Categories: Spiritual

ပညတ်သဘောကိုချိုးဖောက်ခြင်း l5

သင်ခန်းစာ (၅)

ပညတ်သဘောကိုချိုးဖောက်ခြင်း

အောက်တိုဘာ ၂၆ – နိုဝင်ဘာ ၁

ဥပုသ်နေ့မွန်းလွဲပိုင်း အောက်တိုဘာ ၂၆
ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၅း၁-၅။ ထွက် ၂၁။ ၂း၇။ မိက္ခာ ၆း၈။ နေဟမိ ၅း၇-၁၂။ တရားဟော ၂၃း၂၁-၂၃။ နေဟမိ ၅း၁၄-၁၉။
အလွတ်ကျမ်းချက်
‘ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကိုလည်းကောင်း၊ သူတို့၌ခွဲယူပြီးသောငွေ၊ ဆန်စပါး၊ စပျစ် ရည်၊ ဆီအချို့ကိုလည်းကောင်း ပြန်ပေးကြပါလော့ဟုဆိုသော်’ (နေဟမိ ၅း၁၁)။
ယခုအချိန်လူသားများသည်ြွကယ်ဝခြင်း၊ ဆင်းရဲခြင်းနှင့် ငွေကြေး ချမ်းသာသူ၊ ဆင်းရဲသားတို့ကွာဟခြင်းအကြောင်းကိုအဆုံးသတ်ရန် မည်သို့ မည်ပုံလုပ်ဆောင်ရမည်အကြောင်း ရှာဖွေလေ့လာဆဲဖြစ်၏။ မှန်ပေသည်။ ယေရှုရှင်မှလည်း ‘ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏’ (မဿဲ ၂၆း၁၁) ဟုမိန့်တော်မူခဲ့သည်။ ဆိုးသည်မှာ ထိုဆင်းရဲသားများကိုမစခြင်း မရှိဖြစ်နေ၏။ တစ်ဖက်မှလည်း နှုတ်ကပတ်တော်မှကျွန်ုပ်တို့၌ရှိသောတာဝန် ဟုသတ်မှတ်ကာ လုပ်ဆောင်ရန်ဆုံးမထားပြန်သည်။ ထိုသို့ဖြစ်မှသာ ခရစ်ယာန်ဟု ကျွန်ုပ်တို့မိမိကိုယ်ကိုရဲရဲကြီးခေါ်ဆိုနိုင်မည်ဖြစ်သည်။
အလွန်စွဲမက်စရာကောင်းသည်မှာ၊ ယေရုရှလင်ြုမိ့ကိုပြန်လည် တည်ဆောက်ရန် ပြည်တော်ပြန်များအကြား၌ပင် ထိုကိစ္စသည် အခက်အခဲ ရှုပ်ထွေးနေသည့်ကြားမှ ပေါ်လာပြန်သည်။ ဆင်းရဲမွဲတေခြင်းနှင့်ဆင်းရဲ သားကိစ္စသာမက ငွေကြေးချမ်းသာသူများမှ နှိပ်ကွပ်အနိုင်ကျင့်ခြင်းအကြောင်း ပါ ပါလာသည်။ ငှင်းအချိန်မတိုင်မီကပင် ထိုပြဿနာသည်ရှိနေခဲ့သည်။ ယခုပြည်တော်ပြန်ခွင့်ရပြီး၊ မိမိတို့၏ရေခံမြေခံသို့ပြန်ရောက်လာသည်နှင့် ငှင်းအဖြစ်မျိုးဖြစ်ပေါ်လာပြန်သည်။
ယခုအပတ်တွင် ထိုဓာတ်ပြားအိုဟောင်းကြီးကို ပြန်လည်လေ့လာ သင်ကြားကြရမည်။ နေဟမိအနေဖြင့် မည်သို့ဖြေရှင်းခဲ့သနည်း။ ကျွန်ုပ်တို့ သိရှိသွားရလိမ့်မည့်အကြောင်းအရာမှာ ဆိုးရွားသောဖိနှိပ်မှုကို ‘ပညတ်ချက် စာ’ ဖြင့် ဖြေရှင်းဆုံးဖြတ်ကြောင်း မြင်တွေ့ရပါမည်။ တန်ခိုးပါသောဥပမာ ယူစရာအချက်မှာ ပညတ်ချက်နှင့်စီရင်ရေးလုပ်ထုံးလုပ်နည်း မည်မျှပင်ကောင်းမွန် နေပါစေ၊ ယေရှုရှင်၏စာရိတ္တတော်ကို ရောင်ပြန်ဟပ်မိစေရန်သာ သာ၍ အရေးကြီးပါသည်။

တနင်္ဂနွေ အောက်တိုဘာ ၂၇

လူတို့၏မြည်တမ်းချက်

နေဟမိ ၅း၁-၅ ကိုဖတ်ပါ။ မည်သည့်အကြောင်းအရာများပါရှိ သနည်း။ လူများမည်သည့်အကြောင်းကြောင့် ငိြုွေကးမည်တမ်းကြသနည်း။
ယုဒလူအားလုံး နေဟမိ၏ဦးဆောင်မှုအောက်၌စည်းလုံးလျက်၊ အပြင် မှဖိအားကို ညီညာစွာတွန်းလှန်နေသည်ဟု အမြင်မှာပေါ်လွင်နေသည်။ သို့သော် အမှန်မှာ ပြည်တွင်းအင်အားမှ ပြည်ပ၏သဲကြီးမဲကြီးနှိပ်စက်နေမှုကို အတူတကွ လက်တွဲခုခံခြင်းမရှိကြပါ။ ပြင်ပပယောဂ၏နှိပ်စက်ကလြူုပမှုကို လက်တွဲ ညီညီ ခုခံကာကွယ်ရမည့်အစား၊ မိမိတို့အထဲ၌ စိတ်ဝမ်းကွဲနေကြသည်။ ခေါင်းဆောင်များနှင့်ငွေကြေးချမ်းသာသူများသည် ဆင်းရဲသားများကိုဖိနှိပ်ပြီး မိမိတို့ကိုယ်ကျိုးအတွက်ရှာဖွေကြသည်။ အခြေအနေမှာ အလွန်ဆိုးရွားလာ၍ မိသားစုတို့သည် စားဝတ်နေရေးအတွက် အော်ဟစ်ညည်းတွားလာကြသည်။ အချို့သောမိသားစုများက သားသမီးများကိုကျွေးမွေးရန် အစားအစာမရှိတော့ဟု အော်ဟစ်လာသည်။ အချို့သောမိသားစုများက ရာသီဥတုဖျက်ဆီးခြင်းကြောင့် မိမိတို့၏ပိုင်ဆိုင်သမျှအားလုံး ပျက်စီးပြီးပြောင်တလင်းခါနေသည်ဟု အော်ဟစ် ငိြုွေကးကြသည်။ အခြားမိသားစုများကလည်း ပါရှန်၏အခွန်ဆက်သရန် အတွက် မိမိတို့ငွေချေးနေရကြောင်း၊ အြွေကးတင်နေကြောင်း သားသမီးများ လည်း ကျွန်သဘောက်အဖြစ်ရောင်းချနေရပြီဖြစ်ကြောင်း ငိုယိုမြည်တမ်း ကြသည်။ ဒုက္ခပြဿနာ၏အရင်းခံအကြောင်းရင်းမှာ ဆင်းရဲသောမိသားစု များသည် သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း၊ အခွန်ငွေပေးဆောင်ရ သောဝန်ကြောင့်လည်းကောင်း အိမ်နီးချင်းများထံမှချေးယူနေရသည့်အကြောင်း ပင်ဖြစ်သည်။ ပါရှန်အစိုးရမင်းသည် ယုဒနယ်အတွင်းရှိ မိသားစုတိုင်းကို တစ်နှစ်လျှင်အခွန်တော်ငွေခွက် (၃၅၀) ဆက်သရန် သတ်မှတ်သည်။ (နေဟမိ ၅း၁-၅) ၏မှတ်ချက်ကိုယူ၍၊ Andrews Study Bible တွင်ရေးသားထားသည်။ (စ. ၅၉၈). အခွန်ငွေကိုမပေးဆောင်နိုင်သောမိသားစုများအနေဖြင့် ရှိသောပစ္စည်း ကိုပေါင်နှံရသည်။ သို့မဟုတ် ငွေချေး၍ပေးဆောင်ကြရသည်။ ထိုချေးယူ ထားသောငွေပမာဏကို နောက်နှစ်ကုန်၍ပြန်ဆပ်နိုင်ချေမရှိလျှင် ယခုအချိန် မှစ၍ တစ်မျိုးတစ်မည်လုပ်ဆောင်ပေးရသည်။ လုပ်လေ့လုပ်ထသောစနစ်မှာ အြွေကးအတွက်ကျွန်ခံခြင်းပင်ဖြစ်သည်။ မိသားစုများသည် မြေယာဆုံးရှုံးပြီး သည့်အပြင် သားသမီးများကို အြွေကးရှင်ထံမှအြွေကးကျေရန်အပ်နှံပြီး အလုပ် လုပ်စေရပြန်သည်။
အသက်တာလမ်း၌ ကျွန်ုပ်တို့၏ြုပမူခြင်း၏အကျိုးဆက်ကြောင့် ကိုယ်တိုင်ဒုက္ခရောက်တတ်သည်။ ရောဂါကုသရ၍ ငွေကြေးကုန်ကျရသည် မှာ ကျွန်ုပ်တို့၌အပြစ်မရှိ။ ယခုအကြောင်းမှာ အစိုးရမင်း၏အခွန်အတုတ် စည်းကြပ်ခြင်းကြောင့် လူတို့သည် ဆင်းရဲတွင်းနက်သွားရသည်။ ဆင်းရဲသည် ထက်ဆင်းရဲသွားရုံသာရှိတော့သည်။
ယခုအချိန်အခါ၌လည်း လူတို့သည် စီးပွားရေးကျပ်တည်းမှုအောက် ၌ ရုန်းကန်ကြရသည်။ ကျမ်းစာမှဖော်ပြသောအကြောင်း မကြာခဏကြားရ သည့်အပေါ် ကျွန်ုပ်တို့မည်သည့်သတင်းစကားကိုရယူသင့်သနည်း။

တနင်္လာ အောက်တိုဘာ ၂၈

ပညတ်သဘောကိုဆန့်ကျင်မှု

နေဟမိ ၅း၆-၈ ကိုဖတ်ပါ။ (ထွက် ၂၁း၂-၇) ကိုလည်းဖတ်ပါ။ နေဟမိအဘယ်အတွက်ကြောင့် ဒေါသနှင့်တုံ့ပြန်သနည်း။
ယခုခေတ်ရင်ဆိုင်ရသောအခက်အခဲပြဿနာသည် မည်မျှပင်ကြီးနေ ပါစေ၊ ရှေးခေတ်အခါ ကျွန်စနစ်ယဉ်ကျေးမှုစံနှုန်းစံထားနှင့်နှိုင်းယှဉ်၍မရပါ။ မိဘများကိုယ်တိုင် ကျွန်ဖြစ်သွားနိုင်သည်၊ သို့မဟုတ် သားသမီးများကိုကျွန် အဖြစ် ရောင်းချရကိန်းရှိသည်။ ထိုခေတ်ထိုအခါ၌ မိဘတို့သည် သားသမီး များကို ကျွန်အဖြစ်ရောင်းစားပိုင်သော လူယဉ်ကျေးမှုအစဉ်အလာကို ဥပဒေမှ ခွင့်ြုပထားသည်။ ဘုရားရှင်သည် လွတ်လပ်ခွင့်ကိုပေးသောကြောင့် မိမိ၏လူမျိုး ဣသရေလအထဲ၌ ခုနစ်နှစ်တစ်ကြိမ် ကျွန်အဖြစ်မှလွတ်မြောက်ရသောအခွင့် ကို သတ်မှတ်ပေးထားသည်။ သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အစဉ်အမြဲကျွန်ဖြစ်ရမည့်ဘဝမှလည်းကောင်း၊ လူသားများအတွက် လွတ်လပ် ရေးအခွင့်ကိုလည်းကောင်း ကာကွယ်စီစဉ်ပေးထားသည်။
ဥပဒေအရ ငွေချေးခြင်းကိုခွင့်ြုပပေးထားသော်လည်း၊ အတိုးစားခြင်း ကိုခွင့်မြုပ၊ သမ္မာကျမ်းစာမှတားမြစ်ခြင်းကို (ထွက် ၂၂း၂၅-၂၇။ ဝတ် ၂၅း၃၆၊၃၇။ တရားဟော ၂၃း၁၉၊၂၀)။ ယင်းနောက်တွင် အမျိုးသားချင်း ချေးငွေအတွက် အတိုးနှုန်းသည် တစ်ပါးအမျိုးသားများ၏အတိုးနှုန်းထက် အဆမတန်လျော့နည်းရသည်။ တစ်လအတိုးနှုန်းမှာ ၁% သာတောင်းသည်။ မက်ဆိုပိုတေးမီးယားလူမျိုးများတို့၏ငွေချေးသောအတိုးနှုန်းမှာ (၇) ရာစုနှစ် အတောအတွင်း၌ ငွေသားကိုချေးယူပါသော် ၅၀% အတိုးပေးရ၍၊ မြေအသီး အနှံများကိုချေးယူမူလျှင် အတိုးကို ၁၀ဝ% ပြန်ပေးရသည်ဟုသတ်မှတ်၏။ ငှင်းသည် တစ်နှစ်၏အတိုးနှုန်းဖြစ်သည်။ အမျိုးသားချင်းချေးငွေ၏စံနေစံထား နှုန်းမှာ တစ်လ ၁% ဖြစ်နေ၍၊ တစ်နှစ်လျှင် ၁၂% မျှသာရှိသေးသည်။ မက်ဆိုပိုတေးမီးယားလူမျိုးတို့၏ငွေချေးအတိုးနှုန်းနှင့် အလွန်ကွာဟပါသည်။ အချုပ်ကိုကြည့်လျှင်မူ ဘုရားရှင်၏နှုတ်ကပတ်တော်အရ ငွေချေးသူများ အတိုးယူခြင်းသည် လုံးဝမှားယွင်းသောလုပ်ရပ်ဖြစ်သည်ဟုဖော်ပြသည်။ (နေဟမိ ၅း၁၀)။ စိတ်ဝင်စားဖွယ်မှာ လူတို့သည် မြည်တွန်တောက်တီးရာ၌ ယင်းအကြောင်းမပါချေ။ အရာရာတိုင်းသည် ထုံးစံဓလေ့နှင့်ြုပမူဆက်ဆံရေး စံနှုန်းစံထားအတိုင်း ပုံမှန်သာသွားနေသည်။ ဥပဒေ၏ခွင့်ြုပချက်အတိုင်းလည်း ဖြစ်နေသည်။ သို့ဖြစ်လျှင် နေဟမိသည် မည်သည့်အတွက်ကြောင့် ‘အမျက် လွန်စွာထွက်’ ရသနည်းမှတ်သားဖွယ်ရာမှ သူသည် ချက်ချင်းအရေးယူမှုကို မြုပ၊ သေသေချာချာတွေးဆပြီးမှ ဆုံးဖြတ်ချက်ချသည်။
နေဟမိကိုင်တွယ်ရသောပြဿနာသည် ဆုံးဖြတ်ချက်ချရာ၌ အံ့ဩ ဖွယ်ကောင်းလှသည်။ ညည်းတွားမြည်တမ်းသူကို လျစ်လျူမရှုထားပါ။ ဥပဒေ ကိုချိုးဖောက်ခြင်းအမှုမဟုတ်၊ လူမှုအသိုက်အဝန်း၌လည်း ခွင့်ြုပသောကိစ္စဖြစ် သည်။ ပတ်ဝန်းကျင်လူမျိုးများနှင့်နှိုင်းစားလျှင်လည်း ငှင်းအတိုးကိစ္စသည် သင့်တင့်မှုရှိ၏။ ယခုအခြေအနေမှာ တရားသဘောကိုလွန်ကျူးခြင်းအခြေ အနေတွင်ရောက်ရှိနေသည်။ အထူးသဖြင့် စီးပွားရေးကျပ်တည်းသောအချိန် တွင် လူတို့သည် တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီရမည်။ ဘုရားရှင်သည် အနှိမ်ခံလူများ၊ လိုအပ်နေသူများဘက်မှနေတော်မူသည်။ ပုရောဖက်ကိုစေလွှတ် ပြီး ဆင်းရဲသားများကို နှိပ်စက်၊ ဖိနှိပ်သောမကောင်းမှုတို့ကို သတိပေး ပြောကြားစေသည်။
ဥပဒေညွှန်ကြားမှုအတိုင်း ကျွန်ုပ်တို့လုပ်ဆောင်နေသည့်တိုင် ပြဿနာ ၏နောက်ကွယ်၌ ဩတ္တပ္ပသဘောထား၏လှုံ့ဆော်မှုကို မည်သို့တုံ့ပြန်မည် နည်း။ (မိက္ခာ ၆း၈)။

အင်္ဂါ အောက်တိုဘာ ၂၉

နေဟမိလုပ်ရပ်များ

အထက်တန်းလွှာနှင့်အုပ်ချုပ်သူလူတန်းစားများတို့ ပြင်းထန်စွာအပြစ် ပြောရာ၌ ‘သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည်တကား’ နေဟမိ ၅း၇။ ထိုမျှလောက်နှင့်နေဟမိသည်အဆုံးမသတ်။ ရပ်နားခြင်းမရှိ ဘဲ ဆက်လက်၍အဖိနှိပ်ခံလူများအတွက် တိုက်ခိုက်ပြောဆိုသည်။ အမှန်မှာ ဆုံးမပါမည်၊ သတိပေးပါမည်ဟု သူ၌ရှောင်ဖယ်ပြောဆိုလျှင်ရသော်လည်း၊ ယင်းပြဿနာကိုထုတ်ဖော်ရှင်းလင်းခဲ့သည်။ နောက်ဆုံးတွင် သူကိုယ်တိုင် ရင်ဆိုင်သွားရမည့်သူများသည် အထက်တန်းလွှာပုဂ္ဂိုလ်များနှင့် လူချမ်းသာ၊ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသူများကိုပင်ဖြစ်သည်။ ပြဿနာ၏အဖြေမပေါ်ပေါက် မချင်း ကျေနပ်မှုမရှိသေးပါ။ ရန်သူကြီးများဖြစ်လာနိုင်ပါစေ လုံးဝအလျှော့ မပေးချေ။
နေဟမိ ၅း၇-၁၂ ကိုဖတ်ပါ။ နေဟမိအချေအတင်ဖြစ်ရသော အကြောင်းသည် မည်သည့်အကြောင်းဖြစ်သနည်း။ အမှားကိုအမှန်ရောက် အောင် လူများကိုမည်သို့သွေးဆောင်ခဲ့သနည်း။
နေဟမိသည် လူထုအစည်းအဝေးကိုခေါ်လိုက်သည်။ ဣသရေလ လူအားလုံး ပြဿနာကိုပြေလည်အောင်ဖြေရှင်းရန် စုရုံးလာကြ၏။ လူထုကို ထိုသို့ခေါ်ယူစုရုံးရခြင်း၌ ခေါင်းဆောင်များ၏စိတ်တွင် မိမိတို့ဖိနှိပ်ခဲ့မှုအတွက် အရှက်ရစေရန်နှင့် ဆက်လက်လုပ်ဆောင်ရန်မဝံ့စေရေးအတွက်ဖြစ်ဟန်တူသည်။ ကျွန်အဖြစ်ရောင်းချခံရခြင်းအကြောင်းအရင်ြးုပလျက် နေဟမိအပြစ်တင်ခဲ့သည်။ ယုဒလူများ နေဟမိအပါ၊ မိမိတို့၏အမျိုးသားချင်းများ တစ်ပါးအမျိုးသား အောက်ကျွန်ဘဝရောက်နေရခြင်းကို ပြန်လည်ရွေးယူ၍လွတ်လပ်ခွင့်ပေးခဲ့ကြ သည်။ မိမိတို့၏လူမျိုးအထက်တန်းလွှာနှင့်အုပ်ချုပ်သူများကို နေဟမိသည် ပြတ်သားစွာမေးခွန်းထုတ်ခဲ့သည်မှာ အမျိုးသားချင်းကျွန်ရောင်းဝယ်ြုပခြင်းကို လက်ခံသည်လက်မခံသည်ကို ဆုံးဖြတ်စေကြသည်။ ထိုအတွေးအမြင်ခံစား ချက်ပေါ်လာကာ ဣသရေလလူမျိုးများ ယုဒအားလုံးကိုပြန်လည်ဝယ်ယူပြီး ကျွန်သဘောက်ဘဝမှလွတ်ငြိမ်းခွင့်ကိုပေးကာ အဆုံးသတ်ခဲ့သည်။
ခေါင်းဆောင်ကြီးများသည် မည်သည့်စကားမျိုးကိုမျှမဟခဲ့။ အကြောင်း မှာ ထိုကိစ္စသည် အကျိုးအကြောင်းလျော်ကန်သင့်မြတ်ကြောင်း အမြင်ရှိကြ ခြင်းကြောင့်ဖြစ်သည်။ သို့အတွက်ကြောင့် နေဟမိသည် ဆက်လက်ပြီးမေးခွန်း ထုတ်ခဲ့သည်။ ‘ငါတို့ရန်သူဖြစ်သော တစ်ပါးအမျိုးသားတို့သည် ငါတို့ကို ကဲ့ရဲ့မည်ဟုစိုးရိမ်၍ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့်သင်တို့ ကျင့်သင့်သည်မဟုတ်လော’ (နေဟမိ ၅း၉)။ နေဟမိကိုယ်တိုင်မှ မိမိ၏ လူမျိုးများကို ငွေနှင့်စပါးသီးနှံများချေးပေးပိုင်သည်ဟုပြောကြားသည်။ ကြေညာ ချက်ကိုလည်း တစ်ဆက်တည်း ‘အတိုးစားသောအမှုကိုပယ်ဖြတ်ကြပါလော့’ (နေဟမိ ၅း၁၀)။ ဟေဗြဲအမျိုးသားအချင်းချင်းအပေါ်ြုပမူဆက်ဆံရမည့် တရားဥပဒေကိုလည်း အတည်ြုပခဲ့ကာ၊ အုပ်ချုပ်သူနှင့်အအုပ်ချုပ်ခံသူအကြား ကျေအေးကြပါရန် တောင်းပန်ခြင်းအမှုအချင်းချင်ြးုပစေသည်။ အံ့ဖွယ်တုံ့ပြန် မှုအပေါင်းသည် တညီတညွတ်တည်း၊ တစ်စိတ်တစ်ဝမ်းတည်းဖြစ်လာခဲ့သည်။ ခေါင်းဆောင်များလည်း မိမိတို့ဖိနှိပ်မိခဲ့သမျှအားလုံးကို လူများအားပြန်လည် ပေးချေပါမည်ဟုကတိပေးကြသည်။
လူတစ်ဦးဦးကိုမှားယွင်းခြင်ြးုပခဲ့ဖူးသလား။ ရိုးသားခြင်းအပြည့်ဖြင့် အဖြေပေးရလျှင်၊ ‘ြုပခဲ့ပါသည်’ ဟုဖြေဆိုရမည်။ မည်သည့်အဆင့်အထိ ရောက်နေပါစေ၊ သင်ပြန်ပေးရမည်။ ယခုပြန်ပေးမည်လား။

ဗုဒ္ဓဟူး အောက်တိုဘာ ၃၀

ကျမ်းကျိန်ချက်တစ်ခု

နေဟမိ ၅း၁၂၊၁၃ ကိုဖတ်ပါ။ သဘောတူညီခဲ့မှုအပေါ် ကတိမတည် သူများကို နေဟမိမည်သို့သောကျိန်ခြင်းကို ကြေညာခဲ့သနည်း။
ခေါင်းဆောင်များသည် မိမိတို့ယူခဲ့မိသည့်အတိုးများကို ပြန်၍ပေး ပါမည်ဟု ကတြိုပဝန်ခံကြသည့်တိုင် နေဟမိမှာ ကျေနပ်နိုင်ခြင်းမရှိသေးပါ။ ပို၍ခိုင်လုံသောသက်သေကိုအလိုရှိ၏။ ထိုကြောင့်သူသည် ထိုသူတို့ကို ကျမ်းကျိန်စေသည်။ ကျမ်းကျိန်ခြင်းကို ယဇ်ပုရောဟိတ်မင်းများ၏ရှေ့၌ြုပလုပ်ရသည်။ ထိုသိြု့ပလုပ်ခြင်းသည်လည်း နောင်အခါဆက်လက်လုပ်ဆောင် ရန် တိကျသောတရားဝင်အမှုတစ်ခုဖြစ်စေသည်။
သို့သော် အဘယ့်ကြောင့်သူသည် ကျိန်ခြင်းအမိန့်ကိုကြေညာ ပြောကြားခဲ့သနည်း။ နေဟမိသည် မိမိ၏ဝတ်ရုံအောက်ပိုင်းကိုဆွဲယူကာ ဝတ်ရုံထဲပစ္စည်းသိမ်းထည့်သည့်အမူအရာဖြင့် ပုံဆောင်ပြသလျက်၊ ထိုသိမ်း ထည့်သောအရာကို ခါထုတ်သည့်ပုံဖြင့် လူတို့ကိုပြသသည်။ သို့ဖြင့် ကျိန်ဆို ထားသောကျမ်းကျိန်ခြင်းကို ဖောက်ဖျက်သောသူမည်သည် မိမိ၏အမျိုးမှ ခါထုတ်ခံရမည်ဟူသောသင်္ကေတဖြစ်သည်။ စည်းမျဉ်းဥပဒေနှင့်ပညတ်ချက် ကို လိုက်နာရန်ဖြစ်၏။ လူတို့သည်လည်း ကျိန်ဆိုထားသောဥပဒေတစ်ခုကို ချိုးဖောက်ခြင်းနည်းလာသည်။ နေဟမိသည် ထိုသို့လုပ်ဆောင်ခြင်းအတွက် မိမိ၏လုပ်ဆောင်ချက်များ အောင်မြင်မှုရှိစေရန်အတွက် အရေးကြီးသောလုပ်ရပ် ဟု ယုံကြည်ခံစားရသည်။
ဓမ္မဟောင်းကျမ်း၏သွန်သင်ချက်များအရ၊ လူတို့သည် ကျမ်းကျိန် ခြင်းအပေါ် မည်သို့ရိုသေလေးစားမြှုပခဲ့သနည်း။ (တောလည်ရာ ၃၀း၂။ တရားဟော ၂၃း၂၁-၂၃။ ဒေ ၅း၎။ ဝတ် ၁၉း၁၂။ ကမ္ဘာ ၂၆း၃၁)။
အဆုံး၌ ပြောဆိုခြင်းအရာသည် ဘုရားရှင်လူတို့ကိုပေးသနားထား သော တန်ခိုးပါသည့်လက်ဆောင်တစ်ခုဖြစ်သည်။ တိရစ္ဆာန်နှင့်ကွာသောအချက် မှာ ထိုအချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏စကား၌ဩဇာပါသည်။ သေရေး ရှင်ရေးအထိ ထိုစကားသည်အရေးပါလှသည်။ ထိုကြောင့် စကားအရာ၌ ကျွန်ုပ်တို့အထူးသတိထားရမည်။ မည်သို့ကတိပေးပြောဆိုခဲ့သည်၊ မည်သို့ သောကျိန်ဆိုခြင်းစကားမျာြးုပခဲ့သည်ကို အထူးသတြိုပရပါမည်။ ကျွန်ုပ်တို့ ၏ပြောစကားနှင့်လုပ်ရပ်ကိုက်ညီရန်လည်း အလွန်အရေးကြီးသည်။ ယနေ့ မိမိကိုယ်ကိုခရစ်ယာန်ဟြုွေကးကြော်ပြီး နေပုံထိုင်ပြုံပမူပုံ၌ ခရစ်ယာန်မပီသသူ မည်မျှရှိသနည်း။
သင်၏စကားသည် တစ်ဖက်သားအပေါ်မည်မျှထိရောက်မှုရှိကြောင်း သင်ဆင်ခြင်ပါ။ ကျွန်ုပ်တို့ပြောထွက်သောစကားအပေါ် အထူးသတိထားရ မည်ကို မည်မျှသင်ယူလေ့လာထားသနည်း။ ပြောရမည့်အချိန်၊ ပြောရမည့် ပုံစံအနေအထားကို လေ့လာသိရှိထားပါသလား။

ကြာသပတေး အောက်တိုဘာ ၃၁

နေဟမိ၏ပုံပမာ

နေဟမိ ၅း၁၄-၁၉ ကိုဖတ်ပါ။ နေဟမိသည် လူများထံမှကုန်ကျ သော ‘ြုမိ့ဝန်ရိက္ခာ’ ကို မတောင်းရခြင်းအကြောင်းသည် မည်သည့်အကြောင်း ကြောင့်နည်း။ (နေဟမိ ၅း၁၈)။
နေဟမိ၏ရေးသားချက်များကို သုံးသပ်မိသောသူသည် ယုဒပြည်၌ ၁၂ နှစ်ကြာအုပ်ချုပ်မှုအတွေ့အြုကံရပြီးနောက် အာတေဇေရဇ်မင်းကြီးထံ ပြန်ရောက်လာချိန်၌ ရေးသားထားဟန်ရှိသည်။ အုပ်ချုပ်သူများရပိုင်ခွင့်ရှိသော အရာများကိုပင် နေဟမိအလျှင်းမတောင်းဆိုခဲ့။ မိမိအသက်ရှင်နေထိုင်နိုင်ရန် ငွေကြေးအထောက်အပံ့ကိုလုံးဝမယူခဲ့ပါက သူသည် မိမိအသုံးစရိတ်ကို မိမိ ကိုယ်တိုင်သာကုန်ကျခံခဲ့သည့်အပြင် မိသားစုနှင့်ရုံးတော်ကုန်ကျစရိတ်ကိုလည်း ကိုယ်တိုင်အကုန်အကျခံခဲ့သူဖြစ်သည်။ အခြားအုပ်ချုပ်သူတစ်ဦး၏အမည်ကို ဇေရုဗဗေလဟု ကျွန်ုပ်တို့သိရသည်။ ပထမြုမိ့ဝန်ဖြစ်သည်။ နေဟမိမှ ‘ယခင်ြုမိ့ဝန်’ ဟုဖော်ပြသောစကား၌ ဇေရုဗဗေလနှင့် မိမိမတိုင်မီစပ်ကြားြုမိ့ဝန် များကိုဆိုလိုဟန်ရှိသည်။ ရလဒ်အနေဖြင့် မိမိအလုပ်တာဝန်များကို ရုံးတော် ၌ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ ငွေကြေးအကုန်အကျခံခဲ့သူဖြစ်သည်။ ရာထူးရရှိ၍ ချမ်းသာလာမည်ဟုမျှော်လင့်မည့်အစား နေဟမိသည် မိမိပိုင်ဆိုင် မှုများကို လက်လွတ်ဆုံးရှုံးခံသူဖြစ်သည်။ နေဟမိသည်ြွကယ်ဝချမ်းသာသူ တစ်ဦးဖြစ်နေ၍သာ နေ့စဉ်လူများစွာစားရန်အစာကို ကိုယ်တိုင်ကုန်ကျခံပြီး စီစဉ်ပေးနိုင်ခဲ့သည်။ စေတနာသဒ္ဓါစိတ်ထက်သန်သူလည်းဖြစ်သည်။ (နေဟမိ ၅း၁၇၊၁၈)။
အာဗြဟံသည် ပတ်ဝန်းကျင်ပတ်လည်ပြည်များမှ လာရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သော မိမိ၏လူမျိုးကို ပြန်လည်ကယ်တင်ခြင်းမျိုးနှင့်မတူသော် လည်း (ကမ္ဘာဦး ၁၄)၊ နေဟမိ၏အရေးပါလုပ်ဆောင်မှုသည် ထိုကဲ့သို့ အလားသဏ္ဌာန်တူကြောင်းပေါ်လွင်သည်။ နေဟမိ ၅း၁၉ ကိုဖတ်ပါ။ ဤနေရာ၌သူမည်သို့ဆိုထားသနည်း။ ဧဝံဂေလိသဘောအရ၊ ကျွန်ုပ်တို့မည်သို့ နားလည်နိုင်မည်နည်း။
နေဟမိ၏လုပ်ဆောင်ချက်ကို ပုံပမာယူရလျှင်၊ ဘုရားကိုဦးထိပ်ထား သူသည် ဘုရားရှင်မှအောင်မြင်ခြင်းအခွင့်ပေးလိမ့်မည်ဖြစ်သည်။ အလွန်တရာ ကောင်းသောသင်ခန်းစာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်စီကိုယ်င အခြေအနေ ပေါ်မူတည်ပါသည်။ အခက်အခဲပြဿနာများစွာမရှိသောအခါ ဘုရား၏အမှု တော်ကိုဆောင်ရွက်ရန်လွယ်ကူသည်။
ဖိလိပ္ပိ ၂း၃-၈ ကိုဖတ်ပါ။ မည်သို့သောနည်းဖြင့် သင်သည် ကိုယ်ကျိုးစွန့်သောအသက်တာမျိုးကို ယခုပြသနိုင်ပါမည်လား။

သောကြာ နိုဝင်ဘာ ၁

ထပ်ဆင့်လေ့လာရန်

အယ်လင်ဂျီဝှိုက်၏ပုရောဖက်နှင့်ဘုရင်များမှ စာမျက်နှာ ၆၄၆-၆၅၂ တွင် “A Rebuke Against Extortion” ကိုရှာဖွေဖတ်ပါ။
‘နေဟမိသည် ဆင်းရဲသားကိုဖိနှိပ်ခြင်းသတင်းကြားသောအခါ စိတ်ထဲ ၌ဒေါသထွက်ပြီး မခံမရပ်နိုင်အောင်ဖြစ်လာသည်။ ]ထိုသို့အပြစ်တင်စကား၊ မြည်တမ်းသောစကားကို ငါသည်ကြားသောအခါ အလွန်ညှိုးငယ်သောစိတ် ရှိ၍} ဟုနေဟမိပြောခဲ့သည်။ ဖိနှိပ်မှုကို မျှတစွာရဲရဲရင်ဆိုင်မည်ဟုဆုံးဖြတ် လိုက်သည်။ ထိုသို့သောထူးခြားရဲရင့်သည့်ခွန်အားဖြင့် ဆုံးဖြတ်ချက်ချကာ မိမိ၏ညီအစ်ကိုတို့ကို သက်သာစေခဲ့သည်။’ Ellen G. White, Prophets and Kings, p. 648.
‘ယေရှုရှင်သည် ကျမ်းကျိန်ခြင်းအမြှုပရန်မလိုအပ်ကြောင်း စည်းမျဉ်း စည်းကမ်းချမှတ်ပေးခဲ့သည်။ အမှန်ကိုအမှန်အတိုင်းပြောဆိုရန် သွန်သင်တော် မူခဲ့သည်။ သင်တို့ပြောဆိုသောအရာမှာ ဟုတ်လျှင်ဟုတ်ကြောင်း၊ မဟုတ် လျှင်မဟုတ်ကြောင်းသာပြောဆိုပါ။ ထိုထက်ပိုလျှင်အပြစ်ပင်ဖြစ်သည်။‘ Ellen G. White, Thoughts from the Mount of Blessing, p. 67.
‘အဓိပ္ပါယ်မဲ့ပြောသောစကား၊ အပိုထည့်ပြောသောစကားများကို ရှုတ်ချသည်။ လှည့်ဖြားတတ်သောစကား၊ အမှန်တရားကိုရှောင်ဖယ်ပြောဆို သောစကား၊ မြှောက်ပင့်ပြောဆိုသောစကား၊ အမှန်အရှိထက်ပို၍ချဲ့ကားပြောဆို သောစကား၊ မှားယွင်းသောကိုယ်စာြးုပပြောစကားများသည် ယနေ့စီးပွားရေး လောကနှင့်လူမှုဆက်ဆံရေးတွင်ခေတ်စားနေသည်။ ဟန်ဆောင်မကောင်းသူ ကို မှန်ကန်သူမဟုတ်ဟု သွန်သင်ခံယူကြသည်။ ထိုသိြု့ပသူများကိုရှုတ်ချ သည်။’ page 68.
-ဝ-
dammang

Recent Posts

Living on a Prayer: Celeste Ryan Blyden, First Female Executive Secretary of Columbia Union, On Her New Role

Celeste Ryan Blyden is the first woman ever elected as executive secretary of the Columbia…

4 years ago

News Briefs for November 18, 2021

News reports from Adventist Health, Kazakhstan, Rwanda, Southwestern Adventist University, more. Coat of Honor The…

4 years ago

How are Creation and Worship Tied Together?

President of the Seventh-day Adventist World Church, Ted N.C. Wilson, talks about why we recognize…

4 years ago

Celebrating God’s Creation Through Nature

President of the Seventh-day Adventist World Church, Ted N.C. Wilson, invites everyone to celebrate Creation…

5 years ago

Fasting and Prayer for Witnessing

President of the Seventh-day Adventist World Church, Ted N.C. Wilson, and his wife Nancy, share…

5 years ago

Adventist Church in the Euro-Asia Division Welcomes Distinguished Guests

RUSSIA | PUBLIC RELATIONS DEPARTMENT EAD SEPTEMBER 30, 2021 The 90th meeting of the Advisory…

5 years ago