Categories: Spiritual

ဒုံရင်းပြန်၍ဖောက်ပြန်သောလူမျိုး l11

သင်ခန်းစာ (၁၁)

ဒုံရင်းပြန်၍ဖောက်ပြန်သောလူမျို

ဒီဇင်ဘာ ၇ – ၁၃

ဥပုသ်နေ့မွန်းလွဲပိုင်း ဒီဇင်ဘာ ၇
ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၁၃း၁-၉။ တရားဟော ၂၃း၃-၆။ နေဟမိ ၁၃း၁၀-၁၄။ တောလည် ၁၈း၂၁-၂၄။ နေဟမိ ၁၃း၁၅-၂၂။ ယောဟန် ၅း၅-၁၆။
အလွတ်ကျမ်းချက်
‘လေဝိသားတို့သည်လည်း ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကိုစောင့်ရမည်အကြောင်း ငါမှာထား၏။ အိုအကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့်အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ’ (နေဟမိ ၁၃း၂၂)။
အခန်းကြီး (၁၂) နှင့် (၁၃) စပ်ကြားတွင် နေဟမိသည် ဗာဗုလုန်သို့ပြန်လာသည့်အကြောင်း မှတ်တမ်ြးုပထားသည်။ မည်မျှကြာကြာ နေခဲ့သည်ကိုဖြင့် မသိရသော်လည်း၊ သူအမှန်တကယ်ပြန်လာခဲ့သည်။ (ဘီစီ ၄၃၀-၄၂၅) ဝန်းကျင်ခန့်ဖြစ်မည်။ လူများတို့သည် ဒုံရင်းသို့ပြန်၍ဖောက်ပြန် ကြပြန်သည်။ ထာဝရဘုရားနှင့်ပဋိညာဉ်ကတိကဝတ်မျာြးုပခဲ့သည်မှန်သော် လည်း (၁) ရုပ်တုကိုးကွယ်သူများနှင့် လက်ထပ်ထိမ်းမြားခြင်းမြုပပါ။ (၂) ဥပုသ်တော်နေ့ကိုသတိကြီးစွာစောင့်ထိန်းပါမည်။ (၃) ဗိမာန်တော်၏ ဝေယျာဝစ္စမှန်သမျှကို ထောက်ပံ့ကူညီပါမည်။ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေကို သစ္စာရှိစွာပေးပါမည်။ (နေဟမိ ၁၀) စသည့်ကတိကဝတ်များထားရှိခဲ့ သော်လည်း သူတို့သည် ကတိပဋိညာဉ် (၃) မျိုးလုံးကိုချိုးဖျက်၍ ဒုံရင်းသို့ ဖောက်ပြန်ကြပြန်၏။
နေဟမိပြန်ရောက်ရှိလာသောအခါမှာ လူတို့သည် ဘုရားတရား ကိုင်းရှိုင်းမှု၌ အလွန်လျော့ရဲနေသည်ကိုမြင်ရ၏။ မိမိတို့၏ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေကို ပြန်လည်ပေးအပ်ခြင်းမရှိတော့။ ဗိမာန်တော်၏အခန်းနေရာများ ကို တခြားကိစ္စများအတွက်အသုံြးုပစြုပလာသည်။ ဥပုသ်တော်နေ့ကိုရိုသေ လေးစားခြင်းမရှိတော့ပါ။ ပတ်ဝန်းကျင်ရှိတစ်ပါးအမျိုးသားများနှင့် လက်ထပ် ပေါင်းသင်းကြသည်။ အဆိုးဆုံးအရာမှာ၊ ကျန်ရစ်သောခေါင်းဆောင်တို့သည် ဣသရေလူမျိုးတစ်မျိုးလုံးကို ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းအမှု၌ လုံးဝ ပျက်စီးသွားစေခဲ့သည်။ ထိုသို့မြင်တွေ့ရ၍ နေဟမိအနေဖြင့် ယူကျုံးမရဖြစ် ရခြင်းအပေါ် အံ့ဩစရာမရှိပါ။ ထိုအခြေအနေကို လူမျက်နှာလိုက်၍ တိတ်တဆိတ်လက်ခံမည့်အစား နေဟမိ၏အကျင့်စာရိတ္တအတိုင်း ဘုရားသခင် ၏ဘုန်းတော်ကိုထောက်၍ြုပပြင်မြှုပခဲ့သည်။
တနင်္ဂနွေ ဒီဇင်ဘာ ၈
အမည်းစက်ထင်းသွားသောဗိမာန်တော်အတွင်းခေါင်းဆောင်မှု
နေဟမိ (၁၃) ၌ အမ္မုန်အမျိုးသားနှင့်၊ မောဘအမျိုးသားတို့ ဝင်ရောက်လာပြီး ရုပ်တုကိုးကွယ်မှုဓလေ့များကို သွတ်သွင်းလာပုံကိုရေးသား ထားသည်။ (နေဟမိ ၁၃း၁-၃) အဆိုပါကျမ်းချက်များသည် ဘုရားသခင် ၏နောက်တော်သို့လိုက်နေသူများအား အဝေးသို့မောင်းထုတ်နေသောအြုပအမူ မျိုးကိုမဆိုလိုပါ။ သူတို့၏ယုံကြည်ခြင်းအပိုင်းကိုသာ လွင့်စင်သွားစေသော အကြောင်းကို ရေးသားထားသည်။ ရုပ်တုကိုးကွယ်မှုအပိုင်းကိုသာ ဖော်ပြခြင်း ဖြစ်သည်။ (တရားဟော ၂၃း၃-၆)။
နေဟမိ ၁၃း၁-၉ ကိုဖတ်ပါ။ ဧလျာရှိပ်နှင့်တောဘိဆိုသူများသည် မည်သူများဖြစ်ကြသနည်း။ အဘယ်ကြောင့်ထိုသူတို့ကိုလက်ခံနိုင်စရာအကြောင်း မရှိသနည်း။ နေဟမိ ၂း၁၀၊၁၉။ ၃း၁။ ၁၂း၁၀၊၂၂။ ၁၃း၂၈။
ဧလျာရှိပ်နှင့်တောဘိနှစ်ဦးလုံးသည် နေဟမိကျမ်း၌ သူတို့၏အကြောင်း ကိုရေးသားထားသည်။ ဧလျာရှိပ်သည် ယဇ်ပုရောဟိတ်မင်းဖြစ်၏။ ဗိမာန် တော်ကိုစီမံအုပ်ချုပ်ရသောတာဝန်ခံလည်းဖြစ်၏။ တောဘိသည် အမ္မုန် အမျိုးသားရန်သူကြီးဟု ဖော်ပြထားသည်။ ယေရုရှလင်ြုမိ့တည်ဆောက်ရာ၌ အနှောင့်အယှက်အပေးဆုံးရန်သူဟု နေဟမိသဘောထား၏။ ဧလျာရှိပ်နှင့် တောဘိတို့ လက်ဝါးချင်းရိုက်စီစဉ်သောအရာမှာ လက်ထပ်ထိမ်းမြားပေးခြင်း ဖြင့် သွေးနှောခြင်းအမြှုပရန်အကြံပေးကြသည်။ သွေးနှောခြင်းကိစ္စ ထိမ်းမြား လက်ထပ်ပေးခြင်းမှတ်တမ်းမှတ်ရာ အတိအကျမြုပထားသော်လည်း၊ ကျွန်ုပ် တို့သိရသောအချက်မှာ တောဘိဟူသောအမည်မှာ ယုဒလူမျိုး၏ဝေါဟာရ စကားအခေါ်အဝေါ်ဖြစ်၍၊ ‘ဘုရားသခင်သည် ကောင်းမြတ်တော်မူသည်’ ဟုအဓိပ္ပါယ်ရ၏။ ယုဒလူမျိုးနောက်ခံအင်အားစုသူ၌ရှိကြောင်း သေချာလှ သည်။ သူ၏မယားဘက်မှမိသားစုဆင်းသက်လာသောအနွယ်မှာ ‘အာရပ်’ ၏မျိုးနွယ်ဖြစ်သည်။ ရာဇဝင်မှတ်တမ်ြးုပစုထားခြင်းမရှိသော်လည်း ဧလျာရှိပ် နှင့်ဆွေးမျိုးတော်စပ်မည်မှာသေချာသည်။ ထပ်၍ဖြည့်စွက်သည့်အနေဖြင့် နေဟမိကိုဆန့်ကျင်သောသမ္ဘာလတ်၌ သမီးတစ်ယောက်ရှိပြီး၊ ဧလျာရှိပ်၏ မြေးနှင့်လက်ထပ်ယူကြသည်။ ထိုသို့ဆိုလျှင်ဖြင့် နေဟမိ၏ဦးဆောင်ဦးရွက်ြုပမှုကို ကဖျက်ယဖျက်လုပ်နေသောသူတို့သည် အရာရှိထိပ်တန်းခေါင်းဆောင် များဖြစ်သည်ကို မြင်တွေ့နိုင်သည်။
ြုမိ့ဝန်မင်းမရှိသောအချိန်၌ ယဇ်ပုရောဟိတ်မင်းကြီးသည် တောဘိ အား ဗိမာန်တော်မှအခန်းတစ်ခန်းကိုပေးပြီး ဆယ်ဖို့တစ်ဖို့၊ အလှူငွေနှင့် လက်ဆောင်များကို သိုလှောင်စေသည်။ တောဘိသည်လည်း ထိုဗိမာန်တော် အခန်းတွင်း အပိုင်နေလေ၏။ ထိုသို့ဆိုလျှင်ဖြင့် ထိပ်တန်းခေါင်းဆောင်ကြီး များစာရင်း၌ တောဘိသည်လည်း တစ်ဦးအပါအဝင်ဖြစ်စေသည်။
နောက်ဆုံးတွင် နေဟမိ၏ဦးဆောင်မှုကို ကဖျက်ကယက်လုပ်သူတို့သည် သူတို့၏အလိုဆန္ဒပြည့်စုံခဲ့သည်။ အားလုံးတို့သည် နေဟမိကြိုဖတ်ချပြီး၊ ငှင်းတို့အထဲမှတစ်ဦးဦးကို ရာထူးပေးချင်လာသည်။ ကံအားလျော်စွာ နေဟမိ သည်ထိုင်နေပြီး အလုပ်မလုပ်သူမဟုတ်ခဲ့ပါ။
သန့်ရှင်းသောရာဇဝင်တစ်လျှောက် ဘုရားရှင်၏လူများ၊ ဂျူးလူမျိုး နှင့်ရှေးခေတ်ဣသရေလလူများအပါအဝင် ဓမ္မသစ်အချိန်နောက်ပိုင်း ခရစ်တော် နောက်လိုက်များပင်လျှင် ခေါင်းဆောင်ရာထူးကိုလုယက်နေကြပါသလား။ ထိုအမှားကို ကျွန်ုပ်တို့အဘယ်နည်းလမ်းဖြင့် ရှောင်ကြဉ်နိုင်မည်နည်း။
တနင်္လာ ဒီဇင်ဘာ ၉
လုပ်ငန်းခွင်အတွင်းမှလေဝိသားများ
နေဟမိ ၁၃း၁၀-၁၄ ကိုဖတ်ပါ။ နေဟမိရှာကြံကုစားပေးခဲ့သော အရာမှာ မည်သည့်အရာဖြစ်သနည်း။
သီချင်းသည်များ၊ တံခါးစောင့်များနှင့် ဗိမာန်တော်အမှုထမ်းများသည် လယ်ယာလုပ်ငန်းခွင်သို့ပြန်သွားပြီး မိမိတို့မိသားစုကိုလုပ်ကျွေးရန် အလုပ်လုပ် ကြရမည်။ အကြောင်းရင်းမှာ ဘုရားအမှုတော်ကိုထောက်ပံ့ခြင်းမြုပကြတော့ သည့်အတွက်ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေအားလုံးပေးကမ်းမှုအစီအစဉ် မှာ လုံးဝပျက်စီးသွားပြီဖြစ်သည်။ နေဟမိပြန်လည်စတင်ရန်ဖြစ်သည်။ မြင်ရ သမျှအရာအားလုံးမှာ စိတ်ပျက်စရာချည်းသာဖြစ်သည်။
ဗိမာန်တော်ကိုရှုတ်ချသော ပရမ်းပတာအလုပ်များသာမက အလှူငွေ များကိုလည်း အလွဲသုံးစာြးုပကြသည်။ ထိုကိစ္စသည် လူတို့၏ရက်ရောခြင်း စိတ်ကို အားလျော့စေပါသည်။ စိတ်ပန်းလူပန်းဖြစ်သွားစေပြီး ဆယ်ဖို့တစ်ဖို့ ပေးလှူစိတ်များပျောက်ဆုံးသွားသည်။ ထာဝရဘုရား၏အိမ်တော်သိုလှောင်ရာ အခန်းသည်လည်း အလွန်ဆင်းရဲခြင်းနှင့်ရင်ဆိုင်သွားရသည်။ ဗိမာန်တော် အတွင်းရှိသီချင်းသည်များနှင့်အမှုဆောင်များအားလုံး လုံလောက်သောထောက်ပံ့ မှုမရရှိတော့ပါ။ ဘုရားရှင်၏အမှုတော်ကိုဆောင်ရွက်ရန် လှစ်လှပ်သွားကြ ရသည်။ အယ်လင်ဂျီဝှိုက်၊ Prophets and Kings, p. 670.
ယုဒလူမျိုးတို့သည် အတူတကွပျက်စီးသွားသောအရာမှန်သမျှကို ပြန်လည်ြုပပြင်ကြသည်။ နေဟမိဘက်၌ရပ်တည်ပြီး တောဘိနှင့်ဧလျာရှိပ်ကို ဆန့်ကျင်ကြ၏။ အကြောင်းမှာ နေဟမိသည်သာ သူတို့အကျိုးအတွက် စွမ်းဆောင်ပေးခဲ့ကြောင်းကို သိရှိကြသောကြောင့်ဖြစ်သည်။ နေဟမိသည် စိတ်ချရသောသူများကိုရွေးချယ်ပြီး၊ ဗိမာန်တော်ကိုစောင့်ကြပ်ြုပစုစေသည်။ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများကို ကောက်ခံရမည့်တာဝန်ကိုလည်းပေးလိုက်၏။ ရရှိသောအရာအားလုံးကို စနစ်တကျထားရှိရန်လည်းညွှန်ကြားသည်။ အဖွဲ့သား အားလုံးကိုလည်း အချိုးကျဝေငှထောက်ပံ့ပေးသည်။ တစ်နည်းအားဖြင့် နေဟမိ သည် ပျက်စီးနေ၍၊ ပရမ်းပတာဖြစ်နေသောခေါင်းဆောင်မှုမှန်သမျှကို အမြစ် မှတူးဖော်ပစ်လိုက်သည်။
သစ္စာရှိသောသူများကိုသာ နေဟမိရွေးချယ်တင်မြှောက်ပြီး ဗိမာန် တော်ကိုကွပ်ကဲစေသည့်တိုင် ဧလျာရှိပ်သည် ယဇ်ပုရောဟိတ်မင်းရာထူးကို မက်မောဆဲ၊ ဖက်တွယ်ဆဲ လက်မလွှတ်သေးပါ။ အာရုန်အနွယ်မှဆင်းသက် သူဟုအကြောင်းပြသည်။ နေဟမိတင်မြှောက်သောလူတို့သည် ယဇ်ပုရောဟိတ် မင်း၏တာဝန်အချို့ကို တာဝန်ယူစေသောကြောင့် ဧလျာရှိပ်အတွက်လုပ်ဆောင် ရန် အင်အားချည့်နဲ့သွားသည်။ သို့သော်လည်း သူသည် ယဇ်ပုရောဟိတ် မင်းကြီးဖြစ်နေဆဲဖြစ်သည်။
နေဟမိ၏ဆုတောင်းချက်၌ ‘အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်၏ဘုရားသခင့်အိမ်တော်အဖို့၊ အိမ်တော်အမှုစောင့်ခြင်းအဖို့ အကျွန်ုပ်ြုပသောကျေးဇူးကိုချေတော်မမူပါနှင့်။ ထိုဆုတောင်းချက်ကို လူသားအနေဖြင့်ဆုတောင်းရသည်မှာ အဘယ်သို့နည်း။ (နေဟမိ ၁၃း၁၄)။
အင်္ဂါ ဒီဇင်ဘာ ၁၀
ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများ
နေဟမိသည် ဗိမာန်တော်အစီအစဉ်ကိုပြန်လည်ြုပပြင်သည်သာမက ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေစီးဆင်းပုံကို စနစ်ချပေးသည်။
တောလည် ၁၈း၂၁-၂၄။ မာလခိ ၃း၁၀။ မဿဲ ၂၃း၂၃။ ၁ကော ၉း၇-၁၄။ ၂ကော ၉း၆-၈။ ဟေဗြဲ ၇း၁၊၂ ကိုဖတ်ပါ။ ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေမည်မျှအရေးကြီးကြောင်းကို ထိုကျမ်းချက်များက မည်သို့သင်ကြား ပေးသနည်း။ ရှေးခေတ်ဗိမာန်တော်၌ြုပလုပ်သောအစီအစဉ်သာမက ယခုခေတ် တွင်လည်း မည်မျှအရေးကြီးပါသနည်း။
ဆယ်ဖို့တစ်ဖို့နှင့်အလှူတော်ငွေကောက်ခံခြင်းမရှိလျှင် ဗိမာန်တော်၏ လုပ်ဆောင်မှုများရပ်ဆိုင်းလိမ့်မည်။ ဆယ်ဖို့တစ်ဖို့ပေးခြင်းရပ်ဆိုင်းသွားသည် နှင့် ဗိမာန်တော်အတွင်းဆောင်ရွက်မှုလည်း အပိုင်းပိုင်ြးုပိကျသွားမည်။ ဝတ်ြုပ ခြင်းအစီအစဉ်အားလုံးလည်း ဖရိုဖရဲဖြစ်သွားမည်။ ဗိမာန်တော်၌အလုပ်လုပ် နေသူများ ဘေးပန်းထွက်ပြီး စားဝတ်နေရေးရှာဖွေရလျှင်၊ မိသားစုအတွက် ရုန်းကန်ကြရသောကြောင့် ဗိမာန်တော်အလုပ်ကို အလေးမထားနိုင်တော့ပါ။ ဘုရားဝတ်ြုပခြင်းအစီအစဉ်သည်လည်း မှေးမှိန်သွားကြမည်။
‘ဆယ်ဖို့တစ်ဖို့ပေးခြင်းအစီအစဉ်သည် ကောင်းမွန်လှသည်။ လူချမ်းသာ နှင့်ဆင်းရဲသားများအတွက် ညီမျှသောတောင်းဆိုခြင်းဖြစ်၏။ ဘုရားသခင်မှ ကျွန်ုပ်တို့ကိုချပေးတော်မူသောကောင်းချီးအတိုင်း ကိုယ်တော်ကိုဆယ်ဖို့တစ်ဖို့ ပြန်၍ပေးခြင်းဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ကို ဘုရားရှင်တောင်းတော်မူရာ၌ (မာလခိ ၃း၁၀) ရက်ရောခြင်း၊ ကျေးဇူးတင်ခြင်းအလှူငွေဟူ၍ လုံးဝသဘာမထားပါ။ ကျေးဇူး တင်ခြင်းအမူအရာများ ကျွန်ုပ်တို့တွင်ပေါ်လွင်နေသော်လည်း ထိုဆယ်ဖို့တစ်ဖို့ ကို ဘုရားရှင်ကသီးသန့်တောင်းထားခြင်းဖြစ်သည်။ ဆယ်ဖို့တစ်ဖို့သည် ဘုရား နှင့်ဆိုင်၏။ သို့ဖြစ်သောကြောင့် ဘုရားပြန်၍တောင်းခြင်းဖြစ်သည်။’ မြော်လင့် ခြင်းအသင်းတော်ယုံကြည်ချက်၊ (ဒုတိယအကြိမ်ထုတ်ဝေခြင်း) (Boise, Idaho: Pacific Press ® Publishing Association, 2005, p. 304.
ဣသရေလတို့၏ဗိမာန်တော်၌ကျင့်သုံးခဲ့သကဲ့သို့ ကျွန်ုပ်တို့ယနေ့ အသင်းတော်၌လည်း ဆယ်ဖို့တစ်ဖို့နှင့်အလှူတော်ငွေကိုမပေးဘဲမနေရပါ။ အသင်းတော်ကိုထောက်ပံ့ကြရမည်။ ဆယ်ဖို့တစ်ဖို့ထည့်ဝင်သူတိုင်း၏အဆင့် သည် အသင်းတော်ကိုဦးဆောင်၍ ဟောပြောသွန်သင်၊ စီမံကိန်းချ၊ အုပ်ချုပ် နေသောသူများနှင့်တန်းတူလုပ်ဆောင်နေပါသည်။ အရည်အချင်းတူညီနေ ၏။ ဘုရားရှင်ကိုဝတ်ြုပရာ၌ အရည်အချင်းမပြည့်လျှင် မှေးမှိန်သွားသည်။ အရေးအကြီးဆုံးမှာ ဆယ်ဖို့တစ်ဖို့နှင့်အလှူတော်ငွေသာမရှိလျှင် ဧဝံဂေလိ လုပ်ဆောင်မှုအလျှင်းမရပ်တည်နိုင်ပါ။
ကျွန်ုပ်တို့ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော် မှသွန်သင်ထားချက်ဖြစ်သည်။ ဘုရားသခင်သည် တစ်ခါတစ်ရံကျွန်ုပ်တို့ နားမလည်နိုင်သောကိစ္စများကို စီစဉ်ထားရှိသည့်အကြောင်းမှာ ကျွန်ုပ်တို့အနေ ဖြင့် ဘုရားရှင်အရာခပ်သိမ်းကိုထိန်းချုပ်ထားကြောင်းကို ယုံကြည်ကိုးစားမှုြုပတတ်ရန်အတွက်ဖြစ်သည်။ ကိုယ်တော်ချမှတ်သောအကြောင်းကိစ္စကို သေချာ စွာသိရှိနားလည်ရန် ကျွန်ုပ်တို့ရှာဖွေသင့်သည်။ သို့မှသာ ကိုယ်တော်ကိုပို၍ ယုံကြည်အားကိုးကာ လက်တော်၏ပို့ဆောင်ခြင်းကို စိတ်ချယုံကြည်နိုင်မည် ဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် ထာဝရဘုရား ကိုကိုးစားခြင်းအတွက်အလွန်အရေးကြီးကြောင်း အဘယ်ကြောင့်ဆိုထားသနည်း။
ဗုဒ္ဓဟူး ဒီဇင်ဘာ ၁၁
ဥပုသ်နေ့၌စပျစ်သီးနယ်ခြင်း
နေဟမိ ၁၃း၁၅၊၁၆ ကိုဖတ်ပါ။ နေဟမိဆိုလိုသောအရာမှာ မည်သည့် အရာဖြစ်သနည်း။
သင်သည် လူနည်းစုအဖွဲ့တွင်ရှိနေလျှင် ဘုရားရှင်ဘက်မှ အမှန်တရား အတွက်ရဲရဲရင်ဆိုင်ရန် သိပ်မလွယ်ကူလှပါ။ ဥပုသ်နေ့သည် သန့်ရှင်းစွာထား ရမည့်နေ့ဟု ဘုရားရှင်မိန့်တော်မူခဲ့သည်။ မည်သူမျှအလုပ်မလုပ်ရ။ ထိုပညတ် ချက်ကို နေဟမိသည် ယေရုရှလင်၌ကျင့်သုံးလိုက်နာစေခဲ့သည်။ မိမိယူထား သောနေရာနှင့်လုပ်ဆောင်ရမည့်အလုပ်အတွက် စိတ်ပင်ပန်းခြင်းရှိမည်ကို သံသယရှိရန်မလိုပါ။
ဥပုသ်နေ့သည် ရက်သတ္တပတ်၏ဖန်ဆင်းခြင်းအထိမ်းအမှတ်အဖြစ် ဘုရားသခင်တံဆိပ်ခတ်သောရက်ဖြစ်သည်။ အကြောင်းမှာ လူတို့သည် ခွန်အား ပြန်လည်ဆန်းသစ်ရန်၊ ပြန်လည်အားသစ်လောင်းသောအချိန်အဖြစ် ထာဝရ ဘုရားရှင်နှင့်နီးကပ်စွာအချိန်ကိုအသုံြးုပပြီး လောကီရေးဆိုင်ရာလုပ်ငန်းအလုံးစုံ ကို ဘေးဖယ်ထားရမည့်အချိန်ဖြစ်သည်။
စကားအဆိုရှိခဲ့သည်မှာ ‘ဣသရေလလူများ ဥပုသ်ကိုစောင့်ထိန်းခြင်း ထက်၊ ဥပုသ်နေ့က ဣသရေလလူများကိုပြန်၍စောင့်ထိန်းပေးရသည်။ သတ္တမ နေ့ဥပုသ်နေ့သည် ဘုရားသခင်မှကျွန်ုပ်တို့အားလုံးကို ကရုဏာတော်ဖြင့် ကိုယ်ကာယသော်လည်းကောင်း၊ ဝိညာဉ်ရေးမှာသော်လည်းကောင်း ဝမ်းမြောက် ပျော်ရွှင်စေရန် စောင့်ထိန်းစေသောနေ့ရက်ဖြစ်သည်။
နေဟမိ ၁၃း၁၇-၂၂ ကိုဖတ်ပါ။ နေဟမိသည် ဥပုသ်နေ့၌ ‘ဈေးဝယ် ဈေးရောင်းခြင်းအမှု’ ကို မည်သို့ရပ်တန့်စေသနည်း။
နေဟမိသည်ြုမိ့ဝန်မင်းဖြစ်လျက်၊ ယုဒလူများကိုအုပ်ချုပ်ရသော ကြောင့် စည်းမျဉ်းစည်းကမ်းကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရမည်ဟု သဘော ပိုက်ထားသည်။ ယုဒပြည်၌ချမှတ်ထားသောဥပဒေများသည် ဘုရားသခင်၏ ပညတ်တော်ကိုအခြေုပထားခြင်းဖြစ်သည်။ ထိုကြောင့် သူသည် ပညတ်တော် ကိုကာကွယ်ပေးသောသူဖြစ်လာတော့သည်။ ဥပုသ်တော်နေ့အပါအဝင်ဖြစ် သည်။ ယုဒလူကုံထံများသည် ယဇ်ပုရောဟိတ်မင်းကြီး၏ယူလာပေးသော တလွဲပျက်စီးခြင်းအရာများကို ကာကွယ်ပေးမည်ဆိုလျှင် နေဟမိအနေဖြင့် လုံးဝလက်ခံမည်မဟုတ်၊ အုပ်ချုပ်သူများနှင့်လူကုံထံတို့သည် နေဟမိကို အသိအမှတ်ြုပလျက် သေအတူရှင်အတူရင်ဆိုင်ခဲ့ရသောဒုက္ခများကို ပြန်လည် အောက်မေ့ပြီး၊ ဧလျာရှိပ်နှင့်တောဘိတို့ဖန်တီးလိုက်သော အပြောင်းအလဲကိစ္စ များကိုလည်း စိတ်မဝင်စားတော့ပါ။
နေဟမိသည် လူကုံထံတို့ကိုဆုံးမစကားပြောဆိုပြီး၍ြုမိ့တံခါးမှန်သမျှ ကိုပိတ်စေကာ တံခါးစောင့်များကိုလည်းချထား၏။ ရောင်းဝယ်ဖောက်ကား ခြင်းနေရာကိုလည်းြုမိ့တွင်းမြှုမိ့ပြင်သို့ပြောင်းရွှေ့လိုက်သည်။ ငှင်းအပြင် နောက်တစ်ဖန်ရောက်လာမည့်ဥပုသ်နေ့အတွက် ကုန်သည်များကိုမရောင်းမဝယ်၊ မဝင်မထွက်စေရန် ရာဇသံထုတ်ထားလိုက်သည်။ နေဟမိသည် ပြောသည့် အတိုင်း လုပ်ဆောင်သည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်။ အကြောင်းမှာ ကုန်သည်ပွဲစား များတို့သည် နေဟမိပညတ်ထားသောစည်းမျဉ်းကို မကျူးလွန်မိစေရန် ဝေးဝေးရှောင်ကြ၏။
ကြာသပတေး ဒီဇင်ဘာ ၁၂
ဘိုးဘေးတို့သည်ထိုသိြု့ပသောကြောင့်မဟုတ်လော
နေဟမိသည် ဥပုသ်နေ့ကိုရိုသေရာ၌ အံ့ဖွယ်သူရဲကောင်းကြီးပင်ဖြစ် သည်။ ဥပုသ်နေ့ကိုမည်မျှမှန်ကန်စွာစောင့်ထိန်းတန်ဖိုးထားသည်မှာ အခြား တိုင်းပြည်မှလာသောကုန်သည်ပွဲစားများထုတ်ထားသော ဥပုသ်နေ့ဈေးမရောင်း မဝယ်ရဥပဒေကိုချိုးဖောက်သော်၊ ‘သတ်စေ’ ဟု ပြတ်ပြတ်သားသားကိုင်တွယ် ခဲ့သည်။ တစ်နည်းဆိုရသော်၊ ဥပဒေထုတ်ပြန်ထားပြီးနောက် ဥပုသ်နေ့၌ြုမိ့တွင်ဖြစ်စေ၊ တံခါးဝ၌ဖြစ်စေ ရောင်းဝယ်ဖောက်ကားခြင်းကိုဖမ်းမိလျှင်၊ ကိုယ်တိုင်ဝင်ရောက်သုတ်သင်အဆုံးစီရင်မည့်သဘောတွင်ရှိသည်။ အစိုးရသောြုမိ့ဝန်မင်းတစ်ဦးအနေဖြင့် ထိုထုတ်ပြန်ထားသောပညတ်ချက်ကို လူတိုင်း လိုက်နာရန်ြုပလုပ်ဖို့ သူ့၌တာဝန်ရှိသည်။
‘တာဝန်မလေးစားသူများကို နေဟမိလုံးဝကြောက်ရွံ့စိတ်မရှိဘဲ ခေါ်ယူဆုံးမ၏။ ]သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ြုပသောဒုစရိုက်ကား အဘယ် သို့နည်း။ ဘိုးဘေးတို့သည် ထိုသိြု့ပသောကြောင့် ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌လည်းကောင်း၊ ဤြုမိ့၌လည်းကောင်း ဘုရားသခင် ရောက်စေသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကိုဖျက်သောအားဖြင့် သာ၍ပြင်းစွာသောအမျက်တော်ကို ဣသရေလအမျိုး၌ရောက်စေဦးမည်လော။} ထိုနောက်တွင် အမိန့်ထုတ်လိုက်သည်။ ]အဖိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည့်တိုင်အောင် ယေရုရှလင်ြုမိ့ဝင်းတံခါးပေါက်တို့ကိုပိတ်ထား ရမည်အကြောင်းစီရင်၍ မိမိစိတ်ချရသောကျွန်များကို ဝင်းတံခါးပေါက်၌ စောင့်စေ၏။ သူ၏အမိန့်ကို တံခါးဝရောက်လာသည်နှင့် တင်းကျပ်စွာ ထုတ်ပြန်ထားကြောင်းကိုသိစေသည်။’ Ellen G. White, Prophets and Kings, pp. 671, 672.
နေဟမိသတိပေးခဲ့သောဥပုသ်နေ့အပြင် အခြားချိုးဖောက်မှုများကို လည်းပညတ်ထားသည်။ ထိုကိစ္စ၏ဂယက်သည် ယေရှုရှင်၏အချိန်အထိတိုင် သက်ရောက်လာသည်။ ဧဝံဂေလိတရားဟောပြောဝေငှသောအချိန်မှာပင် ဘာသာ ရေးခေါင်းဆောင်များနှင့်ဥပုသ်စောင့်ခြင်းအကြောင်းကို အချေအတင်ပြောဆို ခဲ့ရသည်။
မဿဲ ၁၂း၁-၈ ကိုဖတ်ပါ။ မာကု ၃း၁-၆။ လုကာ ၆း၆-၁၁ နှင့် ယောဟန် ၅း၅-၁၆ ကိုလည်းဖတ်ပါ။ ရှေးဣသရေလတို့၏သမိုင်းရာဇဝင်၌ မည်သည့်အကြောင်းရင်းကြောင့် မဟာတိုက်ပွဲကြီးဖြစ်လာရကြောင်း ရှင်းပြ ထားသနည်း။
မှားယွင်းသောလမ်းပြဦးဆောင်မှု၌ ဥပုသ်တော်နေ့ကိုအလေးမထား၊ သန့်ရှင်းသည်ဟုသတိမရသော ဘာသာရေးခေါင်းဆောင်များက ယေရှုရှင်ကို (ဥပုသ်နေ့၏အရှင်) ပင်စွပ်စွဲကြသေးသည်။ (လုကာ ၆း၅)။ ဥပုသ်နေ့ကို ချိုးဖောက်သည်ဟုစွပ်စွဲကြ၏။ ကောင်းမြှုပခြင်းအကြောင်းပြောဆိုရာမှ ထိုသူ တို့သည် ပညတ်တော်၏ကြီးမြတ်ပုံကို နေထိုင်ပြသနေသည့်တိုင်၊ ‘တရား မျှတမှု၊ သနားခြင်းကရုဏာနှင့်ယုံကြည်ခြင်း’ တည်းဟူသော ပညတ်တော် ၏အလေးသာသောအရာများကို မေ့လျော့သွားကြသည်။ (မဿဲ ၂၃း၂၃)။
တစ်ဦးစီသော်လည်းကောင်း၊ အသင်းတော်အနေဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌အရေးကြီးပါသည်ဟုဆိုသော ဥပုသ်နေ့နှင့်အခြား ယုံကြည်ချက်များကို ထိုသူများကဲ့သို့တလွဲချော်မသွားစေရန် မည်သို့သတြိုပ နိုင်မည်နည်း။
သောကြာ ဒီဇင်ဘာ ၁၃
ထပ်ဆင့်လေ့လာရန်။
အယ်လင်ဂျီဝှိုက်ရေးသော။ “Steps to Christ” စာအုပ်၊ စာမျက်နှာ ၁၁၅-၁၂၆ “Rejoicing in the Lord” ခေါင်းစဉ်ပါအကြောင်းကိုရှာဖွေဖတ်ပါ။
‘ဘုရားသခင်၏ပညတ်တော်ကို သူတို့ရှေ့၌ထား၍ ကြောက်ဖွယ် ကောင်းသောဘုရားသခင်၏တရားစီရင်ခြင်းသည် ဣသရေလလူမျိုးများအပေါ် သို့ကျရောက်လာသည်။ သူတိြု့ပခဲ့သမျှသောအပြစ်များအတွက် ခံရသောစီရင် ခြင်းကြောင့် စိတ်နှလုံးတို့သည်နိုးထလာပြီးြုပပြင်ပြောင်းလဲရန်စတင်ကာ ဘုရားရှင်အမျက်ထွက်ရသောအကြောင်းများကို ရှောင်ရှားကြသည်။ ထိုအခါ ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများကို ပြန်၍သွန်းလောင်းပေး၏။
အခြားတစ်ပါးအမျိုးသားကိုထိမ်းမြားခြင်းမြုပပါဟု သူတို့သည် ကတိြုပသစ္စာထားတောင်းပန်ကြ၏။ ခွဲခွာ၍လည်းမနေပါဟု ကြေညာကြသည်။ ဘုရားရှင်ကိုသာသစ္စာရှိပါမည်ဟု ကတြိုပ၏။ သို့သော် ထူးခြားမှုတစ်စုံတစ်ရာ ဖြစ်မလာပါ။ ရာထူးရာခံရှိနေသော်လည်း ရိုသေလေးစားထိုက်စွာမနေ၊ ယဇ်ပုရောဟိတ်နှင့်အုပ်ချုပ်သူအကြီးအကဲအချို့တို့သည် ရုပ်တုများနှင့် ကင်းကင်းရှင်းရှင်းနေရန်ကိုငြင်းပယ်ပြီး ဘုရားသခင်၏အမှုတော်မှ ချက်ချင်း ထွက်ခွာကြသည်။ သမ္ဘာလတ်၏မကောင်းသတင်းကျော်ကြားသောသမီးတစ်ဦး ကို လက်ထပ်ယူသည်။ ထိုသူကိုတာဝန်မှရပ်ဆိုင်းလိုက်ရုံသာမက ဣသရေလ အမျိုးထဲမှပယ်လိုက်ကြသည်။ ‘အိုအကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်ဖွဲ့ သောပဋိညာဉ်ကိုလည်းကောင်း ရှုတ်ချသောကြောင့် သူတို့ကိုမှတ်တော်မူပါ။’ အယ်လင်ဂျီဝှိုက်၏ Prophets and Kings, pp. 673, 674.
-ဝ-
dammang

Recent Posts

Living on a Prayer: Celeste Ryan Blyden, First Female Executive Secretary of Columbia Union, On Her New Role

Celeste Ryan Blyden is the first woman ever elected as executive secretary of the Columbia…

4 years ago

News Briefs for November 18, 2021

News reports from Adventist Health, Kazakhstan, Rwanda, Southwestern Adventist University, more. Coat of Honor The…

4 years ago

How are Creation and Worship Tied Together?

President of the Seventh-day Adventist World Church, Ted N.C. Wilson, talks about why we recognize…

5 years ago

Celebrating God’s Creation Through Nature

President of the Seventh-day Adventist World Church, Ted N.C. Wilson, invites everyone to celebrate Creation…

5 years ago

Fasting and Prayer for Witnessing

President of the Seventh-day Adventist World Church, Ted N.C. Wilson, and his wife Nancy, share…

5 years ago

Adventist Church in the Euro-Asia Division Welcomes Distinguished Guests

RUSSIA | PUBLIC RELATIONS DEPARTMENT EAD SEPTEMBER 30, 2021 The 90th meeting of the Advisory…

5 years ago