Categories: Spiritual

ဆန့်ကျင်မှုကိုရင်ဆိုင်ရခြင်း l4

သင်ခန်းစာ (၄)

ဆန့်ကျင်မှုကိုရင်ဆိုင်ရခြင်း

အောက်တိုဘာ ၁၉ – ၂၅

ဥပုသ်နေ့မွန်းလွဲပိုင်း အောက်တိုဘာ ၁၉
ဖတ်ရန်ကျမ်းချက်များ။ ဧဇရ ၄း၁-၅။ ၂ကော ၆း၁၄။ ဧဇရ ၅း၁-၅။ ဟဂ္ဂဲ ၁။ ဧဇရ ၄း၆-၂၄။ နေဟမိ ၄။ နေဟမိ ၆း၁-၁၃။
အလွတ်ကျမ်းချက်
‘ဒါရိမင်းအမိန့်တော်မရောက်မီ အလုပ်အကိုင်မပြတ်စေခြင်းငှာ၊ ဘုရားသခင်သည် ယုဒအမျိုးအသက်ကြီးသူတို့ကိုထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကိုပေးလိုက်ကြ၏’ (ဧဇရ ၅း၅)။
ဧဇရ ၃-၆ ၏ရေးသားတည်ဆောက်ထားပုံမှာ ယေရုရှလင်ြုမိ့ပြန်လည် တည်ဆောက်ရာ၌ ရင်ဆိုင်ရသောဆန့်ကျင်မှုအသွယ်သွယ်ကို အချိန်ကာလ နှင့်အညီ မှတ်တမ်ြးုပထားသည်။ ထိုမှတ်တမ်းမှတ်ရာကိုလက်ခံလေ့လာခြင်း ဖြင့် သိရှိရမည့်သတင်းစကားအားလုံးကို ရှင်းလင်းစွာနားလည်သွားရသည်။
ပထမတစ်ကြိမ်ဧဇရ၏အစီရင်ခံချက်၌ နာမည်စာရင်းဇယားဖြင့် ဧဇရ ၁း၁း မှရေးမှတ်ထားသည်။ ဘီစီ ၄၅၇ တွင် သူပြန်ရောက်လာသည်။ အရာအားလုံးပြောင်းလဲသွားသည်။ ယေရုရှလင်ြုမိ့ရိုးကို စတင်ြုပပြင်သည်။ အစရှိမှတ်တမ်းမှတ်ရာအတိအကျြုပလုပ်ထားသည်။ (၁၃) နှစ်နောက်မှာ နေဟမိပြန်ရောက်လာခဲ့သည်။ (အာတေဇေရဇ်မင်းကြီးမှ ဘီစီ ၄၄၄ တွင် စေလွှတ်ခြင်းဖြစ်သည်။)ြုမိ့ရိုးကိုဆက်လက်ြုပပြင်သည်။ ရန်သူတို့၏ဆန့်ကျင် တားဆီးနှောင့်ယှက်ခြင်းပြင်းစွာခံရသည်။ လုပ်ဆောင်မှုအားလုံးကို ရက်ပေါင်း (၅၂) ရက်အတွင်း အပြီးသတ်ပြီးစီးအောင်လုပ်ဆောင်နိုင်သည်။ (နေဟမိ ၆း၁၅)။
ဘုရားရှင်၏အမှုတော်အတွက် ခုခံကာကွယ်ပေးခြင်းအကြောင်းကို မှတ်စာနှစ်အုပ်လုံးမှရေးသားမှတ်တမ်းတင်ထားသည်။ (ဧဇရ၊ နေဟမိ) ယေရုရှလင်ြုမိ့နှင့်ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရာ၌ ဆန့်ကျင်မှု၊ လာရောက်နှိပ်စက်ညှဉ်းပန်းမှုများဖြစ်လာရသည်မှာ အဆန်းမဟုတ်တော့ပါ။ ကမ္ဘာအရပ်ရပ်ကိုကြည့်လိုက်လျှင် ဘုရားသခင်၏အမှုတော်သည် ကန့်ကွက် တားဆီးဆန့်ကျင်ခံနေရကြောင်း မြင်ကြရသည်။ စာတန်သည် ဧဝံဂေလိ သတင်းစကားလျင်မြန်စွာပျံ့နှံ့ခြင်းမရှိစေရန် အထူြးုကိးစားလျက်ရှိသည်။ အကြောင်းမှာ သူ၏ပလ္လင်ကိုခြောက်လှန့်နေခြင်းကြောင့်ဖြစ်၏။ ဧဇရနှင့် နေဟမိ၌ ယုဒလူမျိုးများမည်သို့ဆန့်ကျင်တိုက်ခိုက်ခြင်းကို ကိုင်တွယ်ဖြေရှင်း ခဲ့သနည်း။

တနင်္ဂနွေ အောက်တိုဘာ ၂၀

ဆန့်ကျင်မှုအစြုပပုံ

ဧဇရ ၄း၁-၅ ကိုဖတ်ပါ။ ဣသရေလလူတို့သည် ဗိမာန်တော်ကို ပြန်လည်ြုပပြင်ရာ၌ အခြားတစ်ပါးအမျိုးသားများ၏ကူညီမည်ဟု ကမ်းလှမ်း ချက်ကိုအဘယ့်ကြောင့်ယတိပြတ်ငြင်းဆိုရသနည်း။
အပြင်ပန်း၌ကြည့်လျှင် ကမ်းလှမ်းချက်တို့သည် စေတနာပါလှသည် ဟုထင်ရသည်။ အိမ်နီးနားချင်းဖြစ်၍ ရိုင်းပင်းကူညီခြင်းသဘောဟုမြင်နိုင် သည်။ အဘယ်ကြောင့်ထိုကူညီမှုကမ်းလှမ်းခြင်းကို လက်မခံခဲ့ကြသနည်း။ အဖြေအတိအကျကို ဖတ်ရှုခဲ့ပြီးသောအထက်ပါကျမ်းချက်၌ ပါရှိပြီးသားဖြစ် နေသည်။ ‘ရန်သူတို့’ သည်လာ၍ကူညီပါရစေဟုကမ်းလှမ်းသည်။ ‘ရန်သူတို့’ ဟုဆိုရာ၌ မည်သို့ရှိသနည်း။ ထိုအချက်တစ်ချက်တည်းဖြင့် ဣသရေလတို့ သည် ခိုင်ခံ့သောစိတ်ဖြင့် ပြတ်ပြတ်သားသားတုံ့ပြန်ခြင်းပင်ဖြစ်သည်။
ထိုသူတို့ကိုအဘယ်ကြောင့် ‘ရန်သူတို့’ ဟုခေါ်ဆိုရသနည်း။ ၄ရာ ၁၇း၂၄-၄၁ ၏ရှင်းလင်းဖော်ပြချက်အရ၊ ထိုသူတို့သည် အခြားသောပြည် မှရှမာရိသို့စိမ့်ဝင်လာသူများဖြစ်သဖြင့် မြောက်ပိုင်းဣသရေလနိုင်ငံနှင့် အနီး ဝန်းကျင်ဒေသမှမနေရဟု ပြည်နှင်ထားခြင်းခံရသူများဖြစ်သည်။ အာရှုရိ ရှင်ဘုရင်မှ ယဇ်ပုရောဟိတ်တို့ကိုစေလွှတ်ပေး၍ ဣသရေလတို့၏ဘုရား ဒေသယုံကြည်ချက်အရ၊ မြေပိုင်ဘုရားကိုကိုးကွယ်တတ်ရန် သင်ကြားစေပါ သည်။ မည်သို့ပင်ရှိစေတော့ အဆုံး၌ဒေသတွင်းဘာသာရေး၏ရလဒ်သည် ခါနနိလူမျိုးတို့၏ဘုရားများနှင့်ပေါင်းစပ်ပြီးသားဖြစ်သည်ချည်းဖြစ်၏။ ထိုကြောင့် ဣသရေလများသည် ဒေသတွင်းဘာသာရေးအယူများ ဗိမာန်တော်အတွင်း ဝတ်ြုပကိုးကွယ်ခြင်းသို့ ဝင်ရောက်ပါလာမည်ကို အထူးစိုးရိမ်ကြခြင်းဖြစ်သည်။ ထိုကြောင့် အကောင်းဆုံးနှင့်အပါးနပ်ဆုံးအဖြေကို ဣသရေလလူတို့တုံ့ပြန် ပြောဆိုနိုင်ခဲ့သည်။ ‘မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်’ ဟု ယတိပြတ် ပြန်၍တုံ့ပြန်ခဲ့သည်။
သတိရစေသောအရာမှာလည်း ကိစ္စအားလုံးမည်သို့အစြုပခဲ့ရခြင်းဖြစ် သည်။ ရှေးဘိုးဘေးတို့၏အုတ်ရောရောကျောက်ရောရောယုံကြည်ခြင်းကြောင့် ထာဝရဘုရားကိုမကိုးကွယ်သောသူများအားလက်ခံခဲ့ရာမှ ဗိမာန်တော်ကြီး ပျက်စီးရသည်အထိ ဣသရေလလူမျိုးတစ်မျိုးလုံး၊ တိုင်းတစ်ပါးသို့ပါသွားရ သောအဖြစ်သို့ရောက်သွားရသည်။ ကနဦးဗိမာန်တော်အသစ်စက်စက် တည်ဆောက်ပြီးစီးချိန်၌ ပတ်ဝန်းကျင်လူများနှင့်ရင်းနှီးစွာ အေးအတူပူအမျှ နေထိုင်လိုသည့်သဘောဟုတွေးကာ အုတ်ရောကျောက်ရြောုပလုပ်ခြင်းကြောင့် ဖြစ်သည်။
ကျမ်းချက်ပါအကြောင်းအရ၊ ထိုသို့လက်မခံခြင်းသည်မှန်ကန်ကြောင်း မည်သို့ဖော်ပြသနည်း။ (ဧဇရ ၄း၎-၅)။
ကူညီပေးရန်ကမ်းလှမ်းမှုကို လွယ်လွယ်ကူကူလက်ခံနိုင်စရာအကြောင်း ရှိပါသည်။ ၂ကော ၆း၁၄ မှ ယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့ဖော်ပြ သနည်း။

တနင်္လာ အောက်တိုဘာ ၂၁

ပုရောဖက်တို့၏အားပေးမှု

အကြောင်းမလှခဲ့၍ ဧဇရ ၄-၆ တွင်ဖော်ပြပါသော ပတ်ဝန်းကျင် ရန်သူတို့၏ခြိမ်းခြောက်မှုကိုကြောက်ရွံ့၍ ဗိမာန်တော်တည်ဆောက်ခြင်းအမှု ၌ စိတ်ပျက်သွားကြရသည်။
အထက်ဖော်ပြခဲ့သည့်အတိုင်း ဧဇရ ၄း၆-၆း၂၂ ၏မှတ်တမ်းတင် ထားပုံမှာ သမိုင်းကြောင်း၏အစဉ်အတိုင်း အစဉ်လိုက်ရေးမှတ်ခြင်းမဟုတ် ချေ။ သို့ဖြစ်ပါသောကြောင့် အခန်းကြီး (၄) ကိုမဖတ်မီ၊ အခန်းကြီး (၅) ကိုရှေးဦးစွာဖတ်ရလိမ့်မည်။
ဧဇရ ၅း၁-၅ ဖတ်ပါ။ ဘုရားသခင်သည် အဘယ်အတွက်ကြောင့် ပုရောဖက်ဟဂ္ဂဲနှင့်ပုရောဖက်ဇာခရိကို ယုဒလူမျိုးများထံစေလွှတ်ခဲ့သနည်း။ သူတို့၏ပုရောဖက်ြုပထားချက်ရလဒ်သည် မည်သည့်အကျိုးဆက်ရရှိလာသနည်း။
ယုဒလူတို့သည် တည်ဆောက်ခြင်းအမှုကို ရပ်တန့်ခဲ့ကြရခြင်း အကြောင်းမှာ ကြောက်ရွံ့ကြသောကြောင့်ဖြစ်သည်။ သို့သော် ထာဝရဘုရား သည် ဤလူမျိုးတို့ကို ယုဒတိုင်းပြည်သို့ပြန်စေပြီး ဗိမာန်တော်ကိုပြန်လည် တည်ဆောက်စေခြင်းအမှုတွင် ထာဝရဘုရား၌အကြံအစည်တော်ရှိပြီးသားဖြစ် သည်။ ယုဒလူမျိုးများကြောက်ရွံ့နေသော်လည်း ဘုရားရှင်သည် ထိုသူတို့အား အားပေးရန်အစီအစဉ်ရှိပြီးသားဖြစ်သည်။ ထိုသို့အကြောင်းဖန်လာသော ကြောင့်လည်း နောက်ထပ်ပုရောဖက်နှစ်ပါးထပ်မံပေါ်ပေါက်လာပြန်သည်။ လူသားတို့၏ဆန့်ကျင်မှုသည် စိုးစဉ်းမျှဘုရားသခင်၏အကြံတော်ကိုမရပ်တန့် စေနိုင်။ ယုဒလူများအနေဖြင့် ဆန့်ကျင်မှုကို လူသား၏သဘာဝအတိုင်း ကြောက်ရွံ့သော်လည်း၊ ဘုရားရှင်သည် သူတို့ကိုစွန့်ပစ်၍မထား။ ပုရောဖက် ကိုအသုံြးုပပြီး ငှင်းတို့သည် မူရင်းစိတ်ဓာတ်မျိုးပြန်လည်ရရှိ၍ တောင့်တင်း ခိုင်မာလာရန် ကိုယ်တော်ြုပပေးတော်မူ၏။
ဟဂ္ဂဲ (၁) ကိုဖတ်ပါ။ သူတို့အတွက်မည်သည့်သတင်းစကားပါရှိ သနည်း။ ကျွန်ုပ်တို့အတွက်သင်ခန်းစာယူပြီး မည်သည့်အကြောင်းအရာကို အဝေးသို့ထုတ်ပစ်နိုင်သနည်း။
ပုရောဖက်ဟဂ္ဂဲနှင့်ဇာခရိတို့သည် ပြဿနာအရပ်ရပ်ကိုရင်ဆိုင်ရန် ထွက်ပေါ်လာသည်။ လူများရင်ဆိုင်နေရသောအခက်အခဲကို ဖော်ပြညွှန်ကြား ရန် သတင်းသယ်ဆောင်သူအဖြစ်ရောက်လာသည်။ ဘုရားရှင်၏အလိုကို ဦးစားပေးရန် လျစ်လျူရှုထားခြင်းသည် လတ်တလောအဆင်မပြေမှုများအဖြစ် ရလဒ်ပေါ်ထွက်ရသည်ဟု ပုရောဖက်မျာြးွေကးကြော်သတိပေးခဲ့သည်။ ဣသရေလတို့သည် ဘုရားရှင်ကိုဂုဏ်ြုပခဲ့ပါသလား။ ရိုသေလေးစားယဉ်ကျေး စြွာုပခဲ့ပါသလား။ အိမ်တော်ကိုဦးစွာစတင်ပြန်လည်ြုပပြင်ချိန်၌ ဘုရားရှင်ကို ဖိတ်ခေါ်ကာ ကိုယ်တော်ပါရှိရန်နှင့် ကောင်းချီးချပေးရန်ကြိုပလုပ်သင့်ပါသည်။ Ellen G. White, Prophets and Kings, pp. 573, 574.

အင်္ဂါ အောက်တိုဘာ ၂၂

လုပ်ငန်းရပ်စဲသွားရခြင်း

ယေရုရှလင်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ရပ်တန့်သွား အောင် ‘ရန်သူတို့’ သည် မည်သိြု့ပလုပ်ကြောင်း ဧဇရ ၄း၆-၂၄ မှဖော်ပြ ထားသနည်း။
ပတ်ဝန်းကျင် ‘နယ်ခံမြေခံလူမျိုး’ များသည် ဒါရိမင်းကြီးထံသို့ ဂျူးလူမျိုးများ၏လှုပ်ရှားမှုအပေါင်းကို ဆန့်ကျင်ကန့်ကွက်သော တိုင်စာ တစ်စောင်ရေးပို့တိုင်ကြားသည်။ (ဧဇရ ၅ နှင့် ၆)။ ယင်းနောက်တွင် အလားတူစာမျိုးကို ဇေရဇ်မင်းအာရွှေရုထံသို့လည်း ရေးသားပေးပို့တိုင်ကြား သည်။ ယေရုရှလင်ြုမိ့ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို မြေခံရေခံနယ်ခံ လူတို့သည် မိမိတို့၏ခွန်အားကိုသုံးပြီး ရပ်တန့်ပျက်စီးသွားအောင်ြုကိးစား လုပ်ဆောင်သည်။
ြုမိ့နီးချုပ်စပ်တိုင်းပြည်များသည် ရှင်ဘုရင်ကိုကုန်းချောစကားပြော ရာတွင် အကယ်၍သာယေရုရှလင်ြုမိ့ကြီးပြန်လည်တည်ထောင်ြုပပြင်ပြီးစီးခဲ့ပါ သော် ဣသရေလတို့သည် တစ်မင်းတစ်နိုင်ငံပြန်လည်ထူထောင်ပြီး ဘုရင် မင်းကြီး၏အချုပ်အခြာအာဏာကိုထိပါးကာ ယုဒလူမျိုးများအပေါ်ရှိသောတန်ခိုး ဣဒ္ဓိပါဒ်ကျဆင်းပြီး ထိုဣသရေလလူတို့ကိုအုပ်စိုးရသည့်အခွင့်အာဏာ ဆုံးရှုံး သွားပါမည်။ အကြောင်းမှာ ယေရုရှလင်သည် ရာဇဝင်သမိုင်းတစ်လျှောက် လွန်ခဲ့သောအချိန်အခါများတွင် ပုန်ကန်ခြားနားဒုက္ခအမြဲပေးသောနေရာဖြစ် ခြင်းကြောင့်ဖြစ်သည်ဟု ရှင်ဘုရင်ကိုကုန်းချောတိုင်တန်းကြ၏။ အကြောင်း မလှဖြစ်ခဲ့၍ ရှင်ဘုရင်အာတေဇေရဇ်သည် ထိုကုန်းချောစကားများကို ယုံစား သွားမိပြီး ယုဒလူမျိုးတို့သည် လွတ်လပ်ရန်ြုကိးစားပြီးကြံစည်နေသည်၊ ယေရုရှလင်ြုမိ့ကိုခိုင်ခံ့အောင် ပြန်လည်တည်ဆောက်နေခြင်းဖြစ်ကြောင်းနှင့် ကုန်းချောစကားအတိုင်းယုံကာ လုပ်လက်စအလုပ်မှန်သမျှ ‘ရပ်စေ’ ဟု အမိန့်တော်ချလိုက်၏။ မြေခံရေခံလူများသည်လည်း စစ်တပ်ကြီး၊ စစ်တပ် ငယ်ကိုစေလွှတ်ဝန်းရံစေကာြုမိ့တော်တည်ဆောက်ခြင်းလုပ်ငန်းတားဆီးရေး ကို ကြပ်တည်းစွာတားမြစ်ဟန့်တားကြ၏။ ထိုမျှကြီးကျယ်သောအင်အားစု ကြီးသည် ဘုရားသခင်ကိုယ်တော်တိုင်ရည်ရွယ်စီစဉ်ထားသောအလုပ်ကို ရပ်တန့် သွားစေရန်ြုကိးစားကြသည်။
ဧဇရ ၄း၂၃၊၂၄ ကိုဖတ်ပါ။ ယုဒလူများသည် တည်ဆောက်ခြင်း ကိုအဘယ်အတွက်ကြောင့်ရပ်တန့်ထားသနည်း။ြုမိ့တော်ကိုတည်ဆောက်ရန် ဘုရားရှင်အလိုရှိကြောင်း သူတို့မသိပေဘူးလား။ မည်သို့ဖြစ်လာသနည်း။
အမှန်ပေါ်လွင်ထင်ရှားနေသောဖြစ်စဉ်မှာ ယုဒလူမျိုးများသည် ဘုရားသခင်အလိုတော်ရှိ၍ ယေရုရှလင်တည်ဆောက်ခြင်း၊ ဗိမာန်တော်ကိုြုပပြင်ခြင်းဖြစ်ကြောင်း ကောင်းစွာသိရှိနေပါသည်။ သို့ဖြစ်နေလင့်ကစား၊ ဆန့်ကျင်ကန့်ကွက်မှုအင်အားကြီးမားလွန်းသောအခါ သူရဲဘောကြောင်သည့် စိတ်၊ ကြောက်စိတ်များဝင်ရောက်လာသည်။ သူတို့၏စိတ်ထဲ၌ ‘မတော်အချိန် မတန်သေး’ သို့မဟုတ် ‘ဘုရားရှင်အမှန်တကယ်ငါတို့ကိုလုပ်ဆောင်စေလို တော်မူသည်မှန်လျှင် အခြားသောနည်းလမ်းကိုရှာကြံရန်’ သို့မဟုတ် ‘ငါတို့ ပြန်လာတာမှားပြီ၊ ငါတို့ပြန်လာဖို့မဟုတ်’ စသည့်ဒွိဟစိတ်များ တဖွဲဖွဲအတွေး ထဲသို့စိမ့်ဝင်လာသည်။ ဘုရားသခင်စေခိုင်းသမျှကိုလုပ်ဆောင်စဉ် ဝင်ရောက် လာသောဆန့်ကျင်တိုက်ခိုက်မှုများလာလျှင် ဘုရားရှင်လမ်းပြမှုအပေါ် စောဒကြုပသံသယဒွိဟစိတ်များဝင်လာတတ်၏။ ဘုရားသခင်အပေါ် မေးခွန်းများ ဝင်လာတတ်သည်။ ကျွန်ုပ်တို့ဆင်ခြင်စရာမှာ ကျွန်ုပ်တို့သည် အမှာြးုပတတ် ကြသည်။ ကြောက်ရွံ့စိတ်သည် ကျွန်ုပ်တို့၏အတွေးအခေါ်ကို ချည့်နဲ့နှုံးခွေ စေတတ်သည်။ ယင်းနောက် ကျွန်ုပ်တို့၏စိတ်ကူးစိတ်သန်းအားလုံးသည် လွဲချော်ကာ မလုံမြုခံဖြစ်ပြီး၊ ဘုရားရှင်၏တန်ခိုးတော်ကိုသာ အာရုံစိုက်ရမည့် အစား ဆန့်ကျင်တိုက်ခိုက်မှုကိုကြောက်ရွံ့နေတော့သည်။
သင်သည် အလားတူအဖြစ်မျိုြးုကံဖူးဆုံဖူးပါသလား။ ဘုရားရှင်ခေါ် တော်မူကြောင်းကို သဘောပေါက်သိနေရသော်လည်း၊ ခက်ခဲခြင်ြးုကံလာရ၍ သံသယဒွိဟစိတ်ဘုရားရှင်အပေါ်သို့ရှိခဲ့ဖူးပါသလား။ြုကံခဲ့ဖူးပါသလား။ (ဗတ္တိဇံဆရာယောဟန်၏အသက်တာပုံစံကို သင်ခန်းစာယူဆင်ခြင်ကြည့်ပါ။) ထိုအတွေ့အြုကံမျိုးမှ သင်သည် မည်သည့်သင်ခန်းစာကိုသင်ယူနိုင်သနည်း။

ဗုဒ္ဓဟူး အောက်တိုဘာ ၂၃

နေဟမိ၏ဆောင်ရွက်ချက် (၄၄၄ ဘီစီ)

နေဟမိ (၄) ကိုဖတ်ပါ။ ယုဒလူမျိုးအားလုံး နေဟမိ၏ဦးဆောင် မှုအောက်၌ ဆန့်ကျင်လာသမျှကို မည်သို့ရင်ဆိုင်တွန်းလှန်ခဲ့သနည်း။ တိုက်ပွဲ ဝင်ရန် မိမိကိုယ်ကိုပြင်ဆင်ရမည်မှာ အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။ အခြားအရာများမြုပလုပ်မီ ဘုရားသခင်သည်သာ သူတို့ကိုကာကွယ်နိုင်ကြောင်း အဘယ်ကြောင့်ယုံကြည်ရန်လိုပါသနည်း။
ြုမိ့တော်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းစတင်ပြီး ရပ်ဆိုင်းသွား ခဲ့ပြီးနောက်၊ လူများတို့သည် နောက်တစ်ဖန်ပြန်လည်စတင်မှုကြိုပလုပ်ပြန် သည်။ ယုဒတစ်မျိုးသားလုံး ဆုတောင်းခြင်းကြိုပကြသည်။ နေဟမိသည် လည်း အစောင့်အကြပ်များကို နေရာတကျစီစဉ်ထားရှိသည်။ လူများတို့သည် လည်း နေ့ဆိုင်း၊ ညဆိုင်းဟူ၍ တာဝန်ခွဲခန့်ထားကာ သူ့အလှည့်၊ ကိုယ့်အလှည့် ဝင်လာမည့်ရန်သူကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြသည်။ နေဟမိသည်ြုမိ့ရိုးပတ်လည်ရှိ မိသားစုအားလုံးကို လက်နက်တပ်ဆင်ဖွဲ့စည်းပြီး၊ ရန်သူ ကိုတိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အဆင်သင့်နေရာသတ်မှတ်ပေးထား ၏။ ထိုထက်ပို၍စေ့စပ်သောအစီအမံမှာ မိမိ၏လူတို့ကိုနှစ်စုခွဲပြီး တစ်ဖွဲ့ အလုပ်လုပ်နေလျှင် တစ်ဖွဲ့သည်လက်နက်ကိုအဆင်သင့်ကိုင်ဆောင်ထားကာ စောင့်ရှောက်မြှုပသည်။ြုမိ့ရိုးပတ်လည်အလုပ်လုပ်နေရသူများသည် ရန်သူနှင့် အနီးဆုံးအနေအထား၌ရှိနေသည်။ သို့ဖြစ်နေသောကြောင့်ြုမိ့ရိုးပတ်ပတ်လည်ကို ပြန်လည်ြုပပြင်ရာ၌ ပန်းရံကိုင်သောသူတိုင်း၏လက်တစ်ဖက်သည် ရန်သူကို တိုက်ခိုက်ခုခံရန် ဓားတစ်လက်အမြဲကိုင်ဆောင်ထားပြီး၊ ကျန်လက်တစ်ဖက် ဖြင့် အုတ်စီ၊ မဆလာဖျော်၊ြုမိ့ရိုးကိုပြန်လည်ြုပပြင်ရသည်။ ဆန့်ကျင်တိုက်ခိုက် လာမည့်အချိန်တိုင်းကို အသင့်အနေအထားဖြင့် အဆင်သင့်သတိကြီးကြီးထား ကာ အလုပ်လုပ်ကြရသည်။ လူတို့သည် မိမိကျရာတာဝန်ကို လေးစားစွာ တာဝန်ယူကြသည်။ ကျန်ရှိသောအပိုင်းကို ဘုရားရှင်မှစီစဉ်ပေးတော်မူခဲ့သည်။ နေဟမိ၏ယုံကြည်ခြင်းသည် ဘုရားသခင်အပေါ်လုံးလုံးလျားလျားပုံအပ်ထား ၏။ မည်သို့မည်ပုံရှိနေငြားလည်း သူသည် ထိုင်ခုံပေါ်ဇိမ်နှင့်ထိုင်နေပြီး၊ ဘုရားသခင်စီစဉ်ပေးမည်ဟု မမျှော်လင့်ခဲ့ပေ။ ရှိသမျှစွမ်းအားကိုသုံးပြီး၊ အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။
ကျမ်းအဆိုနှစ်ချက်၏ရေးသားထားပုံမှာ ‘ရန်သူတို့ကိုမကြောက်ကြ နှင့်။ ကြီးမြတ်၍ကြောက်မက်ဖွယ်ဖြစ်တော်မူသော ထာဝရဘုရားကိုအောက်မေ့ ကြလော့။ ညီအစ်ကို၊ သားမယား၊ အိမ်ရာအဖို့ တိုက်ကြလော့’ (နေဟမိ ၄း၁၃၊၁၄)။ ‘ထာဝရဘုရားသည် ငါတို့ဘက်၌စစ်ကူတော်မူမည်’ (နေဟမိ ၄း၂၀)။ ယင်းကျမ်းချက်နှစ်ချက်သည် အလွန်ခွန်အားပေးသောကျမ်းချက်များ ဖြစ်ကြောင်းတွေ့မြင်နိုင်ပါသည်။
ယုဒလူတို့သည် ဤတစ်ကြိမ်၌မည်သည့်ဆန့်ကျင်တားဆီးမှုကိုမျှ ဂရုမစိုက်တော့ပါ။ြုပပြင်ဆောက်လုပ်မှုကို အားသွန်ခွန်စိုက်ြုပလုပ်ကြ၏။ ယခုတစ်ကြိမ်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်းအစား ဘုရားရှင်၏ကတိတော် အပေါ် လုံးလုံးလျားလျားပုံအပ်ကိုးစားလျက် ဘုရားရှင်သာလျှင် သူတို့ဘက် ၌ဝင်ရောက်စစ်ကူမည်ကို အလွန်ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းအတွက်ကြောင့်လည်းကောင်း၊ ဘုရားရှင်၏နာမတော်အတွက် ကြောင့်လည်းကောင်း ဘုရားရှင်စေခိုင်းသောအမှုအရာအတွက် ဆန့်ကျင်ခံခဲ့ ရပါမူ၊ ထိုကျမ်းချက်ကိုအောက်မေ့သတိရရန် အထူးလိုအပ်သည်။ ‘ထာဝရ ဘုရားသည် ငါတို့ဘက်၌စစ်ကူတော်မူမည်။’
နောက်ဆုံးတွင် ယုဒလူတို့သည် သူတို့၏လုပ်ဆောင်ချက်၏ နောက်ကွယ်၌ ဘုရားရှင်ရှိတော်မူကြောင်းကို လုံးဝသိရှိသွားခဲ့သည်။ ထိုအသိ တရားသည်ပင် သူတို့၏စိတ်ဓာတ်အားအင်ရဲရင့်ခြင်းအတိဖြစ်စေပြီး ရှေ့ဆက် လှမ်းကာချီတက်နိုင်တော့သည်။
သင်ြုပသောအမှု၌ ဘုရားရှင်ပါရှိကြောင်းသိထားရန် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။ သို့ဖြစ်နေပါ၍ အရေးကြီးမေးခွန်းတစ်ခွန်းဖြစ်သော ‘ဘုရားရှင်အလိုတော်ကျသောငါ၏လုပ်ရပ်ဖြစ်ပါသည်’ ဟု မည်သို့သိရှိနိုင် မည်နည်း။

ကြာသပတေး အောက်တိုဘာ ၂၄

‘ကြီးမြတ်သော’ အလုပ်တစ်ခုကိုလုပ်ခြင်း

နေဟမိ ၆း၁-၁၃ ကိုဖတ်ပါ။ နေဟမိသည် မိမိလုပ်ဆောင်နေသော ယေရုရှလင်ြုမိ့တည်ဆောက်ခြင်းကို အဘယ်ကြောင့် ‘ကြီးမြတ်သောအလုပ်’ ဟုမြင်ပါသနည်း။ (နေ ၆း၃)။ ထိုကြီးမြတ်သောအလုပ်ရပ်တန့်သွားစေရန် မည်သည့်အရာက နှောင့်ယှက်ဟန့်တားခဲ့သနည်း။
အခန်းကြီး (၆) ၏ဖော်ပြချက်အရာအကြောင်းများစွာက နေဟမိ ၏အသက်တာကို နှောင့်ယှက်တားဆီးခဲ့သည်။ သမ္ဘာလတ်နှင့်ဂေရှင်တို့သည် နေဟမိထံခြိမ်းခြောက်စာပေးပို့ပြီး ငှင်းတို့ထံသွားရောက်ဖြေရှင်းရန် ရာဇသံ ပေးခဲ့သည်။ မည်သို့ဖြစ်လင့်ကစား တွေ့ဆုံပွဲသည် ရန်သူတို့ပိုင်နက်အတွင်း ဖြစ်သော ‘ဩနောချိုင့်’ ခေဖိရိမ်ရွာ၌ တွေ့ဆုံရန်ဖြစ်ကြသည်။ ထိုဖိတ်ခေါ် ပွဲသည် စစ်မှန်သောအကြံအစည်မဟုတ်။ သမ္ဘာလတ်၊ တောဘိနှင့်ဂေရှင်တို့ သည် ယေရုရှလင်ြုမိ့ရိုးပြီးစီးပြီးြုမိ့တံခါးပိတ်ထားကာ ယုဒလူတို့လြုံခံသောြုမိ့ထဲ၌နေရသည်အထိ ဖျက်ဆီးရန်အတွက်အကွက်ချောင်းနေဆဲဖြစ်သည်။ ယုဒလူမျိုးကိုပါ အရှင်မင်းကြီးက ကာကွယ်ပေးနေသည်။ ထိုအတွက်ကြောင့် သူတို့၏ရန်သူများသည် စိတ်ထင်သရွေ့ နှောင့်ယှက်ဖျက်ဆီးမှုများကို မလုပ် ဆောင်နိုင်ကြ။ ရဲရဲတင်းတင်းတိုက်ခိုက်မှုမြုပနိုင်ကြ။ သို့သော် ဦးဆောင်သူကို ဖယ်ရှားနိုင်ခဲ့သော် အဖျက်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်နိုင်မည်၊ ဂျူး (ယုဒ) လူများကို အပြီးအပိုင်ဟန့်တားနိုင်ကောင်း၏ဟု အထင်ရှိကြသည်။ ရန်သူတို့သည် လုံးဝလက်မလျှော့ကြပါ။ နေဟမိမှတုံ့ပြန်မှုအဖြေလုံးဝမပေး သည့်တိုင် သူတို့ဆက်လက်ြုကိးစားဆဲဖြစ်သည်။ ဘက်စုံထောင့်စုံမှရန်သူ များသည် နေဟမိ၏အလုပ်ကို ကဖျက်ယဖျက်လုပ်နေ၏။ နေဟမိ၏အဖြေ မှာမူ တည်ငြိမ်လှသည်။ ‘ငါသည် ကြီးသောအမှုကိုဆောင်ရွက်နေသည်။ ဆင်းမလာနိုင်’ (နေဟမိ ၆း၃)။
လောကပုထုဇဉ်၏အဆင့်အတန်းအနေဖြင့် နေဟမိသည် စပျစ်ရည် ခွက်ဆက်ရသော စားပွဲထိုးအဆင့်ဟူ၍သာ လူအများမြင်ကြမည်။ သို့သော် နေဟမိသည် ရှင်ဘုရင်မင်းကြီး၏တာဝန်အကြီးဆုံးပေးခံရသော ဖလားတော် ဝန်တစ်ဦး၊ ဂုဏ်သမာဓိသိက္ခာပြည့်ဝသောအလုပ်ကို လုပ်ကိုင်နေသူတစ်ဦး၊ သူ့ခေတ်သူ့အချိန်အခါ၌ ဒေသတွင်းဆိုင်ရာအကြံပေးပုဂ္ဂိုလ်အကြီးဆုံးအဖြစ် ဘုရင်ကြီးကိုအမြဲအကြံပေးရသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ြုပိပျက်နေသောြုမိ့ရိုး၊ အုတ်ပုံကြား၌ အလုပ်လုပ်ရသောသူတစ်ဦးအတွက်မှာမူ လောကအမြင် ၌သိက္ခာမရှိလှပါ။ လူထင်ကြီးခြင်းလက္ခဏာရှိပါမည်လား။ သို့ဖြင့် ယင်းအလုပ် ကိုအဘယ့်အတွက် ‘ကြီးမြတ်သောအလုပ်’ ဟု ကိုယ်တိုင်သမုတ်ထားပါ သနည်း။ ဘုရားသခင်၏အမှုတော်ဆောင်ရွက်ခြင်းကို ကြီးမြတ်သည်ဟု နေဟမိခံယူသည်။ ထိုထက်အရေးကြီးသည့်အလုပ်မရှိဟုထင်ကာ ယေရုရှလင်ြုမိ့ကိုပြန်လည်တည်ဆောက်ခြင်းဖြင့် ဘုရားဂုဏ်တော်ကိုထင်ရှားပြသခဲ့သည်။
တဲတော်နှင့်ပတ်သက်သည့် လုပ်ဆောင်မှုကိစ္စအဆင့်ဆင့်ကို ဘုရားရှင် ချမှတ်ခဲ့စဉ်၊ ယဇ်ပုရောဟိတ်အနွယ်ကိုသတ်မှတ်ထားသည်။ တဲတော်ကို သန့်ရှင်းစေရန်နှင့် လူအများ၏စိတ်ထဲ၌ အထူးသန့်ရှင်းခြင်းနေရာဟု စွဲမှတ် သွားစေရန် ယဇ်ပုရောဟိတ်ကိုသာ တဲတော်အတွင်းဝင်ရောက်အမှုဆောင်ခွင့် ပေးထားသည်။ ကျွန်ုပ်တို့သည် မိမိအခြေအနေ၊ မိမိအဆင့်အတန်းဖြင့် ဘုရားသခင်၏သန့်ရှင်းခြင်းကိုမြင်နိုင်ခဲလှသည်။ ထိုကြောင့် ဣသရေလ လူမျိုးများအတွက် ဘုရားရှင်မှကရုဏာထားကာ ကိုယ်တော်၏ရှေ့မှောက် တော်သို့ ခစားရသောအခွင့်၊ ရိုသေလေးမြတ်ခြင်းပေးရသောအခွင့်ကို စီစဉ် ပေးသည်။ နေဟမိအနေဖြင့် ဗိမာန်တော်ပရဝဏ်သည် လူတိုင်းနှင့်သက်ဆိုင် သည်။ လူတိုင်းလူတိုင်းဝင်ခွင့်ရှိသည်။ သို့သော်လည်း အတွင်းခန်းများမှာမူ လူတိုင်းလူတိုင်းဝင်ရောက်ရန်အခွင့်မရှိ။ ဗိမာန်တော်တွင်း စည်းဝေးတိုင်ပင် ချိန်၌ နေဟမိပြောသောစကားမှာ ရှေမာယသည် မိမိကိုယ်ကိုမှားယွင်းသော ပုရောဖက်အတုဖြစ်သည်ဟုဖော်ပြရုံမက ဘုရားသခင်၏ညွှန်ကြားချက်ကို ဆန့်ကျင်သောအကြံပေးခြင်းကိုြုပလုပ်သူဖြစ်၏။ ထိုသူသည် မိမိကိုယ်ကို လှည့်စားသူအဖြစ်လည်း အတည်ြုပနေသည်။
ယနေ့အချိန်အခါတွင် လောက၌တဲတော်မရှိတော့သောအချိန်တွင် ဘုရားသခင်၏သန့်ရှင်းတော်မူခြင်းကို မည်သို့ဝန်ခံပြသနိုင်မည်နည်း။ ဘုရားရှင် ၏သန့်ရှင်းတော်မူခြင်းနှင့် ကျွန်ုပ်တို့ညစ်ထည်းပေရေသောအပြစ်အကြား နှိုင်းယှဉ်ကြည့်မိသော် ကျွန်ုပ်တို့ကို ကပ်တိုင်တော်သို့မျှော်ကြည့်ရန် မည်သို့ အနိုင်အထက်ြုပနေသနည်း။

သောကြာ အောက်တိုဘာ ၂၅

ထပ်ဆင့်လေ့လာရန်

အယ်လင်ဂျီဝှိုက်ရေးသားသော ပုရောဖက်နှင့်ဘုရင်များစာအုပ်၊ စာမျက်နှာ ၆၃၅-၆၆၀ မှ “The Builders on the Wall” “A Rebuke Against Extortion,” and “Heathen Plots” ကိုရှာဖွေဖတ်ရှုလေ့လာပါ။
နေဟမိအချိန်အခါကဲ့သို့ ဆန့်ကျင်မှုများ၊ စိတ်ဓာတ်ကျဆင်းမှုဖြစ် စေရန် အတိုင်အခိုက်များသည် ထင်ထင်ရှားရှား၊ ပွင့်ပွင့်လင်းလင်းဖြင့်တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုး မထင်မရှားအားဖြင့်တစ်ဖုံ ဟန့်တားနှောင့်ယှက်ခြင်းမျိုး သည် ယနေ့အချိန်အခါမျိုး၌လည်း ရှိနေဆဲဖြစ်သည်ဟု ဘုရားရှင်၏အမှု တော်ကိုဆောင်ရွက်သောသူတိုင်း ထိုအတွေ့အြုကံမျိုးကိုရင်ဆိုင်ရလိမ့်မည်။ ခရစ်ယာန်တို့သည် စုံစမ်းခြင်းအမျိုးမျိုးအဖုံဖုံကိုခံနေရသောအခါ၊ ဒေါသအမျက် ချောင်းချောင်းထွက်လျက် ရန်သူတို့၏ရက်စက်စွာသတ်ဖြတ်ခြင်းကိုခံရသလို၊ တစ်ဖက်မှလည်း ပျင်းရိခြင်း၊ သဟဇာတမရှိဖြစ်ခြင်း၊ မပူမအေး နွေးနွေးလေး ဖြင့် မကြမ်းမနု သစ္စာမတည်မှုများ၊ မိတ်ဆွေဟန်ဆောင်ပြီး ကူညီလိုသယောင်ြုပကာ ဒုက္ခပေးမည့်စုံစမ်းခြင်းမျိုးလည်းြုကံရလိမ့်မည်။ Ellen G. White, Prophets and Kings, p. 644.
နေဟမိ၏ရဲရင့်ခိုင်ခံ့ခြင်းစိတ် ဘုရားရှင်အပေါ်ထားရှိခြင်းသည် ဘုရား ကိုမှီခိုခြင်းနှင့်လုံးလုံးညီမျှမှုရှိသည်။ ရန်သူတို့၏ခြိမ်းခြောက်မှုကိုလေ့လာပြီး ခွန်အားဖြစ်အောင်သင်ခန်းစာယူတတ်သည်။ ပျင်းရိထုံထိုင်းသောသဘောသည် စုံစမ်းခြင်း၏သားကောင်အဖြစ် ကျရောက်သွားနိုင်သည်။ မြင့်မြတ်သောပန်းတုံး တိုင်ထားရှိသည့် အသက်တာ၌ရည်ရွယ်ချက်ကိုရောက်စေပြီး၊ မကောင်းမှုများ ခြေချရန်နေရာမရှိပါ။ သူ၏ယုံကြည်ခြင်းသည် ရှေ့သို့လှမ်းချီပြီး ယုတ်လျော့ အားနည်းခြင်းမရှိ။ အထက်သို့လည်းကောင်း၊ အောက်သို့လည်းကောင်း၊ ထိုနေရာများထက်လွန်၍ အတိုင်းအဆမရှိသောမေတ္တာတော်ကို ခံယူမှတ်ကျုံ ကာ ဘုရားသခင်၏အကြံအစည်တော်အတိုင်း ပြီးမြောက်အောင်မြင်သည်အထိ လုပ်ဆောင်သွားမည်။ ဘုရားရှင်၏အစေခံအစစ်အမှန်ဟူသည့် ဆုံးဖြတ်ချက် စိတ်၊ စိတ်ဒုန်းဒုန်းချကာလုပ်ဆောင်တတ်၏။ အဘယ်ကြောင့်ဆိုသော် ကရုဏာပလ္လင်တော်သည် သူတို့အဖို့အမှီအတွယ်ဖြစ်သောကြောင့်ဖြစ်သည်။ Page 660.
-ဝ-
dammang

Recent Posts

Living on a Prayer: Celeste Ryan Blyden, First Female Executive Secretary of Columbia Union, On Her New Role

Celeste Ryan Blyden is the first woman ever elected as executive secretary of the Columbia…

4 years ago

News Briefs for November 18, 2021

News reports from Adventist Health, Kazakhstan, Rwanda, Southwestern Adventist University, more. Coat of Honor The…

4 years ago

How are Creation and Worship Tied Together?

President of the Seventh-day Adventist World Church, Ted N.C. Wilson, talks about why we recognize…

4 years ago

Celebrating God’s Creation Through Nature

President of the Seventh-day Adventist World Church, Ted N.C. Wilson, invites everyone to celebrate Creation…

5 years ago

Fasting and Prayer for Witnessing

President of the Seventh-day Adventist World Church, Ted N.C. Wilson, and his wife Nancy, share…

5 years ago

Adventist Church in the Euro-Asia Division Welcomes Distinguished Guests

RUSSIA | PUBLIC RELATIONS DEPARTMENT EAD SEPTEMBER 30, 2021 The 90th meeting of the Advisory…

5 years ago