကို ဆက်သွားခြင်းမြုပကြ။ ဘုရားရှင်၏ရှေ့တော်၌ နှိမ့်ချခြင်းသဘောကိုပြ၏။ ကာကွယ်စောင်မခြင်းကိုတောင်းလျှောက်၏။ ဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်ကြောင်းပြသသောအခါ ဘုရားရှင်သည် သူ၏ဆုတောင်းသံကိုအဖြေ ပေးခဲ့သည်။
နေဟမိ ၅း၁၄-၁၉ ကိုဖတ်ပါ။ နေဟမိသည် မည်သည့်နှိမ့်ချမှု မျိုးကိုပြခဲ့သနည်း။
ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်မှန်မည်သည် နှိမ့်ချရမည်။ အစေခံနိုင်ရမည်။ လူများ၏ရိုသေလေးစားခြင်း၊ ဂုဏ်ြုပခြင်းကို ခံယူလို စိတ်မရှိရပါ။ နေဟမိသည် လူတိုင်းကိုလက်ကမ်ြးုကိဆိုဖိတ်ခေါ်သောသူမျိုး ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်ကြောင်းပြသသည်။ သူ၏ဆက်ကပ်ခြင်း သာဓကသည် လူများအတွက်အလွန်ကောင်းသောဥပမာပုံစံဖြစ်သည်။ မိမိ ကိုယ်ကိုယုံကြည်စိတ်ချတတ်သူနှင့် အဓိပ္ပါယ်မဲ့သောစိတ်ထားမျိုးမရှိချေ။ အရာခပ်သိမ်းကိုအုပ်စိုးတော်မူသောသူ၏အထက်၌ မိမိကိုယ်ကိုမချီးမြှောက်ပါ။ ယုဒပြည်၌ သူရရှိထားသောရာထူးသည် အမြင့်ဆုံးရာထူးဖြစ်သည်။ သို့သော် အလွဲသုံးစားမြုပ၊ ဤသို့သောနည်းဖြင့် ယေရှုရှင်၏သွန်သင်ခြင်းအသက်တာ မျိုးကို လင်းလက်စေပါသည်။ ယေရှုရှင်၏သွန်သင်ချက်မှာ သူတစ်ပါး၏ အစေကိုခံခြင်းပင်ဖြစ်သည်။ ကိုယ်တိုင်လည်ြးုပကျင့်ခဲ့သည်။ သို့ဖြစ်ပါ၍ ရာထူးဂုဏ်မောက်ခြင်းကိုရှောင်ကြဉ်ပြီး ယေရှုရှင်ကဲ့သို့လုပ်ဆောင်ရန်လို ပါသည်။
ထိုအခါ ကိုယ်တော်သည်ထိုင်လျက်၊ တစ်ကျိပ်နှစ်ပါးတို့ကိုခေါ်တော် မူ၍ အလျင်အဦးဖြစ်စေလိုသောသူမည်သည်ကား၊ နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။ (မာကု ၉း၃၅)။ ထာဝရဘုရားသခင်၏ရှေ့တော်၌ ခေါင်းဆောင်ကောင်း၊ မှန်သောခေါင်းဆောင် ဖြစ်စေရန် ယေရှုဘုရားရှင်မည်သို့သွန်သင်ခဲ့သနည်း။
သောကြာ ဒီဇင်ဘာ ၂၇
ထပ်ဆင့်လေ့လာရန်။
Ellen G. White ၏ Steps to Christ စာအုပ်၊ စာမျက်နှာ ၉၃- ၁၀၄ တွင် “The Privilege of Prayer” ပါခေါင်းစဉ်မှအကြောင်းအရာကို ရှာဖွေဖတ်ပါ။
‘ပြန်လည်တည်ဆောက်ခြင်း၊ြုပပြင်ခြင်းအလုပ်သည် ဇေရုဗဗေလ မှစတင်၍ ပြည်တော်ပြန်များလက်ဆင့်ကမ်းလုပ်ဆောင်ကြလျက် ဧဇရ၊ နေဟမိ တို့သည် ဝိညာဉ်ရေးပြန်လည်ြုပပြင်ခြင်းပုံလွှာကိုဘောင်ချကာ ယခုနောက်ဆုံး ကျွန်ုပ်တို့နေထိုင်သောအချိန်အခါအထိ ကမ္ဘာ့ ရာဇဝင်၏အဆုံးပိုင်း၌ ဝိညာဉ် ရေြးုပပြင်ပြောင်းလဲကြရန် သွန်သင်ထားပါသည်။ ကျန်ြွကင်းသောဣသရေလ အမျိုးတို့သည် အားနည်းပြီးမျက်စိသငယ်နားသငယ်ရှိခဲ့ရသည်။ ရန်သူများ လာရောက်ဖျက်ဆီးမည်တကဲကဲအခြေအနေကို မြင်တွေ့နေရသည်။ သို့သော် ဘုရားသခင်သည် ဣသရေလလူမျိုးကိုအသုံြးုပပြီး ကမ္ဘာတစ်ဝန်းမှလူများ သူ၏ဥပဒေပညတ်တော်ကို သိရှိစေခဲ့သည်။ သူ့ကိုလည်းသိရှိစေခဲ့သည်။ စစ်မှန်သောကိုးကွယ်မှုကို စောင့်ရှောက်သူများဖြစ်လာသည်။ သန့်ရှင်းမွန်မြတ် သောအရာကို စောင့်ထိန်းသူများဖြစ်လာသည်။ ယေရုရှလင်ြုမိ့ရိုးနှင့် ဗိမာန် တော်ကိုပြန်လည်တည်ဆောက်သောအတွေ့အြုကံထူးကို ခံစားခဲ့ရသည်။ တွြေု့ကံရသမျှအတားအဆီးကို ရဲရင့် ခိုင်မာစွာရင်ဆိုင်တတ်လာသည်။ ခေါင်းဆောင်များအတွက် တာဝန်လေးလံခဲ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်တို့သည် မယိမ်းမယိုင်သောယုံကြည်စိတ်ချမှုဖြင့် နှိမ့်ချသောသဘောဆောင်လျက် ထာဝရဘုရားကိုမြဲမြံစွာမှီခိုကြသည်။ ကိုယ်တော်သည် အမှန်တရားအတွက် အောင်မြင်မှုပေးမည်ဟု တထစ်ချယုံကြည်ကြသည်။ ဟေဇကိမင်းကြီးကဲ့သို့ နေဟမိသည် ထာဝရဘုရား၌ဖက်ယမ်းလျက် ကိုယ်တော်နှင့်မခွဲမခွာတော့ပါ။ ပညတ်တို့ကိုလည်းစောင့်ထိန်း၏။ ကိုယ်တော်လည်း သူနှင့်အတူရှိတော်မူ သည်။ ‘ထာဝရဘုရား၌ဆည်းကပ်၍ နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် . . . ပညတ်တို့ကိုစောင့်ရှောက်လေ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်’ ၄ရာ ၁၈း၆၊၇။ Ellen G. White, Prophets and Kings, p. 677.
-ဝ-