Categories: Spiritual

ဘုရားရှင်၏ဖိတ်ခေါ်တော်မူခြင်း l3

သင်ခန်းစာ (၃)

ဘုရားရှင်၏ဖိတ်ခေါ်တော်မူခြင်း

အောက်တိုဘာ ၁၂ – ၁၈

ဥပုသ်နေ့မွန်းလွဲပိုင်း အောက်တိုဘာ ၁၂
ဖတ်ရန်ကျမ်းချက်များ။ ဧဇရ ၇း၁၀။ နေဟမိ ၁း၁-၁၁။ ဒံ ၉း၂၄- ၂၇။ ဒံ ၈။ ရောမ ၈း၂၈၊၂၉။ ရောမ ၉။ ထွ ၃၊၄။
အလွတ်ကျမ်းချက်
‘ယေရုရှလင်ြုမိ့၏ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့သွင်းပေးတော်မူထသော ရှင်ဘုရင်ရှေ့၊ အတွင်း ဝန်များ၊ ဗိုလ်မင်းများရှေ့မှာ ငါ့အားအခွင့်ပေးတော်မူသော ဘိုးဘေး တို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း’ (ဧဇရ ၇း၂၇)။
လူတိုင်းကိုအထူးတာဝန်ပေးရန် ဘုရားသခင်ခေါ်ဖိတ်ပါသလား။ ထိုတာဝန်အတွက်ရှိရမည့်အရည်အချင်းသည် အခြားသူများထက်သာလွန်ရန် လိုအပ်ပါသလား။ လူရှေ့နှင့်ဘုရားသခင်၏ရှေ့တော်၌ လူ၏အရည်အချင်း သည် အမြင်မတူမှုများရှိပါသလား။ အများသူငှါ၌ရှိသည်ဟု ဖြေကောင်း ဖြေဆိုကြလိမ့်မည်။ အထူးသဖြင့် နောက်ဆုံးမေးခွန်းနှစ်ခုသည် ထိုသို့ဖြေဆို ကြလိမ့်မည်။ ဘုရားရှင်သည် ကျွန်ုပ်တို့ကိုပြင်ဆင်ပေးချိန်တွင် အချိန်ကာလ အကန့်အသတ်ရှိသည်။ ပညာအသိဥာဏ်နှင့်အတွေ့အြုကံလိုအပ်ပါသည်။ အထူးတာဝန်အတွက်လုပ်ဆောင်ရန် ပညာလိုသည်။ အတွေ့အြုကံများရန်လို ပါသည်။ အခြားအချိန်များတွင်မူ ကျွန်ုပ်တို့ကိုသာမန်သဘောဖြင့်သာ ရွေးကောက်တော်မူ၏။ အကြောင်းမှာ ကျွန်ုပ်တို့ဆန္ဒနှင့်နှိမ့်ချစိတ်ပြင်းပြခြင်း ကြောင့်ဖြစ်သည်။ ဘုရားရှင်ခေါ်ဖိတ်ခံရခြင်း၊ မခံရခြင်းကို အချိန်တိုင်းသိရှိ ရန်မလွယ်ကူလှပါ။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာမှလူများကို ဘုရားရှင် ရွေးချယ်ခေါ်ဖိတ်တော်မူခြင်းအကြောင်းများ၊ တာဝန်ပေးခြင်းအကြောင်းများ များစွာတွေ့ရှိနိုင်ပါသည်။
စိတ်ဝင်စားစရာမှာ ဧဇရနှင့်နေဟမိတို့နှစ်ဦးသည် ဘုရားသခင်မှအထူး တာဝန်အပ်နှင်းခြင်းခံရသောပုဂ္ဂိုလ်များဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးအပေါင်းကို ယေရုရှလင်ြုမိ့သို့ပြန်လည်ခေါ်ဆောင်လာရန်ြုပိပျက်ပျက်စီး လျက်ရှိသြောုမိ့ကို ပြန်လည်ြုပပြင်တည်ဆောက်ရန် တည်ဆောက်မှု၌ တာဝန် တစ်မျိုးစီယူကြရန်နှင့် ဗိမာန်တော်ကိုပါပြန်လည်ြုပပြင်တည်ဆောက်ရန်တာဝန် တို့ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူများကိုဘုရားရှင်အကြောင်းသွန်သင် ပေးရန်၊ အရာအားလုံးဘုရားရှင်နှင့်ဆက်သွယ်၊ ဆက်ကပ်လုပ်ဆောင်ရန်နှင့် ဘုရားရှင်ခေါ်ဖိတ်တော်မူခြင်းအကြောင်းကိုပြောကြားရန်လည်း အရေးကြီးသော အရာတစ်ခုပင်ဖြစ်သည်။

တနင်္ဂနွေ အောက်တိုဘာ ၁၃

ဧဇရနှင့်နေဟမိကိုခေါ်တော်မူခြင်

ဧဇရသည် ခြားနားသောအကြောင်းများဖြင့် ရွေးချယ်ခြင်းခံရသည်ဟု ဆိုနိုင်ပါသည်။ (၁) သူကိုယ်တိုင်မှသွားရန်ဆန္ဒပြင်းပြသည်။ (၂) သူသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ (၃) သူသည် ကျမ်းစာကိုနားလည်တတ်ကျွမ်း သောဆရာတစ်ဆူဖြစ်သည်။ အခြားအကြောင်းများလည်း ထည့်သွင်းစဉ်းစားနိုင် ပါသေးသည်။ သို့သော် အကောင်းဆုံးကျမ်းချက်တစ်ချက်မှ ဧဇရသည် အဘယ်ကြောင့်တာဝန်ပေးခြင်းခံရသည့်အကြောင်းမှာ ပေါ်လွင်ထင်ရှားနေသည်။
ဧဇရမှတ်စာ ၇း၁၀ သည် ဧဇရအကြောင်းမည်သို့ဖော်ပြထားသနည်း။ ဧဇရသည် ဘုရားသခင်၏ပညတ်တော်ကို နှလုံးသွင်းနိုင်ရန် မည်သို့ပြင်ဆင် သနည်း။
‘ပြင်ဆင်သည်’ (သို့မဟုတ် ‘တပ်ဆင်သည်’ ဟူသောစကားလုံး ၏မူရင်းဟေဗြဲဝေါဟာရ၌ ‘ခွန်း’ (Kun) ဝေါဟာရကို ပြင်ဆင်သည်၊ တပ်ဆင် သည်၊ ခိုင်ခံ့အောင်ြုပသည်၊ ခိုင်ခံ့အောင်စိုက်ထူသည်၊ နေသားကျစေသည်၊ လြုံခံသည်ဟု အနက်ပြန်ဆိုနိုင်သေးသည်။ ထို့အတွက်ကြောင့် စကားစု၏ သဘောတရားကိုပြန်ဆိုရလျှင် ဧဇရသည် ခိုင်ခံ့စွာမိမိစိတ်နှလုံးကိုစိုက်ထူကာ ဘုရားရှင်ကိုရှာဖွေ၏ဟု အဓိပ္ပါယ်ဖော်ရပါမည်။
ယေရုရှလင်ြုမိ့သို့ပြန်ရောက်သည်နှင့် ဧဇရသည် ဘုရားရှင်ထံမည်သို့ ဆက်ကပ်အပ်နှံရမည့်ပုံစံကိုချတော့သည်။ ယေရုရှလင်ြုမိ့၌ ဘုရား၏နှုတ်ကပတ် တော်ကို (၁၃) နှစ်ကြာသင်ကြားပို့ချခဲ့သည်။ ယင်း (၁၃) နှစ်အတွင်း ဧဇရ၌ထင်ရှားသောလုပ်ဆောင်ချက်များမရှိဟု အမြင်ရှိနိုင်သည်။ သို့သော်ြုမိ့ရိုးတည်ဆောက်ပြီးစီးသည့်နောက် လူများစုရုံးကြရန်ခေါ်ဖိတ်သည်။ အတင်း အဓမ္မစုရုံးခိုင်းခြင်းမျိုးမဟုတ်ပါ။ ငှင်းတို့၏ဆန္ဒအလျောက်သာဖြစ်သည်။ ဧဇရထံမှ ဘုရားရှင်၏နှုတ်ထွက်စကားတော်သည် နှလုံးတွင်း၌အသီးသီးအမြစ် တွယ်နေပြီဖြစ်ခြင်းကြောင့်ဖြစ်သည်။
အဘယ်ကြောင့်နေဟမိကိုရွေးချယ်ခဲ့သနည်း။ နေဟမိ ၁း၁-၁၁ ကိုဖတ်ပါ။
နေဟမိသည် ဘုရားသခင်နှင့်လူတို့ကိုချစ်တတ်သောစိတ်နှလုံးသား ရှိ၏။ ယေရုရှလင်၌ လုပ်ငန်းများရပ်တန့်သွားသည့်သတင်းကိုသိရှိရသော အခါ၊ လွန်စွာစိတ်ခံစားရ၏။ နေဟမိသည် ဧဇရကဲ့သို့ပင် အလွန်စိတ်ထား ပြင်းပြသူဖြစ်ပြီး လုပ်ဆောင်နေသောအရာများအတွက် စေတနာထားကာပါဝင် ကူညီသူဖြစ်သည်။ သူတို့၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော် မူပါသည်။ သူတို့၏အလိုဆန္ဒကိုလည်း ဘုရားသခင်ဖြည့်ဆည်းပေးတော်မူ ပါသည်။ တစ်ခါတစ်ရံကျွန်ုပ်တို့မြတ်နိုးသောအရာတစ်ခုခုသည် ဘုရားရှင် ထံမှမဖြစ်ရဟု အတွေးအခေါ်ခံယူချက်ရှိတတ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့မလုပ်လိုသော ခက်ခဲသည့်တာဝန်ကိုသာပေးမည် ဟု အထင်ရှိတတ်ကြ၏။ ဘုရားရှင်နှင့်သာလျှောက်လှမ်းခဲ့ပါမူ ကျွန်ုပ်တို့ ဆန္ဒအလျောက်ဖြစ်လိုသောအရာကို ဘုရားသခင်ပေးတော်မူလိမ့်မည်အမှန်ဖြစ် သည်။ ကိုယ်တော်ရှင်သည် မိမိအတွက်အမှုဆောင်ရန် ကျွန်ုပ်တို့၏ပြင်းပြ သောစိတ်ကိုအလိုရှိတော်မူ၏။
သင်ဆန္ဒရှိသောအလုပ်ကို ဘုရားသခင်ဖိတ်ခေါ်ရွေးချယ်လုပ်ဆောင် စေသည်ဟု တွြေု့ကံခံစားရဖူးပါသလား။

တနင်္လာ အောက်တိုဘာ ၁၄

ပုရောဖက်ြုပချက်အချိန်အတိုင်းအတာ

ယခုသုံးလပတ်အတွင်း ပထမဦးဆုံးသင်ခန်းစာတွင် ဇေရုဗဗေလကို ဘုရားရှင်မည်သို့ခေါ်ဖိတ်တော်မူခြင်းအကြောင်း လေ့လာခဲ့ရပြီးဖြစ်ပါသည်။ (ဘီစိ ၅၃၈) နှင့် ဧဇရ (ဘီစီ ၄၅၇)၊ အထူးအမှုတော်ဆောင်ရွက်ရန်အတွက် ဖြစ်သည်။ ဒုတိယသင်ခန်းစာမှာ နေဟမိကိုဘုရားရှင်ခေါ်ဖိတ်စေခိုင်းခြင်း အကြောင်း လေ့လာရပြန်သည်။ (ဘီစီ ၄၄၄) ခေါ်ဖိတ်တော်မူခြင်းအားလုံး သည် ဘုရားရှင်၏ြုကိတင်သိမြင်တော်မူသောဥာဏ်တော်ဖြင့် ခေါ်ဖိတ်စေခိုင်း ခြင်းများပင်ဖြစ်သည်။ ဥပမာပြရမည်ဆိုလျှင် ဇေရုဗဗေလကို နှစ်ပေါင်း (၇၀) အဆုံး ပုရောဖက်ြုပအချိန်အတိုင်း ယေရမြိုကိတင်ဟောထားသော ပုရောဖက်စကားပြည့်စုံရမည့်အချိန်ဖြစ်သည်။
ဧဇရသည် အမှုတော်ဆောင်ရွက်ရန် မည်သည့်နှစ်၌ခေါ်ဖိတ်ခံရပါ သနည်း။ ရှင်ဘုရင်အာတေဇေရဇ်မင်းကြီးအမိန့်တော်ထုတ်သောနှစ်နှင့် တစ်နှစ် တည်းကျရောက်သည်။ ပုရောဖက်ြုပချက်၌ မည်သည့်ထူးခြားချက်မျိုး ထိုနှစ်တွင် ဖြစ်ပေါ်ခဲ့သနည်း။ ဒံယေလ ၉း၂၄-၂၇ ကိုဖတ်ပါ။
ဒံ ၉း၂၅ ၏ဖော်ပြချက်မှာ ‘ထိုသို့ယေရုရှလင်ြုမိ့ကိုတစ်ဖန်တည်ထောင်ြုပစုစေခြင်းငှာ အမိန့်တော်ရှိသည်နှစ်မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင် အောင် ခုနစ်သီတင်းနှင့် (၆၂) သီတင်းကြာလိမ့်မည်။’ နောက်တစ်ခါပုရောဖက်ြုပသောသီတင်းပတ်၏နောက်ဆုံးသီတင်းပတ်ကို အခန်းငယ် (၂၇) ၌ထပ်မံ ဖော်ပြသည်။ တစ်သီတင်းမှာ ရက် (၇) ခုနစ်ရက်ဖြင့်သတ်မှတ်ထားသည်။ သို့ပါသောကြောင့် ပုရောဖက်၏သီတင်းတစ်ပတ် (တစ်သီတင်း) သည် ခုနစ်နှစ်နှင့်ညီမျှပြန်သည်။ (တော ၁၄း၃၄။ ယေဇကျေ ၄း၅၊၆။) သို့ပါသော ကြောင့် ဖော်ပြပါအဆိုပါပုရောဖက်ြုပထားသောသီတင်းခုနစ်ဆယ် (၇၀) သည် နှစ်ပေါင်း (၄၉၀) နှင့်ညီမျှပေသည်။ ဖြေဆိုရန်ရှိနေသောပုစ္ဆာအမေးမှာ သီတင်း ခုနစ်ဆယ်သည် မည်သည့်နှစ်၊ မည်သည့်အချိန်၌ အစြုပပါသနည်း။ ကျမ်းချက်အရ၊ ယင်းအချိန်မှာ ယေရုရှလင်ြုမိ့ကိုပြန်လည်တည်ဆောက်စေ ဟု အမိန့်ထုတ်ပြန်သောနှစ်အချိန်ပင်ဖြစ်ရလိမ့်မည်။
ယုဒလူမျိုးများနိုင်ငံပြန်လည်ထူထောင်ရန် အမိန့်စာ (၃) ကြိမ်ချမှတ် ခဲ့သည်။ ကုရုမင်းကြီး၊ ဒါရိမင်းကြီးနှင့်အာတေဇေရဇ်မင်းကြီးတို့ ယုဒပြည် ကိုပြန်လည်ထူထောင်စေဟု အမိန့်တော်ချခဲ့ကြသည်။ မည်သို့ပင်ဆိုစေ အာတေဇေရဇ်မင်းကြီးအမိန့်တွင် ယေရုရှလင်ြုမိ့ကြီးအတွက်နှင့် ထိုအမိန့်စာ ၌သာ ဘုရားရှင်ဝင်ရောက်လုပ်ဆောင်တော်မူခြင်းကို ချီးမွမ်းထောမနြာုပကြောင်း သိရသည်။ (ဧဇရ ၇း၂၇၊၂၈)။
သီတင်းခုနစ်ဆယ် (၇၀) ၏ကောင်းချီးမင်္ဂလာကို ပုရောဖက်ြုပထား သည့်အတိုင်း ဘီစီ ၄၅၇ မှစတင်ရေတွက်ရသည်။ အာတေဇေရဇ်မင်း (၁) နန်းစံသတ္တမနှစ်တွင်ဖြစ်သည်ဟု ဧဇရ ၇း၇-၂၆ အရ သိရှိရသည်။ ထပ်မံ ဖြည့်စွက်သောအချက်များကိုလေ့လာရာ၌ ဘီစီ ၄၅၇ သည် နှစ်ပေါင်း (ရက်ပေါင်း) ၂၃၀ဝ ပုရောဖက်ြုပထားချက်၏စတင်ချိန်ဖြစ်ပြန်သည်။ ဒံ၊ ၈း၁၄ (နက်ဖြန်နေ့သင်ခန်းစာမှအကြောင်းကို ဆက်လက်ဖတ်ရှုပါ။) ငှင်းအမိန့် စာသည် ပုရောဖက်ြုပချက်နှစ်ရပ်လုံး၏စတင်အစြုပချိန်ကို သတ်မှတ်လိုက် ခြင်းပင်ဖြစ်သည်။ သီတင်း (၇၀) သည် အေဒီ ၃၄ ၌အဆုံးသတ်သွား သည်။ ဧဝံဂေလိသတင်းကို တစ်ပါးအမျိုးသားများထံဟောပြောဖြန့်ချိသော အချိန်ကိုဆိုပါသည်။ (ရှေးဦးအသင်းတော်ကိုနှိပ်စက်ညှဉ်းပန်းခြင်းနှင့်အတူ သတေဖန်၏မာတုရသေခြင်းဖြင့် အမှတ်အသာြးုပသည်။) သီတင်းများ၏ နောက်ဆုံးသီတင်း၏အလယ်သည် အေဒီ ၃၁ ပင်ဖြစ်သည်။ သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်၌အသေခံတော်မူသောနှစ်ပင်ဖြစ်သည်။
ဒံ ၉း၂၄-၂၇ ၏ပုရောဖက်ြုပချက်ကို ပြန်လည်လေ့လာပါ။ မည်သို့ ဖော်ပြထားသနည်း။ ယေရှုရှင်၏အမှုတော်နှင့်ပတ်သက်သောအံ့ဩဖွယ်အမှု သည် မည်သို့ဖြစ်သနည်း။ ထိုသို့သောပုရောဖက်ြုပချက်များသည် ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းကို မည်သို့သာ၍ခိုင်ခံ့စေသနည်း။

အင်္ဂါ အောက်တိုဘာ ၁၅

သီတင်း (၇၀) နှင့်ရက်ပေါင်း ၂၃၀ဝ

‘ဆုံးဖြတ်ခြင်း’ ဆိုသောဝေါဟာရကို ဒံ ၉း၂၄ ၌တွေ့ရသည်မှာ ‘သီတင်းခုနစ်ဆယ်ကိုဆုံးဖြတ်ခြင်း’ တိုက်ရိုက်အနက်ပြန်ဆိုသော် ‘သီတင်း ခုနစ်ဆယ်ကိုသီးသန့်ထားသည်’ ဆုံးဖြတ်ခြင်းဟု ဝေါဟာရစကားကိုအသုံြးုပ သော်လည်း သမ္မာကျမ်းစာ၌ အခြားအခြားနေရာများတွင် ထိုသို့အသုံးမြုပ ချေ။ ဂျူးလူမျိုးတို့၏စာပေ၌ ရှည်လျားသောအရာတစ်ခုကိုဖြတ်တောက်သည် ဟု အဓိပ္ပါယ်ဆိုထားသည်။ ဒံ (၈) ၌ဖော်ပြသော ရက်ပေါင်း ၂၃၀ဝ ပုရောဖက်စကားသည် ထိုအခန်းကြီး (၈) ၌အစြုပမှတ်ယူခြင်းမျိုးမဟုတ်ဘဲ၊ နောက်ဆက်တွဲလာသောအခန်းကြီး (၉) တွင် နှစ်ပေါင်း ၄၉၀ ကို ‘ဆုံးဖြတ်သည်’ သို့မဟုတ် ‘ဖြတ်တောက်သည်’ ဟုဖော်ပြရာ၌၊ ထိုဖြတ်တောက် သောအချိန်သည် ရက်ပေါင်း ၂၃၀ဝ ပုရောဖက်ြုပထားသောအချိန်အထဲမှပင် ဖြစ်ရမည်ဟု အထက်တွင်ဖော်ပြပြီးဖြစ်သည်။ ကျန်ရှိသောအချိန်များကို ‘ဖြတ်တောက်’ ရန် အခြားရှည်လျားသောအချိန်ပုရောဖက်ြုပထားသောအချက် ရှိပါသလား။
ဒံ (၈) ကိုဖတ်ပါ။ ရှင်းလင်းချက်မရှိသောရူပါရုံ၏အပိုင်းသည် မည်သည့်အရာဖြစ်ခဲ့ပါသနည်း။
ဒံ ၉း၂၄-၂၇ မှ သီတင်း (၇၀) ပုရောဖက်ြုပချက်နှင့် ဒံ ၈း၁၄ မှ ညဦးနှင့်နံနက် ၂၃၀ဝ ပုရောဖက်ြုပချက်တို့ဆက်စပ်ပုံအဘယ်ကြောင့် များစွာသက်ဆိုင်နေသနည်း။ (၁) နှစ်ရပ်လုံးသည် အချိန်နှင့်ဆိုင်သော ပုရောဖက်ြုပချက်ဖြစ်သည်။ (၂) ‘ဗျာဒိတ်တော်အချက်’ နှင့် ‘နားလည်ရ သောအခွင့်’ ဟုစကားစုနှစ်ရပ်သည် ဆက်စပ်မှုရှိသည်။ (၃) ပုရောဖက်ြုပ စကားနှစ်ရပ်၏အနက်ကိုဖော်ပြသူမှာ ဂါဗြေလပင်ဖြစ်သည်။ (ဒံ ၈း၁၆ နှင့် ၉း၂၁)။ (၄) ညဦးနှင့်နံနက် ၂၃၀ဝ အကြောင်းကို ဒံ (၈) ၌ ရှင်းလင်းပြောကြားခြင်းမြုပလုပ်ပါ။ (တစ်ခါတစ်ရံ ‘ရက်’ ဟုဘာသာပြန် ထားသည်။) ဒံ ၈း၁၄။ (၅) ဒံယေလ (၈) တွင် ဗျာဒိတ်ရူပါရုံနှင့်အဓိပ္ပါယ် တချို့တဝက်ကိုဖော်ပြသည်။ ဒံ (၉) တွင်မူ အနက်ပြန်ခြင်းသက်သက်ဖြင့် ဖော်ပြပြီး၊ ဒံ (၈) မှမဖော်ပြသောအနက်အဓိပ္ပါယ်ဖြစ်သည့် ဒံ ၈း၁၄ ၏ ၂၃၀ဝ ရက်အကြောင်း ဒံယေလကိုယ်တိုင်နားမလည်ခဲ့သည့် ဗျာဒိတ်ရူပါရုံ ၏အနက်ကိုဖော်ပြပေးသည်။ (ဒံ ၈း၂၇)။
ဒံယေလကျမ်းမှဟောထားသောပုရောဖက်ြုပချက်မှ ပျောက်ဆုံးနေ သည့်ကွင်းဆက်ကို ဧဇရမှတ်စာမှ အချက်အလက်များဖြင့်ပြန်၍ဖြည့်စွက်ပေး သည်။ ရာဇဝင်အရ၊ ပုရောဖက်ြုပထားသောအချိန်သည် ပြန်လည်ရေတွက် သောအခါ သခင်ခရစ်တော်၏အမှုတော်နှင့် ကျွန်ုပ်တို့အတွက်ကိုယ်စား ဝင်ရောက်လုပ်ဆောင်မှုကို ရေးမှတ်ရသောအချိန်ဖြစ်သည်။
သီတင်း (၇၀) နှင့်ရက်ပေါင်း ၂၃၀ဝ အကြောင်းရေးဆွဲထားသော ပုံကားချပ်ကိုပြပေးပါ။

ဗုဒ္ဓဟူး အောက်တိုဘာ ၁၆

ဘုရားသခင်၏ရွေးချယ်ခြင်း

ကျွန်ုပ်တို့ကိုဘုရားသခင်ရွေးချယ်သည်၊ ရွေးကောက်ပါသည်ဟူသော စကားအဆိုများ များစွာရှိပါသည်။ လူများစွာတို့၏အတွေးအခေါ်၌ ရွေးချယ် ရွေးကောက်ခြင်းနှင့်ဆိုင်သော အဓိပ္ပါယ်အနက်၊ တစ်ယောက်တစ်မျိုးစီခံယူ တွေးခေါ်ကြသည်။ သို့ဖြစ်လျှင် သမ္မာကျမ်းစာမှ ထိုရွေးကောက်ရွေးချယ် တော်မူခြင်းကို မည်သို့ဖော်ပြပါသနည်း။
ရောမ ၈း၂၈၊၂၉ ကိုဖတ်ပါ။ ဘုရားသခင်ခေါ်ဖိတ်တော်မူသည်ဟူ သောစကားသည် အဓိပ္ပါယ်အနက်မည်သို့ရှိပါသနည်း။ ကျွန်ုပ်တို့ကိုရွေးချယ် ရွေးကောက်ပါသည်ဟူသောစကားအဓိပ္ပါယ်အနက် မည်သို့ရှိပါသနည်း။
အထူးသဖြင့်ဆိုလိုချက်မှာ လူသားများအားလုံး သားတော်ဘုရား၏ ရုပ်လုံးသဏ္ဌာန်နှင့်တူညီရန် ဘုရားရှင်ြုကိတင်ပုံစံချထားပါသည်။ြုကိတင် ပုံစံချမှုဆိုင်ရာအကြံတော်မှာ ဤသူသည် ကောင်းကင်နိုင်ငံဝင်စားရမည်၊ ဤသူသည် ပျက်စီးခြင်းငရဲသို့သွားရမည်ဟုြုကိတင်ပုံစံချခြင်းမျိုး လုံးဝ (လုံးဝ) မဟုတ်ပါ။ ကျွန်ုပ်တို့လူသားများ မည်သည့်အရာတစ်ခုရွေးချယ်ခွင့် မရှိရဆိုသည့်သဘောမျိုးလည်း လုံးဝ (လုံးဝ) မဟုတ်ပါ။ တစ်နည်းဆိုရ သော်၊ ရွေးချယ်ရွေးကောက်ခြင်းကိစ္စသည် ကျွန်ုပ်တို့၏အသက်တာနေထိုင် မှုကို ပြောင်းလြဲုပပြင်ရန်ရည်ရွယ်ချက်သက်သက်သာဖြစ်သည်။ ကျွန်ုပ်တို့ အသက်တာကို ပြောင်းလြဲုပပြင်ပြီး၊ သားတော်ဘုရား၏ရုပ်လုံးသဏ္ဌာန်တော် ကို ရောင်ပြန်ဟပ်ထင်ရှားစေရမည်အကြောင်းသက်သက်ဖြစ်သည်။ ပြောင်းလဲ ခြင်းအသက်တာနှင့်ဆိုင်သော နှုတ်ကပတ်တော်မှကတိတော်များ အောက်ပါ အတိုင်းဖြစ်သည်။ (ရောမ ၈း၃၀)။ ရှင်ပေါလုကိုယ်တိုင်ရေးသားထားခြင်း ဖြစ်၏။ ခေါ်တော်မူသောသူများကိုလည်း ဖြောင့်မတ်ရာ၌တည်စေတော်မူ၏။ (ကျွန်ုပ်တို့ကိုဖြောင့်မတ်စေသည်။) ထိုသို့တည်စေသောသူကို ချီးမြှောက်တော် မူ၏။ (သန့်ရှင်းစေခြင်း။) သို့ပါ၍ ကျွန်ုပ်တို့သည် ကိုယ်တိုင်ြုကိးစား ပြောင်းလဲရန် ဘုရားရှင်ထားရှိတော်မူခြင်းမျိုးမဟုတ်။ ဘုရားရှင်သည် မိမိ၏ တန်ခိုးတော်နှင့်ပြောင်းလဲခြင်းအသက်တာကို ကျွန်ုပ်တို့အားပေးပါမည်ဟု ကတိ ထားနှင့်ပြီးသားဖြစ်သည်။
ရောမ (၉) ကိုဖတ်ပါ။ ဘုရားရှင်၏ခေါ်ဖိတ်တော်မူခြင်း၊ ရွေးကောက် တော်မူခြင်း၏အမျိုးအစားအဆိုပါကျမ်းချက်၌ ဖော်ပြထားပါသလား။
ရောမဩဝါဒစာအခန်းကြီး (၉) တွင် ရှင်ပေါလုသည် ဘုရားရှင် အထူးရွေးချယ်တာဝန်ပေးခြင်းအကြောင်းကို ဆွေးနွေးတင်ပြထားသည်။ ဣသရေလလူမျိုးကိုရွေးကောက်ရာမှာ ကမ္ဘာပေါ်ရှိလူသားများအားလုံး ထာဝရဘုရားရှင်၏အကြောင်းနှင့်ဆိုင်သောသတင်းကောင်းကို သယ်ဆောင် သွားရန် ရွေးကောက်ခြင်းဖြစ်သည်။ စကားစုဖြစ်သော ‘ထိုသို့နှင့်အညီ ယာကုပ် ကိုငါချစ်၏။ ဧသောကိုမုန်း၏ဟု ကျမ်းစာလာသတည်း’ (ရောမ ၉း၁၃)။ ထိုကျမ်းမှာ ညီအစ်ကိုအရင်းအချာပင်ဖြစ်သော်လည်း၊ ဘုရားသခင်မှခွဲခြား ချစ်တော်မူတတ်သည်ဟု မှားယွင်းစွာနားလည်လေ့ရှိကြသည်။ မည်သို့ဖြစ်ပါ စေ၊ ထိုစကားစု၌ပင် ရှင်ပေါလုမှအတည်ြုပရေးသားထားသည်၌ ယာကုပ်ကို ဘုရားရှင်ရွေးချယ်၏။ ဧသောကိုမရွေးဟု ဖော်ပြနေပါသည်။ ယာကုပ်ကို ရွေးကောက်ရွေးချယ်ရခြင်းအကြောင်း အဘယ်အတွက်ကြောင့်ရှိသနည်း။ ဣသရေလလူမျိုးကြီး၏ဖခင်ဖြစ်လာရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရွေးချယ်၊ ရွေးကောက်ခြင်း၌ ဘုရားရှင်နှစ်မျိုးနှစ်စားသတ်မှတ်ထားသည်။ ပထမအချက် အနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အယောက်စီအယောက်တိုင်း တစ်ဦး မကျန်လူသားအားလုံးကို ကယ်တင်ခြင်းရစေခြင်းအလို့ငှာ ပြောင်းလြဲုပပြင်ကြ ပြီး၊ ယေရှုရှင်၏ရုပ်လုံးသဏ္ဌာန်တော်နှင့်တူသောအသက်တာမျိုးရှိရန် အလို ရှိတော်မူသည်။ ဒုတိယအချက်အနေဖြင့် ဘုရားသခင်သည် အထူးတာဝန် ထမ်းရွက်စေရန် အထူးပုဂ္ဂိုလ်များကိုရွေးချယ်ရွေးကောက်တော်မူတတ်သည်။
သင်သည် ထာဝရအသက်ကယ်တင်ခြင်းရရှိရန်အလိုငှာ ဘုရားသခင်ြုကိတင်ပုံစံချထားနှင့်ပြီးသားဖြစ်ကြောင်း ရဲရင့်သောသတ္တိဖြင့် ပြတ်ပြတ်သား သားသိထားသင့်ပါသလား။ ထိုသို့မဟုတ်ပြန်လျှင် သင်သည် အကောင်းကို ရွေးသည်ဖြစ်စေ၊ ဆိုးသောအမှုကိုရွေးချယ်ြုပလုပ်သည်ဖြစ်စေ ဘုရားရှင်ပုံစံချ ပေးထားသည့် ကယ်တင်ခြင်းကောင်းကင်နိုင်ငံတော်သည် မဆုံးရှုံးနိုင်တော့ ပါဟု အဓိပ္ပါယ်ဖွင့်နိုင်ပါသလား။

ကြာသပတေး အောက်တိုဘာ ၁၇

ကျွန်ုပ်တို့၏တာဝန်ဝတ္တရား

ဘုရားရှင်ခေါ်ဖိတ်တော်မူခြင်းကို ကျွန်ုပ်တို့ခံရပါမူ၊ ကျွန်ုပ်တို့၌ လွတ်လပ်သောရွေးချယ်ခွင့်ရှိနေပါသည်။ လက်ခံနိုင်မည်လား၊ သို့တည်းမဟုတ် ငြင်းဆန်မည်လား။ လွတ်လပ်စွာရွေးချယ်ပါ။ လက်ခံလိုက လက်ခံနိုင်သည်။ ငြင်းဆန်လိုက ငြင်းဆန်ခွင့်ရှိနေသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိသည် အတိုင်း ကိုယ်တော်ပေးသနားတော်မူသည့်ကယ်တင်ခြင်းကို ရယူလိုက ယူနိုင် ပြီး၊ ဆန္ဒမရှိက မယူဘဲနှင့်ငြင်းဆန်နိုင်သည်။ အရိုက်အရာတစ်ခုအနေဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုထားရှိပေးနိုင်သည်။ ‘သို့သော်’ ချထားပေး သောအရာကို ရွေးချယ်လိုက်လျှောက်ရန်လိုပါသေးသည်။ ကိုယ်တော်သည် မိမိအတွက်ကို ကျွန်ုပ်တို့အထူးတလည်လုပ်ဆောင်ပေးရန် အလိုတော်ရှိတော် မူသည်။ သူနှင့်တူညီစေရန် ကျွန်ုပ်တို့ကိုခေါ်ဖိတ်၏။ အထူးတာဝန်တစ်ရပ် ကိုပေးအပ်ရန် ဖိတ်ခေါ်တော်မူခြင်းသည် ကျွန်ုပ်တို့အတွက်ကယ်တင်ခြင်းကို စီစဉ်ထားပေးခြင်းဖြစ်သည်။ ကိုယ်တော်ဖိတ်ခေါ်တော်မူခြင်းကို လက်ခံ လုပ်ဆောင်ခြင်းဖြင့် ကိုယ်တော်ပေးသောကယ်တင်ခြင်းကို အမှန်တကယ် ကျွန်ုပ်တို့အသက်တာပုံစံ၌ ပြသပေါ်လွင်စေခြင်းဖြစ်သည်။
ရှောလုမင်းကြီးသည် ရှင်ဘုရင်ရာထူးအပ်နှင်းခံခဲ့ရသည်။ အကြောင်း မလှ၍သာ ရှောလုကိုယ်တိုင်မှ မိမိ၏စိတ်နှလုံးကို ဘုရားရှင်အားအပြည့်အဝ အပ်နှံခြင်းမြုပခဲ့ပါ။ ဘုရားသခင်ခေါ်ဖိတ်တော်မူ၍ အမှုတစ်ခုကိုအပ်နှင်းခြင်း ခံရသောသူဖြစ်ရသည်နှင့် ထိုပုဂ္ဂိုလ်သည် ဘုရားရှင်ကိုပွေ့ဖက်ပြီးအတူအမြဲရှိ နေသည့်အဓိပ္ပါယ်ဆောင်နေသည်မဟုတ်။ ကျွန်ုပ်တို့၏လွတ်လပ်သောဆန္ဒ လုပ်ဆောင်ရန်အတွက် စိတ်ပိုင်းဖြတ်ချက်အပေါ်မူတည်နေပါသည်။ ဘုရားရှင် ၏ပို့ဆောင်ခြင်းကိုလိုက်နာခြင်းမရှိလျှင် အရာရာတိုင်းအရာအားလုံးကို ဆုံးရှုံး သွားရမည်။
ထွက် ၃၊၄ ကိုဖတ်ပါ။ တစ်ဦးတစ်ယောက်ကိုဘုရားရှင်ခေါ်တော် မူ၍ တာဝန်ပေးခြင်ြးုပသောအခါ၊ မည်ကဲ့သို့ဖြစ်လာသည်ဟု ကျွန်ုပ်တို့ကို သွန်သင်ပါသနည်း။
ကျွန်ုပ်တို့သည် စောဒကတက်ကာ ပြန်လည်၍မေးခွန်းမေးစရာမလို၊ ဧဇရနှင့်နေဟမိကဲ့သို့ ချက်ချင်းတုံ့ပြန်သောသူများဖြစ်နိုင်သည်။ သို့မဟုတ် မောရှေကဲ့သို့ အတွန့်တက်အကြောင်းအမျိုးမျိုးပြကာ ဆင်ခြေဆင်လက်ြုပနိုင် သည်။ နောက်ဆုံး၌ မောရှေသွားခဲ့သည်။ ရှောင်ပြေးရန်လုံးဝမြုကိးစားခဲ့ပါ။ သူသည် အကြောင်းမျိုးစုံကိုပြပြီး ဆင်ခြေဆင်လက်ြုပသည်။ မိမိကိုယ်ကို ကောင်းသောသူမဟုတ်၊ ပြည့်စုံသောသူမဟုတ်၊ ဘာတစ်ခုမျှတတ်သူမဟုတ်၊ အရေးပါသောရာထူးလည်းမရှိ။ ထိုကြောင့် ဖာရောမင်းအနေဖြင့် သူ၏စကား ကိုအဖက်လုပ်နားထောင်မည်လား။ ယုဒလူများသူ့ကိုမယုံသင်္ကာဖြစ်ပြီး၊ သူ၏ စကားကိုမယုံကြည်မှာကိုလည်းစိုးရိမ်၏။ လုပ်ဆောင်မှုအားလုံး အလဟဿ ဖြစ်သွားနိုင်သည်။ ထပ်ဆင့်အကြောင်းပြချက်မှာ သူသည် မိမိကိုယ်ကို အရည်အချင်းမမီဟု ဆင်ခြေပေးသည်။ ‘အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ ၏’ (ထွက် ၄း၁၀)။ လိုအပ်သောတတ်ကျွမ်းမှုမရှိ။ နောက်ဆုံး၌ အခြား သူတစ်ဦးကိုသာစေလွှတ်ရန် ဘုရားရှင်ကိုပြန်လည်ပြောဆိုခဲ့သည်။ မောရှေ ၏အကြောင်းကို ကျွန်ုပ်တို့ဖတ်ရသည်နှင့် သူ၌အားနည်းချက်ရှိသော်လည်း အားအင်ပြည့်ဝကြောင်းတွေ့ရသည်။ မောရှေခေါင်းဆောင်ကောင်းတစ်ဦးဖြစ် လာခဲ့သည်။ သူသည် တာဝန်ကိုသစ္စာရှိရှိလုပ်ဆောင်သူဖြစ်သည်။ ဘုရားရှင် ခေါ်ဖိတ်တော်မူသည်နှင့် ဦးလည်မသုန်၊ သစ္စာရှိရှိမိမိ၏တာဝန်ကို ရဲရဲတောက် ထမ်းရွက်ခဲ့သည်။
ဘုရားရှင်မှကျွန်ုပ်တို့ကိုစေခိုင်းကြောင်းသိရသောအခါ ကျွန်ုပ်တို့ မကြာခဏဆင်ခြေပေးရှောင်ဖယ်တတ်ပါသလား။

သောကြာ အောက်တိုဘာ ၁၈

ထပ်ဆင့်လေ့လာရန်

ပုရောဖက်နှင့်ဘုရင်များစာအုပ်၌ စာမျက်နှာ ၆၉၇-၆၉၉ ကိုသေချာ စွာဖတ်ပါ။ သီတင်း (၇၀) ၏ပုရောဖက်ြုပချက်နှင့် ပြည့်စုံလာပုံအကြောင်း ရေးသားထားသည်။
‘ခရစ်တော်လာမည့်အချိန်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက် ခံမည့်အကြောင်း၊ ကိုယ်တော်၏အသေခံခြင်း၊ ဧဝံဂေလိသတင်း တစ်ပါး အမျိုးသားထံပျံ့နှံ့သွားခြင်း စသည်စသည်အကြောင်းများသည် တိကျသော အချိန်အခါဖြင့်ညွှန်ပြခဲ့သည်။ ဂျူးလူမျိုးများ ပုရောဖက်ြုပစကားကိုနားလည် နိုင်ရန်အခွင့်၊ ယေရှုရှင်၏အမှုတော်ဆောင်ခြင်း၏ပြည့်စုံလာသောအချက်များကို လက်ခံရန်အခွင့်ကောင်းများရှိခဲ့သည်။ ခရစ်တော်ရှင်သည် မိမိ၏တပည့်တော် များကို ပုရောဖက်ြုပချက်နှင့်ဆိုင်သောရေးသားချက်များကို လေ့လာရန်တိုက်တွန်း အားပေးခဲ့သည်။ ပုရောဖက်ဒံယေလအနာဂတ္တိ၌ အချိန်နှင့်ဆိုင်သောပုရောဖက်ြုပချက်သည် အရေးပါလှသည်။ ကိုယ်တော်ကလည်း ‘ကျမ်းစာကိုကြည့်သော သူသည် နားလည်ပါစေ’ (မဿဲ ၂၄း၁၅)။ ကိုယ်တော်ရှင်ပြန်ထမြောက်ပြီး နောက် တပည့်တော်တို့ကိုရှင်းလင်ြးွမက်ကြားသောစကားတွင် ‘ပုရောဖက် တို့၏ကျမ်းစာများ’ ‘ကိုယ်တော်ကိုရည်မှတ်၍ရေးထားသမျှသောကျမ်းချက်’ လုကာ ၂၄း၂၇။ ကယ်တင်ရှင်သည် ပုရောဖက်၏စကားအလုံးစုံကို ပြန်လည် ပြောကြားခဲ့သည်။ ‘သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်၊ ခရစ်တော် ခံတော်မူရသောဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြောဆိုထားသည်’ (၁ပေ ၁း၁၁)။ Ellen G. White, The Desire of Ages, p. 234.
-ဝ-
dammang

Recent Posts

Living on a Prayer: Celeste Ryan Blyden, First Female Executive Secretary of Columbia Union, On Her New Role

Celeste Ryan Blyden is the first woman ever elected as executive secretary of the Columbia…

4 years ago

News Briefs for November 18, 2021

News reports from Adventist Health, Kazakhstan, Rwanda, Southwestern Adventist University, more. Coat of Honor The…

4 years ago

How are Creation and Worship Tied Together?

President of the Seventh-day Adventist World Church, Ted N.C. Wilson, talks about why we recognize…

5 years ago

Celebrating God’s Creation Through Nature

President of the Seventh-day Adventist World Church, Ted N.C. Wilson, invites everyone to celebrate Creation…

5 years ago

Fasting and Prayer for Witnessing

President of the Seventh-day Adventist World Church, Ted N.C. Wilson, and his wife Nancy, share…

5 years ago

Adventist Church in the Euro-Asia Division Welcomes Distinguished Guests

RUSSIA | PUBLIC RELATIONS DEPARTMENT EAD SEPTEMBER 30, 2021 The 90th meeting of the Advisory…

5 years ago