Categories: Spiritual

ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း l10

သင်ခန်းစာ (၁၀)

ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း

နိုဝင်ဘာ ၃၀ – ဒီဇင်ဘာ ၆

ဥပုသ်နေ့မွန်းလွဲပိုင်း နိုဝင်ဘာ ၃၀
ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၁၂း၂၇-၄၇။ ၅ရာ ၂၅း၆-၈။ ၁ယော ၁း၇-၉။ ယော ၁း၂၉၊၃၆။ ၁ကော ၅း၇။ ဟေဗြဲ ၉း၁-၁၁။
အလွတ်ကျမ်းချက်
‘ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး ၌ပြတော်မူသောကရုဏာတော်အစဉ်အမြဲတည်ပါသည်ဟူ၍ ဂုဏ်တော် ကိုချီးမွမ်းလျက်၊ ကျေးဇူးတော်ကိုဝန်ခံလျက် အသြုံပိင်၍အလှည့်လှည့် သီချင်းဆိုကြ၏’ (ဧရ ၃း၁၁)။
ယခုအပတ်၌ ဟေဗြဲလူမျိုးများ ဘုရားသခင်ကိုချီးမွမ်းထောမနြာုပ ပုံ၊ ဝတ်ြုပခြင်းပုံစံကိုလေ့လာကြရမည်။ ဘီစီ ၅၁၅ တွင် ဗိမာန်တော်အသစ် ဆက်ကပ်ပွဲကို သူတို့ကျင်းပကြသည်။ (ဧဇရ ၆း၁၅-၁၈)။ နောက်တွင် နှစ်ပေါင်း (၆၀) အကြာ၌ လူများတို့သည် ယေရုရှလင်ြုမိ့ရိုးပြီးစီးပြီး၍ ဆက်ကပ်ခြင်းအမှုကို ထပ်မြုံပလုပ်ကြသည်။ (နေဟမိ ၆း၁၅-၇း၃။ ၁၂း၂၇)။
နေဟမိမှတ်စာအခန်းကြီး ၁၁ နှင့် ၁၂ မှ မျိုးရိုးစဉ်ဆက်စာရင်း အရ၊ ရေးသားသူသည် ယေရုရှလင်ြုမိ့ရိုးဆက်ကပ်ခြင်းအချိန်ကို မှတ်တမ်း တင်ထားသည်။ ငှင်းသည် တိုင်းပြည်၏ထုံးစံတစ်ခုဖြစ်သော ထာဝရဘုရား ကိုဦးထိပ်ထားဆက်ကပ်တတ်သည့်အကျင့်စရိုက်ပင်ဖြစ်သည်။ ဗိမာန်တော်၊ြုမိ့ရိုး၊ အိမ်များ၊ အဆောက်အဦများပါမကျန် ဆက်ကပ်ကြသည်။ ထိုဆက်ကပ် မှုတိုင်းတွင် ချီးမွမ်းသီချင်းဆိုခြင်း၊ တူရိယာတီးမှုတ်ခြင်း၊ ပြွဲုပလုပ်ခြင်း၊ ဆက်ကပ်ခြင်း၊ ပျော်ရွှင်မြူးတူးကခုန်ခြင်းများပါဝင်ပါသည်။ လူများမိမိကိုယ် ကိုသန့်ရှင်းအောင်ြုပလုပ်ကြသည်။ ဒါဝိဒ်မင်းသည် ဆက်ကပ်ခြင်းကိုစတင် ကျင်းပခြင်းဖြင့် နောက်ပိုင်းဣသရေလခေါင်းဆောင်များ လိုက်ပါလုပ်ဆောင် ကြသည်။ ရှောလမုန်မင်းကြီးမှစ၍ ပဋိညာဉ်သေတ္တာတော်ကို ဗိမာန်တော် အတွင်းသို့သယ်ဆောင်လာသောအခါ ဆက်ကပ်ခြင်းကိုအထူြးုပလုပ်ခဲ့သည်။ (၃ရာ ၈း၅)။
ယခုအပတ်မှာ သူတို့၏ကိုးကွယ်ဝတ်ြုပပုံနှင့် တစ်ပါးတည်းသာဖြစ် သောဘုရားကို ကျွန်ုပ်တို့ခေတ်အချိန်တွင် ဝတ်ြုပကိုးကွယ်ပုံကိုအတုယူနိုင်ရန် လေ့လာကြမည်ဖြစ်ပါသည်။
တနင်္ဂနွေ ဒီဇင်ဘာ ၁
သခင်ဘုရားကိုချီးမွမ်းသီချင်းများသီဆိုခြင်း
နေဟမိ ၁၂း၂၇-၂၉ ကိုဖတ်ပါ။ သူတို့၏ချီးမွမ်းသီဆိုသောစကားလုံး များကို သေချာစွာမှတ်သားပြီး၊ သင့်အနေဖြင့် မည်သို့ချီးမွမ်းသောစကားများ ကြိုပမည်နည်း။
ဣသရေလတိုင်းပြည်၌ ဝတ်ြုပခြင်းအစီအစဉ်နှင့် ဗိမာန်တော်တာဝန် ကိုဆောင်ရွက်ရန် လေဝိသားများအား တေးသံရှင်၊ သီချင်းဆိုသူ၊ တူရိယာ တီးမှုတ်သူများအဖြစ်ခန့်ထားသည်။ အစီအစဉ်များအားလုံးကို ဘုရားသခင် မှညွှန်ကြားထားခဲ့သည်။ ဗိမာန်တော်အတွင်းဝတ်ြုပခြင်း၌ သေသပ်လှပပြီး အစီအစဉ်တကျဖြစ်စေရန်ဖြစ်သည်။
ဒါဝိဒ်မင်းကြီးအချိန်ရောက်လာသောအခါ ဗိမာန်တော်ဝတ်ြုပခြင်း အစီအစဉ်ကို နဂိုမူလအစီအစဉ်များထက် ပို၍ကောင်းပြီး၊ သေသပ်အောင် ဖွဲ့စည်းလုပ်ဆောင်ခဲ့သည်။ ထိုကြောင့် ဒါဝိဒ်မင်းကြီးမှခန့်ထားခဲ့သော လေဝိ အမျိုးသား အာသပ်၏အမျိုးအနွယ်အပေါင်းတို့သည် ဗိမာန်တော်တွင်ဦးဆောင် ကာ ‘အာသပ်အမျိုးသားသီချင်းသည်တို့သည်လည်း ဘုရားသခင်၏အိမ် တော်အမှုကို ကြည့်ရှုစီရင်ရကြ၏’ (နေဟမိ ၁၁း၂၂)။
၅ရာ ၂၅း၆-၈ ကိုဖတ်ပါ။ ဝတ်ြုပချိန်၌ တေးသီချင်း၊ တူရိယာ သည် အလွန်အရေးပါကြောင်းကို မည်သို့သွန်သင်ထားသနည်း။ ‘ထာဝရ ဘုရား၏သီချင်း’ ကို မည်သို့သီဆိုမည်နည်း။
သီချင်းသီဆိုရသူများသည် လေဝိသားများဖြစ်ရကာ၊ ဗိမာန်တော်၌ အထူးတာဝန်ခန့်အပ်ခြင်းခံရသူများဖြစ်သည်။ သို့ဖြစ်၍ ဗိမာန်တော်၌သီဆို ရန် သီချင်းကိုစီစဉ်ရန်မှာ သူတို့၏တာဝန်ဖြစ်သည်။ ဒါဝိဒ်မင်း၏အချိန်အခါ ၌ တေးဂီတကျောင်းဖွဲ့စည်းထားခဲ့သည်။ ထိုကျောင်းကို သူကိုယ်တိုင်ကွပ်ကဲ ခဲ့သည်။ ဆရာနှင့်တပည့်များရှိသည်။ အသက်အရွယ်အစုံပါဝင်သည်။ ဗိမာန် တော်အတွက် အချိန်ပိုင်းကန့်သတ်၍ သီချင်းတူရိယာအတွက်တာဝန်ထမ်း ရသည်။ အချို့သူများမှာ တူရိယာတီးမှုတ်ရသလို၊ အချို့သူများမှာ သီချင်း ဆိုကြရသည်။ အချို့တို့မှာ တူရိယာများကိုထိန်းသိမ်ြးုပပြင်ရသောအလုပ်နှင့် ဗိမာန်တော်အတွင်း ဝတ်စားဆင်ယင်သောဝတ်လုံများကို ထိန်းသိမ်းစောင့်ရှောက် ရသည်။ ထိုသို့စီစဉ်ဖွဲ့စည်းရသောရည်ရွယ်ချက်ကား အဘယ်သို့နည်း။ နဂို မူလစွမ်းရည်များကိုမြှင့်တင်ရန်နှင့် ဝတ်ြုပကိုးကွယ်ခြင်းအစီအစဉ်အလွန့်အလွန် ကောင်းစေရန် အမြော်အမြင်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဝတ်ြုပခြင်း အစီအစဉ်အတွက် အလွန်ကောင်းသောအမြော်အမြင်ပန်းတိုင်ကို အမြဲထား ရမည်။ ချီးမွမ်းခြင်းသဘောသည် နှလုံးသားအတွင်းမှထွက်ပေါ်လာပြီး ပြင်ပ အမူအရာကိုလွှမ်းမိုးကာ လူတိုင်း၏ဝိညာဉ်ရေးကိုမြင့်မားစေပါ။ သေချာသည် မှာ ဗိမာန်တော်အတွင်းသီဆိုတီးမှုတ်မည့်သီချင်းများကို သတိကြီးစွာဖြင့် ရွေးချယ်အသုံြးုပခဲ့ကြသည်။
တေးဂီတဖြင့် သင်၏ဝတ်ြုပခြင်းအစီအစဉ်ကို စိုပြေပျော်ရွှင်ဖွယ်ဖြစ် သောအတွေ့အြုကံမျိုးရှိဖူးပါသလား။ သင့်အတွက် မည်မျှအရေးကြီးကြောင်း ပြောပြနိုင်မည်လား။
တနင်္လာ ဒီဇင်ဘာ ၂
သန့်ရှင်းဖြူစင်စေခြင်း
နေဟမိ ၁၂း၃၀ ၌ြုမိ့ရိုးကိုဆက်ကပ်ပြီးသည့်နောက်မှာ သီချင်း သည်များနှင့်တူရိယာပညာရှင်များကိုစုရုံးစေပြီး၊ သန့်ရှင်းဖြူစင်ခြင်းအမှုကြိုပ ကြသည်ဟု ပါရှိလာသည်။ ‘ယဇ်ပုရောဟိတ်နှင့်လေဝိသားတို့သည်လည်း ကိုယ်ကိုလည်းကောင်း၊ လူများ၊ြုမိ့တံခါး၊ြုမိ့ရိုးကိုလည်းကောင်း စင်ကြယ် စေကြ၏။’
ဟေဗြဲဝေါဟာရ၌ ‘စင်ကြယ်စေသည့်’ စကားကို ‘သရ်’ (ွှ့မ) ဟုအသုံြးုပသည်။ အဓိပ္ပါယ်သက်ရောက်မှုမှာ၊ ဆေးကြောသုတ်သင်ခြင်း၊ ‘ဖြူစင်အောင်ြုပခြင်း၊’ ထိုစကားကို ဓမ္မဟောင်း၌အကြိမ်ပေါင်းများစွာတွေ့ရ သည်။ သဘောသက်ရောက်မှုမှာ ဘုရားသခင်၏ရှေ့၌ စင်ကြယ်သန့်ရှင်း စွာနေခြင်းကို သဘောဆောင်၏။
‘ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း ၌ကျင်လည်လျှင်၊ အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင် ၏သားတော်၊ ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကိုဆေးကြော တော်မူ၏။ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ၊ ဘုရားသခင် သည် သစ္စာနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံ တော်မူ၏’ (၁ယော ၁း၇-၉)။
ဤကျမ်းချက်မှ မည်သည့်သင်ခန်းစာကိုပေးသနည်း။ (၁) လူ့သဘာဝ၊ (၂) ဘုရားရှင်၏ခွင့်လွှတ်ခြင်းနှင့် (၃) ကျွန်ုပ်တို့အသက်တာ၌ ဘုရားရှင် တန်ခိုးတော်ရှိခြင်းများကို ပြသနေပါသလား။
ရှေးခေတ်ဣသရေလလူမျိုးများအတွက် ဗိမာန်တော်၌သတ်မှတ်ထား သောကိစ္စမှန်သမျှသည် အလွန်အရေးပါလှသည်။ သို့သော် ဗိမာန်တော်နှင့် လည်းကောင်း၊ ဗိမာန်တော်၏လုပ်ဆောင်မှုမှန်သမျှသည် အဆုံးစွန်ဆုံးသော ရလဒ်ကိုဖော်ပြပေးခြင်းဖြစ်သည်။ ဣသရေလလူမျိုးအတွက်သာမဟုတ်ပါ။ ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့နိုင်ခြင်းကိုဖော်ပြသည်။ ခရစ်တော်နှင့်ဆက်သွယ် မြှုပခြင်းကိုဖော်ပြသည်။ လူတို့၏အသက်တာ၌ ခရစ်တော်ရှင်၌စင်ကြယ် သန့်ရှင်းစေသောတန်ခိုးတော်ရှိကြောင်းကိုပြသသည်။ ထိုအသိတရားသည် ဘုရားရှင်မည်သည့်အမှုကိုဆောင်ရွက်နေကြောင်း ဖော်ပြသိရှိသောအသိတရား ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုမည်သည့်အထဲမှကယ်တင်ခဲ့ကြောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိမြင်၍ ကိုယ်တော်ကိုချစ်နိုင်ရန်၊ ကိုးကွယ် နိုင်ရန်အကြောင်းပါရှိသည်။ ဣသရေလူတို့သည် နောက်ကြောင်းသမိုင်းကို ပြန်လည်တွေးတောဆင်ခြင်ပြီး ဘုရားသခင်၏ကောင်းမြတ်ခြင်းကို တမြည့်မြည့် သိရှိနားလည်လာကြသည်။ ဘုရားရှင်၏မေတ္တာတော်နှင့်ကောင်းမြတ်ခြင်း အကြောင်းကို နားလည်လာရသည်။ ထိုအကြောင်းကြောင့် ဝမ်းမြောက်ပျော်ရွှင် စွာ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ ဝတ်ြုပခြင်း၏အရသာကိုမြည်းစမ်းကြ ရသည်။
ယနေ့ကျွန်ုပ်တို့သည် ကိုယ်တော်၏ခွင့်လွှတ်ခြင်းအကြောင်းကိုဆင်ခြင် လျက်၊ ကျေးဇူးတော်ကိုအသိအမှတ်ြုပပြီး ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းဖြင့် အစဉ်လန်းဆန်းကြရမည်။ ဖန်ဆင်းခြင်းလက်ရာတော်များကိုကြည့်ရှုလျှင် ဖန်ဆင်းရှင်ကိုချီးမွမ်းသီဆိုရန် အလွန့်အလွန်လွယ်ကူလှပါသည်။ သာ၍ ချီးမွမ်းဖွယ်ရာအကြောင်းမှာ ကပ်တိုင်ထက်မှခရစ်တော်အသေခံတော်မူခြင်း သည် ဘုရားရှင်၏စာရိတ္တတော်ကိုဖော်ပြနေသည်။ ကျွန်ုပ်တို့ခံရမည့်အပြစ်ြွေကးကို ကိုယ်တော်သည် ဝင်ရောက်ခံတော်မူသည်ကိုသိရှိလျှင် ကျေးဇူးတင် ရခြင်းအကြောင်းကို သာ၍နက်နဲစွာနားလည်သွားလိမ့်မည်။ လွန်ခဲ့သောအတိတ် မှသင်ြုပခဲ့သမျှအပြစ်နှင့် ပစ္စုပ္ပန်အချိန်သင်၏စာရိတ္တအကျင့်အလုံးစုံကို ကိုယ်တော်သည် ကပ်တိုင်ထက်၌လုံးလုံးလျားလျားခွင့်လွှတ်တော်မူသည်။ ယခုလောလောလတ်လတ်ြုပခဲ့သမျှကိုလည်း ကိုယ်တော်ခွင့်လွှတ်တော်မူသည်။ ယေရှုရှင်ပေးနေသောခွင့်လွှတ်ခြင်းကို ယခုသင်လက်မခံဘဲ အဘယ်ကြောင့် နေမည်နည်း။
အင်္ဂါ ဒီဇင်ဘာ ၃
ကျေးဇူးတင်သံစုံဓမ္မတေးသီချင်းရှည်ကြီးနှစ်ပုဒ်
နေဟမိ ၁၂း၃၁-၄၂ ကိုဖတ်ပါ။ အောင်ပွဲကျင်းပရာ၌ တေးဂီတ သည် အလွန်အရေးကြီးသောကဏ္ဍ၌ အဘယ်ကြောင့်ပါဝင်သနည်း။
နေဟမိအချိန်၌ ဝတ်ြုပကိုးကွယ်ခြင်းအစီအစဉ်ကို ကွာယာသီချင်း ဖြင့် ကျေးဇူးတင်သီဆိုမှုနှစ်ပုဒ်ဖြင့် ဖန်တီးထားရှိသည်။ ယေရုရှလင်ြုမိ့ကို လှည့်ပတ်ရင်းသီဆိုရသည်။ တူရိယာပစ္စည်းများလည်းပါဝင်သည်။ တစ်နေရာ တည်းတွင်စတင်ထွက်ပြီး နှစ်ဖွဲ့ကွဲသွားသည်။ တစ်ဖွဲ့စီသည် တစ်ဖက်ဆီသို့ ခွဲထွက်ပြီး၊ ယေရုရှလင်ြုမိ့ရိုးကြီးကိုပတ်ကြ၏။ ဧဇရမှတစ်ဖွဲ့ကိုဦးဆောင်၏။ ကျန်တစ်ဖွဲ့ကိုမူ နေဟမိမှဦးဆောင်ပြီး၊ ရှေ့ဆုံးမှဧဇရက မိမိအဖွဲ့ကိုခေါ်ဆောင် ကာသွားပြီး နေဟမိမှလည်း မိမိ၏အဖွဲ့ကိုရှေ့၌သွားစေ၍ သူကနောက်မှ လိုက်၏။ သီချင်းဆိုရင်းသွားကြသော ကွာယာသီဆိုသူနှစ်ဖွဲ့သည် ချိုင့်ဂိတ် တံခါးနားတွင်ဆုံကြသည်။ ထိုမှတစ်ဆင့် ဗိမာန်တော်သို့ချီတက်သွားကြသည်။ တံပိုးကိုမှုတ်သောယဇ်ပုရောဟိတ်များက ဆက်လက်လုပ်ဆောင်ပြီးမြောက်စေ သည်။ ဗိမာန်တော်အတွင်းသို့ဝင်လာသော ကွာယာသီဆိုသူအားလုံးသည် မျက်နှာချင်းဆိုင်ထနေကြပြန်သည်။ ထိုအနေအထားသည် ဝတ်ြုပကိုးကွယ် ခြင်းအစီအစဉ်အတွက် အကောင်းဆုံးအနေအထားဖြစ်သွားသည်။
တေးဂီတသည် ဝတ်ြုပကိုးကွယ်မှု၌ အဘယ်ကြောင့်လွန်စွာအရေးကြီး ကြောင်းကိုဖြေဆိုရလျှင်၊ ဗိမာန်တော်အတွင်းသီဆိုသောသီချင်း၏အဓိပ္ပါယ်ကို သုံးသပ်ကြရမည်။ ဗိမာန်တော်အတွင်း သီဆိုတီးမှုတ်သောသီချင်းသည် ဖျော်ဖြေပွဲ၌ အပျော်သဘောသီဆိုသောသီချင်းနှင့်မတူပါ။ ဖျော်ဖြေပွဲ၌ ဆူညံ ပွက်လောအော်ဟစ်ကခုန်ပုံမျိုးမဟုတ်။ ဂီတပညာရှင်များတီးမှုတ်လိုက်သည် နှင့်အမျှ လူတိုင်းရိုသေစွာဦးညွတ်ချကြရသည်။ ဆုတောင်းနေကြရသည်။ ငှင်းမှာ သူတို့၏ဝတ်ြုပကိုးကွယ်သည့်ကဏ္ဍတွင်ပါဝင်သည်။
ဗိမာန်တော်အတွင်း ဝတ်ြုပကိုးကွယ်ခြင်းသည် ကိုယ်ကိုကိုယ်ဆက်ကပ် ပူဇော်ခြင်း၊ ရိုကျိုးသိမ်မွေ့သောအမူအရာဖြင့်ပေါ်လွင်ရမည်။ ဗိမာန်တော် အတွင်ြးုပလုပ်သမျှသောအရာအားလုံး၏အဆုံး၌ အပြစ်မဲ့သောတိရစ္ဆာန်ကလေး ၏လည်မျိုကို လှီးရခြင်းပင်ဖြစ်ပါသလား။ သာယာသောတေးဂီတသီချင်း များသည် လူတို့၏စိတ်အတွေးကို ကောင်းကင်သိြုွ့ကချီခြင်းခံရသည်။ ဝတ်ြုပ ခြင်းကိုပို၍စိုပြေသောအရသာကိုရစေသည်။
သမ္မာကျမ်းစာမှတေးဂီတသည် ဝတ်ြုပကိုးကွယ်မှုအစီအစဉ်၌အရေး ကြီးကြောင်းဖော်ပြထားသည့် အထူးသဖြင့် ထွက် ၁၅း၁။ ၆ရာ ၂၀း၂၁ နှင့် ဗျာဒိတ် ၁၅း၂-၄ တို့၌တွေ့ရသည်။
မြေကြီးမှာသော်လည်းကောင်း၊ ကောင်းကင်ထက်မှာသော်လည်း ကောင်း သီဆိုချီးမွမ်းခြင်းသည် ဝတ်ြုပခြင်းတွင်အမြဲပါဝင်ရသည်။ ဖော်ပြ ပြီးသောအထက်ပါကျမ်းချက်များမှ သီဆိုချီးမွမ်းခြင်းအပေါင်းတွင် ဘုရားရှင် မည်သို့လူများအတွက်ြုပပေးတော်မူသောအကြောင်း၊ ‘သားရဲကြီးကိုအောင်ရ သောအခွင့်’ အပါအဝင်၊ (ထိုအောင်မြင်မှုမျိုးမည်သို့မည်ပုံရရှိခဲ့ပုံ) သည် ဘုရားသခင်၏ကယ်တင်တော်မူခြင်းအမှုအရာကို ချီးမွမ်းသီဆိုခြင်းဖြစ်သည်။
သင့်အတွက်ဘုရားရှင်ြုပပေးတော်မူသောကိစ္စများကို တစ်ခုပြီးတစ်ခု ရေးချပါ။ ထိုအကြောင်းများသည် သင်သီဆိုချီးမွမ်းရန်အတွက် အကောင်း ဆုံးသောသီချင်းစာသားများပင်ဖြစ်သည်။
ဗုဒ္ဓဟူး ဒီဇင်ဘာ ၎
ဝတ်ြုပခြင်း၌ပူဇော်မှုကဏ္ဍ
နေဟမိ ၁၂း၄၃ ကိုဖတ်ပါ။ အထူးအလှူ ‘ပူဇော်ပွဲကြီးကို ဝတ်ြုပ ခြင်းအစီအစဉ်ကဏ္ဍတွင် ထည့်သွင်းကျင်းပပါသလား။
ပူဇော်ခြင်းသည် ဝတ်ြုပခြင်းအစီအစဉ်၌မရှိမဖြစ်ပါဝင်ပါသည်။ ဗိမာန် တော်အတွင်းဝတ်ြုပခြင်းယဇ်ကဏ္ဍကို အထူးတလည်ထည့်သွင်းထားသည်။ ပူဇော်ခြင်းမျိုးစုံပါဝင်သည်။ ခွင့်လွှတ်ခြင်း၏ကတိတော်အတွက်၊ သို့မဟုတ် ဘုရားရှင်ကိုဝမ်းမြောက်ရွှင်မြူးစွာကျေးဇူးတင်သောသက်သေပြချက်အဖြစ် ပါဝင် နေပါသည်။ ပူဇော်သောအရာများသည် ဝတ်ြုပကိုးကွယ်ခြင်း၌လိုအပ်သမျှကို ပြင်ဆင်ပေးသည်။ ဝတ်ြုပကိုးကွယ်သူများမှ မိမိတို့ကိုးကွယ်နေသည့် ဘုရားစစ် ဘုရားမှန်ကိုသတိရစေရန်နှင့် ကိုယ်တော်သည် မည်သူဖြစ်ကြောင်းကိုသတိရ စေပါသည်။ ကတိတော်ထားရာမေရှိယကိုလည်းညွှန်ပြသည်။ ထိုမေရှိယသည် ထိုဝတ်ြုပကိုးကွယ်နေသူများအတွက် အပူဇော်ခံမည့်သူဖြစ်သော ဘုရားသခင် ၏သိုးသငယ်တော်ဖြစ်သည်။
ယောဟန် ၁း၂၉၊၃၆။ ၁ကော ၅း၇ နှင့် ဗျာဒိတ် ၅း၆၊၁၂၊၁၃ ကို ဖတ်ပါ။ ပူဇော်ခြင်း၏အဓိပ္ပါယ်အမှန်ကို မည်သို့သွန်သင်ထားသနည်း။ မည်သည့်အရာကိုညွှန်ပြသနည်း။ ရှေးခေတ်ဣသရေလလူမျိုးများသည် ပူဇော် တင်လှူသောတိရစ္ဆာန်ကိုအသေသတ်ခြင်းအတွက် အပြစ်လွှတ်ခြင်းခံရသည်ဟု ကျေနပ်နေကြ၍၊ ထိုတိရစ္ဆာန်သေဆုံးခြင်းသည် အမှန်တရားများစွာဖော်ပြနေ သည်။ ကျွန်ုပ်တို့အတွက်အသေခံခဲ့သော ခရစ်တော်ရှိနေပြီဖြစ်၍၊ ရှေးခေတ် ဣသရေလများထက် ဝမ်းမြောက်နေကြရမည်ဖြစ်သည်ဟု နားလည်မည်လား။
မှတ်သားစရာအကြောင်းမှာ နေဟမိ ၁၂း၄၃ တစ်ပိုဒ်တည်း၌ပင် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းအကြိမ်မည်မျှပါရှိပါသနည်း။ ထာဝရဘုရားအား ရိုသေလေးမြတ်ကြောက်ရွံ့ခြင်းသဘောကို လူတို့သည် မြည်းစမ်းကြရသည် မှာ၊ သူတို့၏အပြစ်များကြောင့် တိရစ္ဆာန်ကလေးများကိုသတ်ရသည်အဖြစ်၊ အပြစ်လွှတ်ခြင်းအခွင့်ရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ကြရသည်။ ထာဝရ ဘုရားကိုချဉ်းကပ်သောအခါ ရိုသေသမှုရှိရသည်။ ဝမ်းမြောက်မှုရှိရမည်။ ဆာလံ (၉၅) ၏ဖော်ပြချက်တွင် စစ်မှန်သောဝတ်ြုပခြင်းအစီအစဉ်၌ သီချင်း ဆိုခြင်း၊ ဝမ်းမြောက်စွာဟစ်ြွေကးခြင်း၊ ရှေ့တော်၌ကျူးအေးသောအသံကြိုပ ကြခြင်းများပါဝင်သည်။ (ဆာ ၉၅း၁)။ ထာဝရဘုရား၏ရှေ့တော်၌ ဒူးထောက် ပျပ်ဝပ်ကိုးကွယ်ကြကုန်အံ့။ (ဆာလ ၉၅း၆)။ ဝမ်းမြောက်ခြင်းနှင့်အတူ ရိုသေ လေးမြတ်ခြင်းကိုပေါင်းစပ်ထားရသည်။ သို့ဖြင့် ကြည်ညိုခြင်းသဘော၊ ချီးမွမ်း ခြင်းသဘောနှင့် ဖန်ဆင်းရှင်ကိုဝတ်ြုပကိုးကွယ်ရ၏
ကပ်တိုင်တော်အကြောင်းကိုဆင်ခြင်မိသော်၊ ဖန်ဆင်းရှင်သည် (ယော ၁း၁-၃) သစ်တိုင်မှချိတ်ဆွဲထားခြင်းခံရသည်။ သူကိုယ်တိုင်ဖန်ဆင်း ခဲ့သောအရာများအတွက် အသေခံခဲ့ရသည်။ ပထမဦးစွာ ကျွန်ုပ်တို့၏ခံစား ချက်မည်သို့ပေါ်လာသနည်း။ ကပ်တိုင်တော်သည် ကျွန်ုပ်တို့အတွက်မည်သည့် ကဏ္ဍ၌ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာဖြစ်နိုင်ပြီး၊ မည်သို့ဖြစ်သင့်သနည်း။
ကြာသပတေး ဒီဇင်ဘာ ၅
ဝတ်ြုပခြင်းကဏ္ဍ၌ယဇ်ပုရောဟိတ်နှင့်လေဝိများ
နေဟမိ ၁၂း၄၄-၄၇ ကိုဖတ်ပါ။ ဘုရားရှင်၏အမှုတော်ကိုဆောင် သော ယဇ်ပုရောဟိတ်နှင့်လေဝိသားများကြောင့် ယေရှုသည် အဘယ်ကြောင့် ဝမ်းမြောက်ရသနည်း။ ထိုသူတို့သည် အဘယ်အတွက်ကြောင့်အရေးပါရ သနည်း။
ယဇ်ပုရောဟိတ် (လေဝိသားများ) တို့၏အလုပ်သည် မည်သည့် အရာကိုပုံဆောင်သနည်း။ ဟေဗြဲ ၉း၁-၁၁ ကိုကြည့်ပါ။
လူတစ်ဦး၏ကိုယ်စား ခရစ်တော်ကြားဝင်လုပ်ဆောင်မှုပုံဆောင်သော တဲတော်အတွင်း စည်းမျဉ်းစည်းကမ်းများသည် ကယ်တင်ခြင်းစီမံကိန်း၌ မရှိမဖြစ်လိုအပ်သော ကိုယ်တော်ကပ်တိုင်ပေါ်အသေခံခြင်းအကြောင်းကို ရည်ညွှန်းသည်။ ကိုယ်တော်သည် အသေခံခြင်းဖြင့် ကြားဝင်ဖြေရှင်းခြင်းအလုပ် ကိုအစြုပသည်။ ကိုယ်တော်ထမြောက်ရှင်ပြန်တော်မူပြီးသည့်နောက် ထိုအလုပ် ကိုအဆုံးသတ်နိုင်ရန် ကောင်းကင်သို့ပြန်ြွကသွားခဲ့သည်။ ကျွန်ုပ်တို့သည် လည်း ယုံကြည်ခြင်းတစ်ခုတည်းဖြင့်သာ မမြင်ရသောအရာကိုစွဲလမ်းကြရမည်။ ‘ငါတို့အတွက် ထိုအတွင်းအရပ်ထဲသို့ရှေ့ဆောင်၍ဝင်သောသူ’ (ဟေဗြဲ ၆း၂၀)။ အယ်လင်ဂျီဝှိုက်၏ “The Great Controversy,” P. 489.
ရှေးခေတ်ဣသရေလအချိန်အခါမှလူတို့သည် ကျွန်ုပ်တို့ခေတ်အချိန် အခါကဲ့သို့ အလင်းတရားမရရှိခဲ့သေးချေ။ သူတို့၏အချိန်အခါ၌ရှိသော လေဝိတို့၏လုပ်ဆောင်မှုအဆင့်ကိုသာ နားလည်နိုင်စွမ်းရှိသည်။ သူတို့အတွက် မှာ လေဝိသားတစ်ဦးသည် ဗိမာန်တော်အတွင်းအမှုဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးသည်ဟုသာ ခံယူထားသည်။ ဘုရားသခင်၏အမှုတော်သည် လေဝိများအားဖြင့်သာပြီးမြောက်မည်ဟု စိတ်ဇောကြီးစွာခံယူကြသည်။
လူမျိုးတို့သည် ဘုရားရှင်နှင့်အချိန်ယူကာ နှုတ်တော်ထွက်စကား တော်ကိုဖတ်ရွတ်ခြင်း၊ ဆုတောင်းခြင်း၊ ဝတ်ြုပကိုးကွယ်ခြင်းနှင့် ကိုယ်တော် ထံသို့မိမိတို့ကိုယ်ကိုပြန်လည်ဆက်ကပ်ခြင်းမျာြးုပကြသည်။ ထိုအမှုအရာ အားလုံးကြိုခံ၍ကြည့်ကြသောအခါ၊ ဗိမာန်တော်၌လုပ်ဆောင်စရာများစွာသည် လျစ်လျူရှုခြင်းခံနေရ၍ ပြန်လည်ြုပပြင်ရန်လိုအပ်ကြောင်း မြင်တွေ့ကြသည်။ ယခုတွင်မူ တစ်ဖန်ပြန်လည်တည်ဆောက်ပြီးဖြစ်သည်။ ပြည်သားတို့သည် လေဝိသားများမှ မိမိတို့အတွက်ကိုယ်စားလုပ်ဆောင်ပေးနေမှုမှန်သမျှကို အားရ ကျေနပ်နေကြသည်။ ထာဝရဘုရားရှင်သည်လည်း ပြည်သားတို့အား ဗိမာန် တော်နှင့်ဆိုင်သောအမှုအရာအလုံးစုံတို့သည် ဝတ်ြုပကိုးကွယ်ခြင်း၏ကဏ္ဍ၌ ပါရှိကြောင်း နှလုံးသွင်းစေသည်။
အကြောင်းမကောင်း၍ အမှုတော်ဆောင်များ၊ နှုတ်ကပတ်တော် သင်ကြားသူများ၊ တေးသီချင်းဂီတပညာရှင်များတို့သည် အမှုတော်ဆောင်ရာ ၌ ဆက်ကပ်ကြရသည်။ နေဟမိအချိန်အခါမှာပင် လေဝိသားများလည်း တစ်ခါတစ်ရံထောက်ပံ့ခြင်းများစွာရရှိပြီး၊ တစ်ခါတစ်ရံမှာ ထောက်ပံ့ခြင်း နည်းပါးသောကြောင့် လေဝိသားများ မိမိတို့မိသားစုအတွက် အခြားအလုပ် ရှာဖွေပြီး စားဝတ်နေရေးပြဿနာကို ဖြေရှင်းကြရသည်။ အကြောင်းမှာ လူများ တို့သည် ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေကိုမပေးကြတော့သောကြောင့်ဖြစ်သည်။
ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေသာမရှိလျှင် ကမ္ဘာလုံးဆိုင်ရာအသင်းတော် ကို ဆက်လက်ဖွဲ့စည်းနိုင်အားမရှိတော့ပါ။ ကျွန်ုပ်တို့၏အမှုတော်ဆောင်များ အား အမှုတော်ကိုဆက်လက်ဆောင်ရွက်စေလိုလျှင် ငွေကြေးဖြင့်လည်းကောင်း၊ ချီးမွမ်းသောနှုတ်စကားအားဖြင့်လည်းကောင်း အားပေးထောက်ပံ့ရမည်။ အသင်းတော်သည် အမြဲမပြည့်စုံ၊ အားနည်းချက်ရှိသောအခါလည်းရှိမည်။ သို့သော် ဘုရားသခင်ကိုပြန်လည်ပေးခြင်းအမှုအပေါ်၌ စိတ်ဓာတ်ကျဆင်းရန် မလိုပါ။ ကမ္ဘာတစ်ဝန်းကိုယ်တော်၏အမှုတော်ပျံ့နှံ့သွားစေရန်သာ စိတ်ထဲ စွဲလမ်းမှုရှိပါ။
သောကြာ ဒီဇင်ဘာ ၆
ထပ်ဆင့်လေ့လာရန်
အယ်လင်ဂျီဝှိုက်ရေးသော “Steps to Christ” စာအုပ်မှ၊ စာမျက်နှာ ၆၇-၇၅ မှ “Growing up into Christ” ကိုရှာဖွေဖတ်ပါ။
‘ခရစ်တော်ရှင်၏ကပ်တိုင်တော်သည် သိပ္ပံပညာနှင့်ထာဝရကာလ ရွေးနုတ်ခြင်း၏သီချင်းတစ်ပုဒ်လိုဖြစ်လိမ့်မည်။ ခရစ်တော်ရှင်၏ဘုန်းတော် အတွက် သူတို့သည် ခရစ်တော်အသေခံတော်မူခြင်းကို မြင်ကြရလိမ့်မည်။ ဖန်ဆင်းခြင်းတန်ခိုးတော်ကိုပိုင်သတော်မူ၍ မရေတွက်နိုင်သောဂြိုဟ်နက္ခတ် တာရာများကို အာကာသအတွင်းထားရှိသောသူကို မည်သောအခါမျှမေ့နိုင် လိမ့်မည်မဟုတ်။ သူသည် ထာဝရဘုရား၏ချစ်တော်မူသောသားတော်၊ ကောင်းကင်သားတို့၏အရှင်သခင်၊ ကောင်းကင်တမန်သရပ်နှင့်ခေရုဗိမ်တို့ လေးစားရိုသေခြင်းခံရသောသူသည် မိမိကိုယ်ကိုနှိမ့်ချလျက် ကျရှုံးနေသော လူသားများကို ပြန်လည်မြှင့်တင်ရန် အပြစ်၏ရွံရှာဖွယ်ရာနှင့် ရှက်ဖွယ်အလွန် ကောင်းသောအကျိုးအပြစ်ကို ယူတင်တော်မူသည်။ ခမည်းတော်၏မျက်နှာ တော်ကိုလည်း မမြင်ရမတွေ့ရပါ။ ကျရှုံးသွားသောကမ္ဘာကြီး၏အပြစ်ြွေကး သည် ကိုယ်တော်၏နှလုံးသားကိုယ်ခန္ဓာနှင့်အသက်ကို ကရာနိကုန်းထက် ကပ်တိုင်ပေါ်တွင် ကြေမွပျက်စီးခဲ့ရသည်။ အရာအားလုံးကိုဖန်ဆင်းသောအရှင်၊ အဆုံးကိုစီရင်ပိုင်သသူသည် မိမိ၏ဘုန်းစည်းစိမ်အားလုံးကိုချန်ထားကာ နှိမ့်ချ လျက်၊ လူသားကိုချစ်သောမေတ္တာတော်တစ်ခုတည်းကိုသာထားပြီး လုပ်ဆောင်ြုပမူတော်မူခြင်းကို စကြဝဠာတစ်ခွင်သတ္တဝါအပေါင်း အံ့ဩမိန်းမောခဲ့ရကြ သည်။ ကယ်တင်ခံရသောလူသားများသည် ရွေးနုတ်ရှင်ကိုမော်ကြည့်လျက် ထာဝရဘုန်းတော်နှင့်ပြည့်စုံတော်မူလျက်၊ ခမည်းတော်နှင့်အတူ ရောင်ဝါ ထွန်းလင်းတောက်ပနေသည်ကို မြင်ကြရသည်။ ကိုယ်တော်၏ပလ္လင်တော်ကို ကြည့်ရှုကြသောအခါ၌လည်း ထာဝရမှအစဉ်ထာဝရတည်မြဲတော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည် အဆုံးမရှိပါ။ နှုတ်မှလည်း ချီးမွမ်းခြင်းသီချင်း ကိုသီဆိုကြသည်မှာ ‘ထိုက်တန်၊ ထိုက်တန်၊ သိုးသငယ် သတ်ခြင်းခံခဲ့ရပြီ။ အကျွန်ုပ်တို့ကို ထာဝရဘုရားသခင်အထံတော်သို့ရောက်ရှိစေရန် ကယ်တင် ရွေးနုတ်မူပြီ။ သူ၏အဖိုးထိုက်လှသောအသွေးတော်ဖြင့် ကျွန်ုပ်တို့ကိုရွေးနုတ် တော်မူပြီ။’ အယ်လင်ဂျီဝှိုက်၊ The Great Controversy, pp. 651, 652. -ဝ-
dammang

Recent Posts

Living on a Prayer: Celeste Ryan Blyden, First Female Executive Secretary of Columbia Union, On Her New Role

Celeste Ryan Blyden is the first woman ever elected as executive secretary of the Columbia…

4 years ago

News Briefs for November 18, 2021

News reports from Adventist Health, Kazakhstan, Rwanda, Southwestern Adventist University, more. Coat of Honor The…

4 years ago

How are Creation and Worship Tied Together?

President of the Seventh-day Adventist World Church, Ted N.C. Wilson, talks about why we recognize…

5 years ago

Celebrating God’s Creation Through Nature

President of the Seventh-day Adventist World Church, Ted N.C. Wilson, invites everyone to celebrate Creation…

5 years ago

Fasting and Prayer for Witnessing

President of the Seventh-day Adventist World Church, Ted N.C. Wilson, and his wife Nancy, share…

5 years ago

Adventist Church in the Euro-Asia Division Welcomes Distinguished Guests

RUSSIA | PUBLIC RELATIONS DEPARTMENT EAD SEPTEMBER 30, 2021 The 90th meeting of the Advisory…

5 years ago