မကောင်းသောဆုံးဖြတ်ချက်များနှင့်ပတ်သက်ဆက်ဆံရခြင်း l12

Share with:
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

သင်ခန်းစာ (၁၂)

 မကောင်းသောဆုံးဖြတ်ချက်များနှင့်ပတ်သက်ဆက်ဆံရခြင်း

 ဒီဇင်ဘာ ၁၄ – ၂၀

 ဥပုသ်နေ့မွန်းလွဲပိုင်း ဒီဇင်ဘာ ၁၄ 
 ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၁၃း၂၃-၂၅။ တရားဟော ၇း၃၊၄။ ၂ကော ၆း၁၄။ ဧဇရ ၉ နှင့် ၁၀။ ၁ကော ၇း၁၀-၁၇။
 အလွတ်ကျမ်းချက်
 ‘အိုအကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့မမျှော်ကြည့်ဝံ့။ ရှက်ကြောက်၍မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်တိြု့ပမိ သောဒုစရိုက်တို့သည် အကျွန်ုပ်တို့ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသောအပြစ်သည် မိုးကောင်းကင်သို့မီပါ၏’ (ဧဇရ ၉း၆)။
 ဣသရေလအမျိုးသားချင်းမဟုတ်သော ဇာတ်ကွဲပြားသောလူမျိုးများနှင့် လက်ထပ်ထိမ်းမြားပေါင်းသင်းခြင်းကို သာမန်သဘောထားသောအချိန်တွင် ဧဇရနှင့်နေဟမိတို့ခေါင်းဆောင်ဖြစ်ရသည့်အချိန်ဖြစ်သည်။ ခေါင်းဆောင် နှစ်ဦးလုံးမှာ ထိုကိစ္စကိုအလွန်အလေးထားသောသူများဖြစ်ကြသည်။ သူတို့၏ လူမျိုးကို ဘုရားသခင်နှင့်နီးကပ်စွာရှိစေလိုသောခေါင်းဆောင်များဖြစ်ကြသည်။ ရုပ်တုကိုးကွယ်သူနှင့် ယုံကြည်သူမဟုတ်သောသူများ၏အယူလွဲမှားမှုများ ဣသရေလအမျိုးသားအပေါ်မကျရောက်ရစေရန် အမြဲသတိပေးသည်။ လွန်ခဲ့ သောအတိတ်သမိုင်းကြောင်းတစ်လျှောက်၌ ဖြစ်ခဲ့သမျှကိုမြင်ကြရသည့်အတိုင်း ကြောက်မက်ဖွယ်သောဆိုးကျိုးများသက်ရောက်မှုရှိခဲ့သည်။ ခါနာန်လူများ ဖြန့်ချိသောဘာသာတရားမှာ ဗာလနှင့်အာရှရပ်အပင်တို့ကို ကုန်းမြင့်တို့၌ထားရှိ ပြီးကိုးကွယ်ကြ၏။ ထို့အပြင် ထာဝရဘုရားကိုမယုံကြည်သောအမျိုး၊ ခင်ပွန်း၊ ဇနီးသည်များ ဣသရေလတို့၏မိသားစုအတွင်းရောက်ရှိလာခြင်းသည် သာ၍ ဆိုးသောအမှုဖြစ်၏။ ဗာလမ်ပုရောဖက်သည် မောဘလူများကိုအကြံတစ်ခုပေး သည်မှာ မောဘမိန်းမတို့ကို ဣသရေလလူများထံပို့ဆောင်စေရန်ဖြစ်သည်။ မကောင်းမှုဘက်၌ သူသည် အမှန်ဖြစ်လာသည်။ ခင်ပွန်းနှင့်ဇနီးများတွင်သာ ဝိညာဉ်စိတ်ပျက်ပြားစေသည်မဟုတ်၊ သားသမီးများတို့၏ယုံကြည်မှုကိုပါ ထိခိုက်ပျက်စီးသွားစေသည်။
 သားပေးသမီးယူကြသောဣသရေလတို့ တစ်ပါးအမျိုးသားနှင့်သွေးနှော ခြင်းကိစ္စကို ဧဇရနှင့်နေဟမိတို့မည်သို့ကိုင်တွယ်သနည်း။ သူတို့အသာတကြည် ခွင့်ြုပမည်လား၊ သို့မဟုတ် အပြင်းအထန်ကန့်ကွက်မည်လား။ ယခုအပတ် တွင် ခေါင်းဆောင်ကြီးနှစ်ဦး၏ပြဿနာကိုင်တွယ်ပုံကို လေ့လာသိရှိရမည် ဖြစ်သည်။
 တနင်္ဂနွေ ဒီဇင်ဘာ ၁၅
 နေဟမိ၏တုံ့ပြန်ပုံ
 နေဟမိ ၁၃း၂၃-၂၅ ကိုဖတ်ပါ။ ဤနေရာ၌မည်သို့ဖြစ်သနည်း။ အခြေအနေအပေါ် နေဟမိ၏တုံ့ပြန်ပုံကို ကျွန်ုပ်တို့မည်သို့ရှင်းလင်းနိုင်မည်နည်း။
 အရမစ် (သုံ့ပန်းဘဝကာလအတွင်းအသုံြးုပသောဘာသာစကား)၊ သို့မဟုတ် ဟေဗြဲစကားကို သားသမီးများမပြောတတ်လျှင် နှုတ်ကပတ်တော် ၏သွန်သင်ချက်ကိုနားမလည်နိုင်ကြပါ။ ယင်းပြဿနာသည် အဓိကဖြစ်နေ သည်။ ထိုသို့ဖြစ်လာလျှင် ဘုရားသခင်ဖော်ပြတော်မူသောအသိဥာဏ်ပညာ အလုံးစုံတို့သည် ပျောက်ပျက်သွားကုန်မည်။ ကျမ်းတတ်များနှင့်ယဇ်ပုရောဟိတ် တို့သည် ‘တိုရပ်’ ကျမ်းကို အရမစ်ဘာသာလိုအလွတ်ကျက်ပြီး လူအများ ရှင်းလင်းစွာနားလည်အောင် ဟောပြောကြသည်။ အမ္မုန်မိန်းမ၊ မောဘမိန်းမ များကိုယူထားသော ယုဒလူတို့သည် မိခင်၏ဘာသာစကားကိုသာပြောသည်။ သားသမီးများဖြစ်လာ၍ ဖခင်၏စကားကိုမပြောတတ်ကြတော့ပါ။ ကျွန်ုပ်တို့ ပြောသောဘာသာစကားသည် ကျွန်ုပ်တို့၏အတွေးအခေါ်ခံယူချက်ကို စိုးမိုး နိုင်သည်။ အကြောင်းမှာ ကျွန်ုပ်တို့အသုံြးုပသောစကားလုံး၌ လူမျိုး၏ယဉ်ကျေး မှုဓလေ့ပါလာပြီးသားဖြစ်သည်။ သမ္မာကျမ်း၌ရေးထားသောဘာသာစကားကို နားမလည်နိုင်လျှင် သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြသော အထောက်အထားလည်းပျောက်ဆုံးသွားသည်။ သို့ဖြင့် နေဟမိအနေဖြင့်မြင်တွေ့ နေရသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ထိတွေ့မှုမရှိသရွေ့ ဟေဗြဲ လူတို့၏ဘုရား၊ အသက်ရှင်တော်မူသောထာဝရဘုရားကို ဆက်သွယ်နိုင်မည် မဟုတ်။
 သမ္မာကျမ်းစာကျွမ်းကျင်သောပုဂ္ဂိုလ်များသည် နေဟမိကိုဝေဖန်ထား သည်မှာ နေဟမိ၏အမူအရာမှာ လူများကိုအပြစ်ပေးအရေးယူတတ်သော သူ၏ပုံစံမျိုးပေါ်နေသည်။ နေဟမိသည် သူတို့ကိုဆုံးမ၍ကျိန်ဆိုခိုင်းသော အခါမှာ နေဟမိအသုံြးုပသောစကားများသည် ရိုင်းစိုင်း၍အပိုစကားများသုံး သည်ဟု ကျွန်ုပ်တို့မထင်မိပါစေနှင့်။ နေဟမိသုံးသောစကားတို့သည် ပဋိညာဉ် နှင့်ဆိုင်သောကျိန်ဆိုခြင်းမျိုးသာဖြစ်သည်။ တရားဟောရာကျမ်း (၂၈) ၌၊ ပဋိညာဉ်ကိုချိုးဖောက်သူများ ကျိန်ခြင်းအမင်္ဂလာခံကြရမည်ဟုရေးသားထား သည်။ စကားပြောဆိုသောအခါ၊ ကျမ်းစကားများကိုသာ ရွေးချယ်ပြောဆို၏။ သူတို့အမှားများအတွက် မမှန်ကန်သောရွေးချယ်မှု၏အကျိုးကိုခံရမည်အကြောင်း နေဟမိပြောဆိုဆုံးမခြင်းဖြစ်၏။
 ငှင်းအပြင် နေဟမိသည် ‘အချို့တို့ကိုရိုက်လျက်၊ ဆံပင်နုတ်လျက် ဒဏ်ပေး၏’ (နေဟမိ ၁၃း၂၅)။ နေဟမိသည် ဒေါသတကြီြးုပလုပ်သည် ဟု ကျွန်ုပ်တို့ထင်မြင်ကြမည့်အစား၊ ထိုအပြစ်ဒဏ်ပေးခြင်းကို လူအားလုံး၏ ရှေ့၊ အားလုံးသဘောတူသောပြစ်ဒဏ်ချမှတ်ခြင်းဟု နားလည်မှတ်သားပါ။ ထိုသို့သောအပြစ်ပေးခြင်းကို ‘လူအချို့’ ၌သြာုပလုပ်သည်ဟု ဖော်ပြသော အဓိပ္ပါယ်မှာ မှားယွင်းခြင်းလမ်းကိုရောက်အောင် အားပေးကူညီသောခေါင်းဆောင် များကိုဆိုလိုပါသည်။ လူထုရှေ့မှာအရှက်ရစေရန် အပြစ်ပေးခြင်းမျိုးဖြစ်သည်။ လူတို့သည် မိမိတို့၏ရွေးချယ်မှု၌ အကောင်းအဆိုးပါလာစမြဲဖြစ်ကြောင်းကို ကောင်းစွာနားလည်စေရန် နေဟမိအလိုရှိသည်။
 အသင်းတော်မှာ မှားယွင်းနေပြီဟုကျွန်ုပ်တို့မြင်တွေ့ယုံကြည်သော အရာကို မည်သို့တုံ့ပြန်သင့်ပါသနည်း။
တနင်္လာ ဒီဇင်ဘာ ၁၆
 နေဟမိ၏အပြစ်တင်ဖော်ပြခြင်း
 နေဟမိ ၁၃း၂၆၊၂၇ ကိုဖတ်ပါ။ လမ်းအမှန်မှလွဲသွားလျှင် အန္တရာယ် ကြီးကြောင်း၊ သမ္မာကျမ်းစာ၏ရာဇဝင်များမှ သင်ခန်းစာယူရန်အလွန်အရေး ကြီးကြောင်း မည်သို့သတိပေးပြသသနည်း။
 ရှောလမုန်မင်းကြီးသည် ရွေးချယ်မှုမမှန်ကန်ခြင်းကြောင့် အပြစ်တွင်း သို့အနက်ကြီးဆင်းသက်ခဲ့ရသည်။ ဣသရေလရှင်ဘုရင်များ ထိုနည်းတူ ဘုရားစကားကိုနားမထောင်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။ ‘စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း များစွာသောမယားတို့ကိုမယူရ။ ရွှေငွေကိုလည်း များစွာမဆည်းပူးရ’ (တရားဟော ၁၇း၁၇)။ ရှောလမုန်၏ အသက်တာသည် အနုတ်သဘောဆောင်သောဥပမာများကိုဖြစ်စေပါသည်။ မိန်းမတစ်ဦးတည်းမကယူသောအမှုကိစ္စသာလျှင်မဟုတ်ဘဲ၊ ထာဝရဘုရားကို မယုံကြည်သောမိန်းမများကိုလက်ထပ်ခြင်းက ပို၍ဆိုးရွားပါသည်ဟု နေဟမိ ထောက်ပြခဲ့သည်။
 ထာဝရဘုရားကိုမယုံကြည်သောမိန်းမ၊ ယောကျာ်းများကို ထိမ်းမြား လက်ထပ်ယူကြသောသူများကို နေဟမိမည်သို့အပြစ်တင်သနည်း။ ကမ္ဘာဦး ၆း၁-၄။ ကမ္ဘာဦး ၂၄း၃၊၄။ ကမ္ဘာဦး ၂၈း၁၊၂။ တရားဟော ၇း၃၊၄ နှင့် ၂ကော ၆း၁၄။
 လူမျိုးခြားနှင့်လက်ထပ်ထိမ်းမြားခြင်းကို အပြစ်တင်လိုခြင်းအဓိက အကြောင်းရင်းမဟုတ်။ ရုပ်တုကိုးကွယ်ခြင်းကို အဓိကထားပြောဆိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ ဣသရေလလူမျိုးမဟုတ်သူကိုလက်ထပ်ထိမ်းမြားယူသောသူ ရှိပါသည်။ မောရှေသည် ဇိပေါရကိုလက်ထပ်ယူခဲ့သည်။ မိဒျန်အမျိုးသမီး ဖြစ်သည်။ ဘောဇသည် ရုသကိုလက်ထပ်ယူသည်။ မောဘအမျိုးသမီးဖြစ် သည်။ ယခုမောင်လည်နှမလည်ထိမ်းမြားခြင်းကိစ္စသည် ယုံကြည်ခြင်းမတူသူ၊ ယုံကြည်သူမဟုတ်သောသူနှင့်ထိမ်းမြားခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ဧဇရ နှင့်နေဟမိတို့၏အချိန်အခါ၌ ပေါ်ပေါက်သောပြဿနာမှာ ဘုရားသခင်ကို ယုံကြည်သူအား ရွေးချယ်လက်ထပ်ခြင်းမြုပသည့်ပြဿနာပင်ဖြစ်နေသည်။ Richard M. Davidson, in Flame of Yaweh (Peabody, Man : Hendrickson Publishers, 2007) မှကောက်နုတ်ချက်အရ၊ ‘ဧဒင်ဥယျာဉ်၌ ချမှတ်ထားသော ထိမ်းမြားခြင်းသည် လူယောကျာ်းနှင့်လူမိန်းမတို့နှစ်ဦးလုံးသည် ယုံကြည်ခြင်း အရာ၌ပြည့်ဝစုံလင်တူညီသည်သာမက အခြားသောစိတ်နေသဘောထားလည်း တိုက်ဆိုင်ကြသည်။’ စာမျက်နှာ ၃၁၆။ နေဟမိအချိန်၌ တစ်ပါးအမျိုးသမီး ဇနီးများသည် ရုပ်တုကိုးကွယ်ခြင်းကိုစွန့်လွှတ်ရန် ဆန္ဒမရှိကြ။ နေဟမိအနေ ဖြင့် မိမိလူတို့၏ရွေးချယ်မှုမှားနေသည့်ကိစ္စအတွက် အလွန်ဝမ်းနည်းရသည်။ ဘုရားရှင်ထံအမှန်တကယ်ဆက်ကပ်မှုကို လျစ်လျူရှုကြခြင်းဖြစ်သည်။
 သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ပျော်ရွှင်ခြင်းနှင့် ဘုရားသခင်အပေါ်တည်မြဲ နိုင်ရန် မှန်ကန်ချက်နည်းလမ်းများပေးထားသည်။ ထိုနည်းတူစွာ ထိမ်းမြား လက်ထပ်ရာ၌ ညီသောထမ်းပိုးကိုထမ်းခြင်းဖြင့် ဘဝအသက်တာပိုမိုကောင်းမွန် ပြီး ထာဝရဘုရားကိုပို၍ကိုးစားခိုလှုံရသောအခွင့်ရှိသည်။
 ယနေ့ခေတ်အချိန်အခါတွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုသော်လည်း ကောင်း၊ ကျွန်ုပ်တို့၏မိသားစုကိုသော်လည်းကောင်း အကောင်းဆုံးကာကွယ် နိုင်ရန်အတွက် သင်ခန်းစာမှသွန်သင်ချက်အတိုင်း မည်သည့်စည်းစနစ်ကို ရယူရမည်နည်း။
 အင်္ဂါ ဒီဇင်ဘာ ၁၇
 ဧဇရ၏တုံ့ပြန်မှု
 ဧဇရအခန်းကြီး (၉) ကိုဖတ်ပါ။ ဣသရေလလူမျိုးများ တစ်ပါး အမျိုးသားနှင့်လက်ဆက်ထိမ်းမြားကြကြောင်း ဧဇရကြားသိရသောအခါ၊ သူကိုယ်တိုင်မည်သို့တုံ့ပြန်ခဲ့သနည်း။ ဧဇရအခန်းကြီး ၉း၁ နှင့် ၂ မှ မှတ်ချက်ြုပထားသည်မှာ ‘ပြည်ရင်းသားတို့နှင့်ပေါင်းဖော်သဖြင့်’ “have not separated themselves” (သီးခြားခွဲခြားခြင်းမရှိ) ထိုဝေါဟာရကိုအောက်ဖော်ပြ ပါကျမ်းချက်များ၌ အသုံြးုပထားသည်ကိုတွေ့ရသည်။ ဝတ် ၁၀း၁၀။ ၁၁း၄၇။ ထွက် ၂၆း၃၃။ ကမ္ဘာဦး ၁း၎၊၆၊၇၊၁၄၊၁၈။ ယုံကြည်သူတစ်ဦးနှင့်မယုံကြည် သူတစ်ဦး လက်ထပ်ပေါင်းသင်းခြင်း၌ ထိုသို့သောဝေါဟာရစကားလုံးကို အသုံြးုပထားသည်မှာ မည်သို့အဓိပ္ပါယ်ဆောင်သနည်း။
 လူတို့သည် ဧဇရ၏အနီးသို့ချဉ်းကပ်ကာ ထိမ်းမြားခြင်းကိစ္စကိုတင်ပြ ကြသည်။ ‘တိုရပ်’ ကျမ်းကိုအခြေခံ၍၊ လူမျိုးများကျူးလွန်သည့်အပြစ်များ ကို အစီအစဉ်အလိုက်စကားလုံးများဖြင့်ပြောလာကြသည်။ သမ္မာကျမ်းမှသတ်မှတ် သောအပြစ်ကို တိုက်ရိုက်ရေတွက်ပြောကြားကြသည်။ စိတ်ဝင်စားစရာအကြောင်း မှာ ထိုသတင်းများကိုခေါင်းဆောင်များက ဧဇရထံယူဆောင်လာကြသည်။ တိုင်းပြည်၏အုပ်ချုပ်သူခေါင်းဆောင်များဖြစ်ကြသော ယဇ်ပုရောဟိတ်နှင့်လေဝိ သားများသည်လည်း ထိုအပြစ်များကို သာမန်လူများနည်းတူကျူးလွန်ကြသည်
 ‘ဗာဗုလုန်သို့ဖမ်းဆီးခြင်းခံရသည့်အကြောင်းရင်းကို ဧဇရကိုယ်တိုင် လေ့လာသောအခါ၌ တစ်ပါးအမျိုးသားနှင့်လက်ထပ်ထိမ်းမြားခြင်း၊ ရောနှော ခြင်းသည် အဓိကဖြစ်ကြောင်းတွေ့ရသည်။ အကယ်၍သာ ဘုရားသခင်၏ စကားတော်ကိုနားထောင်ပြီး ပတ်ဝန်းကျင်ရှိအမျိုးသားများကို လက်ထပ် ထိမ်းမြားယူခြင်းမြုပဘဲ သီးသန့်နေထိုင်ကြလျှင်၊ ဝမ်းနည်းကြေကွဲဖွယ်အဖြစ် မျိုး၊ အောက်ကျရသောအဖြစ်မျိုးနှင့်ြုကံကြရမည်မဟုတ်ပါ။ အတိတ်မှ ရာဇဝင်ကိုလေ့လာလိုက်သောအခါ၊ ဖောက်ပြန်ခြင်းကိုကာကွယ်ပေးသောပညတ် ကို ကျူးလွန်ရဲကြသောသူများဖြစ်ကြသည်။ ဧဇရ၏နှလုံးစိတ်မွေနှောက်ခံရ သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းအကြောင်းကိုဆင်ခြင်လျက်၊ ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်ကို တစ်ဖန်ကောင်းချီးပေးပြီး၊ ကိုယ်ပိုင်ဆိုင် သောမြေနေရာကိုပြန်ပေးပြီ။ ထိုအကြောင်းကို လူများမစဉ်းစားမဆင်ခြင်၊ ကျေးဇူးမသိတတ်ခြင်းကြောင့် ဧဇရ၏စိတ်၌ အလွန်နာကျည်းစိတ်လွှမ်းမိုးနေ သည်။’ Ellen G. White, Prophets and Kings, p. 620.
 ‘သီးခြားခွဲခြား’ နေသည့်စကားဝေါဟာရကို အလေးထားဖော်ပြ သည်။ ဆန့်ကျင်မှုအပြည့်အဝထားသည်။ ထိုစကားဝေါဟာရဖြင့် လူတို့သည် မှားသောကိုးကွယ်ခြင်းကိုလိုက်လျှောက်လျှင် ဘုရားသခင်နှင့်ဝေးရသည်ဟု နားလည်ကြရသည်။ မတူညီကွဲပြားခြားနားသောယုံကြည်ခြင်းကို သက်ဝင် ကိုးကွယ်သောခင်ပွန်း၊ ဇနီးမှ ပေါက်ဖွားလာသည့်သားသမီးများ စည်းစည်း လုံးလုံးရှိနိုင်မည်မဟုတ်ဟု လူတိုင်းသဘောပေါက်ကြ၏။ ဖြစ်လာသော အခြေအနေအမှန်ကို သေသေချာချာအရေးတကြီးသဘောပေါက်လာကြသည်။
 မိသားစုအိမ်ထောင်အတွင်း ယုံကြည်ခြင်းလှုပ်ရှားတက်ြွကမှုရှိစေရန် ကျွန်ုပ်တို့မည်သိြု့ပလုပ်နိုင်သနည်း။ အကယ်၍ လွန်ခဲ့သောအချိန်မှာ မှားယွင်း စွာရွေးချယ်ြုပလုပ်မိခဲ့သော်လည်း မည်သို့ပြင်ဆင်ြုပပြင်နိုင်မည်နည်း။
ဗုဒ္ဓဟူး ဒီဇင်ဘာ ၁၈
 ဧဇရြုပမူချက်
 ဧဇရ (၁၀) ကိုဖတ်ပါ။ ရှုပ်ထွေးပွေလီသောလူမျိုးချင်းနှင့် လက်ထပ် ထိမ်းမြားခြင်းကိစ္စကို ဧဇရနှင့်ခေါင်းဆောင်ကြီးများ မည်သို့ကိုင်တွယ်ခဲ့ကြ သနည်း။
 တစ်ပါးအမျိုးသားဇနီးသည်အားလုံးကို ပြန်ပို့လွှတ်ရန်ဆုံးဖြတ်လိုက် ကြသည်။ အံ့ဩစရာအကြောင်းမှာ လက်ထပ်ထိမ်းမြားထားကြသောသူများ ပင်လျှင် သဘောတူကြ၏။ ဧဇရ ၁၀း၁၅ မှ မှတ်တမ်ြးုပထားသောပုဂ္ဂိုလ် လေးဦးသာကန့်ကွက်ကြသည်။ ဂျူးလူမျိုးများသည် မိမိတို့ယူထားသော တစ်ပါး အမျိုးသား၊ ဇနီးသည်၊ ခင်ပွန်းသည်တို့ကို စွန့်ပစ်ရန်သဘောတူကြသည်။ ကတိပေးကြသည်။ သို့ဖြင့် သုံးလအချိန်ယူစီစဉ်ခွင့်ပေးထားသည်။ နောက်ဆုံး တွင် ဂျူးအမျိုးသား (၁၁၃) ဦးသည် မိန်းမကိုပြန်ပို့ပြီး စွန့်လွှတ်လိုက်ကြ သည်။ (ဧဇရ ၁၀း၁၈း၄၃)။ နောက်ဆုံးကျမ်းပိုဒ် (၁၀း၄၄) သည် အလွန် စိတ်ဝင်စားစရာကောင်း၏။ အချို့သောကပြားအိမ်ထောင်များတွင် သားသမီး များရှိနေသည်။ သားသမီးရှိသောအိမ်ထောင်မှ မိခင်များကိုပြန်ပို့လွှတ်ပစ်သည့် အမှုသည် တရားမျှတမှုမရှိ၊ မမှန်ကန်ပါဟု ကျွန်ုပ်တို့မြင်နိုင်သည်။ မတရား မှုဖြစ်သည်ဟုသတ်မှတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သတိချပ်စရာ မှာ ဘုရားသခင်သည် ဂျူးလူမျိုးများကို ပြန်လည်ဆန်းစစ်စြုပသောအချိန် ဖြစ်ကြောင်း သတိရပါ။ ဘုရားသခင်သည်လည်း မိမိကိုသားသမီးများက ကိုးစားနေသည်ဟု သဘောတော်ရှိ၏။ ဘုရားသခင်သတ်မှတ်သည့်အတိုင်း ပြည့်ဝစွာလိုက်နာကြ၏။
 ဧဇရ ၁၀း၁၁၊၁၉ ၌ အထူးပြောဆိုထားသောစကားရှိသည်။ ‘ကွာကြလော့’ (badal) ‘ဘာဒါး’ ‘မယားနှင့်ကွာမည်’ (Yatza) ‘ယတ်ဇ’ စသည့်ဝေါဟာရတို့သည် လင်မယားကွာရှင်းခြင်ြးုပသည့်အခါ၊ သမ္မာကျမ်းစာ ၌အသုံြးုပလေ့ရှိသောဝေါဟာရမျိုးမဟုတ်ပါ။ ယင်းအမှုအတွက် ဧဇရရေးသား လိုဟန်လည်းမရှိပါ။ ဧဇရသည် လက်ထပ်ထိမ်းမြားခြင်းအကြောင်းသက်သက် ဆိုလိုသည်မဟုတ်ပါ။ ‘တိုရပ်’ ပညတ်ကျမ်းကိုချိုးဖောက်ခြင်းကိုသာ အပြစ် တင်ခြင်းဖြစ်သည်။ တစ်နည်းကား၊ ပညတ်တော်ကိုဆန့်ကျင်သောအိမ်ထောင် ဖြစ်သောကြောင့် တရားမဝင်တော့ကြောင်းသာ ကြေညာလိုက်ခြင်းဖြစ်သည်။ အကျိုးဆက်ဖြစ်လာသည်မှာ ထိုအိမ်ထောင်သည် ဆက်လက်တရားဝင်ခြင်း မရှိကြောင်း၊ အိမ်ထောင်ပျက်သွားပြီဖြစ်ကြောင်း သတ်မှတ်လိုက်သည်။ ဇနီး နှင့်သားသမီးများအခြေအနေမည်သို့ရောက်ရှိသွားကြောင်း ကျွန်ုပ်တို့အတိအကျ မသိရ၊ ပတ်ဝန်းကျင်ကိုမည်သို့ဂယက်ရိုက်သွားသည့်အကြောင်းကိုလည်း ရေးသားထားခြင်းမရှိပါ။ ထိုအချိန်ထိုအခါ၌ရှိသောဓလေ့ယဉ်ကျေးမှုထုံးစံအရ၊ အိမ်ထောင်ကျခဲ့သောလင်ကြီးသည် မယားကြီးနှင့်သားသမီးများကို ကြည့်ရှု ထောက်ပံ့ရသောထုံးစံရှိသည်။ ဇနီးသည်သည်လည်း နဂိုနေထိုင်ခဲ့သောဖခင် ၏အိမ်သို့ပြန်သွားရသည်။
 နောက်တစ်ဖန် ဂျူးအမျိုးသားများသည် မယုံကြည်သူမိန်းမကို ထပ်မံ လက်ထပ်ပေါင်းသင်းပြန်သော်လည်းကောင်း၊ စွန့်ပစ်လိုက်ခဲ့သောမယားဟောင်း ကိုပြန်ပေါင်းခဲ့လျှင်သော်လည်းကောင်း တစ်မျိုးတစ်ဖုံရှိတတ်ပြန်သေးသည်။ လူ့သဘာဝအတိုင်း ဘုရားသခင်ကိုဆက်ကပ်ကတြိုပထားသည့်အကြောင်းများ ကို ဖောက်ပြန်ပြီြးုပပြင်၊ြုပပြင်ပြီးဖောက်ပြန်တတ်စမြဲဖြစ်သည်။ ကျွန်ုပ်တို့ သည် အားကြီးသောယုံကြည်သူများဟု ကိုယ်ကိုကိုယ်ယူဆနေသော်လည်း ဘုရားသခင်ကိုဆက်ကပ်မှုအားနည်းချိန်လည်းရှိခဲ့သည်။ လူသားတို့၏ အသက်တာဘဝမှာ ဘုရားရှင်ကိုပထမဦးစားပေးနိုင်ရန် အလွန်ရုန်းကန်ကြရ စမြဲဖြစ်သည်။
 ‘ဘုရားသခင်ကိုဆက်ကပ်ခြင်းအားနည်းသောအချိန်’ သင်ရင်ဆိုင်ြုကံခဲ့ရဖူးပါသလား။ ထိုအတွေ့အြုကံများမှ သင်မည်သည့်သင်ခန်းစာများကို ရရှိသနည်း။
 ကြာသပတေး ဒီဇင်ဘာ ၁၉
 ယခုခေတ်အချိန်အခါလက်ထပ်ခြင်းအကြောင်း
 ဧဇရနှင့်နေဟမိတို့ရင်ဆိုင်ရသောအကြောင်းမှာ မညီသောထမ်းပိုး၊ ယုံကြည်ခြင်းမတူသောထိမ်းမြားလက်ထပ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ထိမ်းမြားလက်ထပ်ခြင်းကို အလွန်အရေးထားကြောင်း ပြတ်သားစွာကျွန်ုပ်တို့ မြင်ရသည်။ ထိုကဲ့သို့လည်းဖြစ်ရမည်။ အိမ်ထောင်ဖက်ရွေးရာ၌ အလေးအနက် ဆုတောင်းပြီးရွေးချယ်ရန်လိုသည်။ ဘုရားရှင်ရွေးချယ်ပေးသောအိမ်ထောင်ဖက် ဖြစ်စေရပါမည်။ ထိုနည်းတူ ဘုရားရှင်၏ပညတ်ချက်စည်းမျဉ်းစည်းကမ်းများ ကိုလည်း အလေးထားရပါမည်။ သို့မှသာ ကျွန်ုပ်တို့ဝမ်းနည်းကြေကွဲခြင်း မှကာကွယ်ပေးနိုင်ပေမည်။
 ခရစ်ယာန်တို့လက်ထပ်ထိမ်းမြားသောအိမ်ထောင်ဖက်သည် မယုံကြည် သူဖြစ်သောအခါ ရှင်ပေါလုမည်သို့ဩဝါဒပေးခဲ့သနည်း။ ၁ကော ၇း၁၀- ၁၇ ကို သေချာစွာလေ့လာပါ။ ထမ်းပိုးညီသောအိမ်ထောင်ဖက်ကို ယနေ့ အချိန်အခါမှာရှာဖွေရန် မည်သိြု့ပသင့်ပါသနည်း။
 သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းညီသည်မညီသည်၊ ထမ်းပိုးညီရန် မည်သို့လုပ်ဆောင်ရမည်ဟူသည် အသေးစိတ်ညွှန်ကြားချက်မျိုးမရှိသော်လည်း ဧဇရ၏မှတ်စာမှရေးသားချက်များကိုဖတ်ကြည့်ခြင်းဖြင့် မယုံကြည်သူဇနီး၊ ခင်ပွန်းများကို စွန့်ပစ်ခြင်းအကြောင်းပါရှိနေသည်။ ထိုသို့မြုပလုပ်ခဲ့သော် အသိ ဥာဏ်မဲ့ရာကျမည်။ ကျမ်းစာကိုဆန့်ကျင်ရာကျလိမ်မည်။ ဧဇရနှင့်နေဟမိ ရင်ဆိုင်ရသောအခြေအနေမှာ ဘုရားသခင်၏အလိုတော်ကို တစ်ကြိမ်တစ်ခါ လိုက်လျှောက်သောအခြေအနေမျိုးဖြစ်မည်။ (ဧဇရ ၁၀း၁၁)။ အကြောင်းမှာ အဖွဲ့အစည်းတစ်ခုလုံး၏ကိုးကွယ်ခြင်းအမှုသည် ကမောက်ကမဖြစ်ကုန်ကြ ခြင်းကြောင့်ဖြစ်သည်။ အသက်ရှင်တော်မူသောဘုရားကို ဝတ်ြုပကိုးကွယ်ပုံများ ပျောက်ဆုံးပျက်စီးသွားခြင်းဖြစ်သည်။
 အဲဂုတ္တုပြည်၌ ဣသရေလလူမျိုးများကျွန်ခံရသောအချိန်တွင် (ဧဇရ နှင့်နေဟမိရင်ဆိုင်ရသကဲ့သို့) ခေါင်းဆောင်ကြီးများတို့သည် သွေးနှောလက်ထပ် ခြင်းအမှုကိုခွင့်ြုပပြီး အချိန်တိုအတွင်း ‘ယာဝဲ’ (Yahweh) နှင့်သူတို့၏ရုပ်တု ကိုးကွယ်ခြင်းအယူကို ကပြားဘာသာရေးအဖြစ် သွတ်သွင်းဖန်တီးလိုက်သည်။ ‘အနတ်’ (Anat) ဘုရားမဟုတင်စားခေါ်ဝေါ်သည်။
 မေရှိယပေါ်ထွန်းလာမည့်အနွယ်အတွက် လွန်စွာအန္တရာယ်ရှိသည်။ ထိုကြောင့် လက်ထပ်ထိမ်းမြားခြင်းနှင့်အိမ်ထောင်မိသားစုကို ယတိပြတ်အရေးယူ လိုက်ခြင်းဖြစ်သည်။ မယုံကြည်သူများနှင့်လက်ဆက်ခြင်းကို လုံးဝဖြတ်တောက် လိုက်သည်။ ဘုရားသခင်သည် သာတူညီမျှသောထမ်းပိုးကို ပြင်ဆင်ထမ်းရွက် စေခဲ့သည်။ စာတန်သည်လည်း မတူညီသောယုံကြည်ကိုးကွယ်မှုဖြင့် လက်ထပ် ပေါင်းသင်းပြီး၊ ဘုရားရှင်ကိုဝတ်ြုပရန်အားမပေးသောမိသားစုဖြစ်လာလျှင် အလွန်ဝမ်းသာ၏။ နှစ်ဦးနှစ်ဖက်လုံး ယုံကြည်ခြင်းတူညီခိုင်မြဲနေလျှင် ဘုရားရှင်၏အမှုတော်အတွက်အားအင်ဖြစ်မည်ကို စာတန်သိထားသည်။
 ထမ်းပိုးမညီသောအိမ်ထောင်အကြောင်း သမ္မာကျမ်းစာမှပြတ်သားစွာ ဖော်ပြထားသည်။ (၂ကော ၆း၁၄)။ အထူးရွေးချယ်ခြင်းမျာြးုပလုပ်ခဲ့သည်ကို လည်းမြင်ရသည်။ မယုံကြည်သူဇနီး၊ ခင်ပွန်းကို လက်ထပ်ပေါင်းသင်းနေ ခြင်းအားလည်း ဘုရားရှင်နှင့်အိမ်ထောင်ဖက်အပေါ်သစ္စာရှိရန် တန်ခိုးအင်အား ပေးထားသည်။ ဘုရားသခင်၏ဆန္ဒကိုဆန့်ကျင်၍ ကျွန်ုပ်တို့ရွေးချယ်မြှုပခဲ့ သည့်တိုင်အောင် ဘုရားရှင်သည် ကျွန်ုပ်တို့ကိုစွန့်ပစ်၍မထားပါ။ ကျွန်ုပ်တို့ ကိုယ်တော်ကိုတောင်းလျှောက်လျှင် ကိုယ်တော်မစကူညီပေးလိမ့်မည်။ ကျွန်ုပ် တို့လုပ်ချင်တိုင်းလုပ်ပြီး၊ ဘုရားသခင်၏ကောင်းချီးမင်္ဂလာကိုမျှော်လင့်ရမည် ဟု မဆိုလိုပါ။ ကိုယ်တော်အထံတော်သို့ ကျွန်ုပ်တို့လိုအပ်နေသည့်အတိုင်း နှိမ့်ချသောစိတ်နှင့်ပြန်လာလျှင်၊ ကိုယ်တော်အစဉ်နားညောင်းတော်မူသည်။ ဘုရားရှင်၏ကရုဏာတော်မပါရှိလျှင် ကျွန်ုပ်တို့အတွက်မျှော်လင့်ခြင်းမရှိနိုင် တော့ပါ။ အကြောင်းမှာ လူတိုင်းသည် အပြစ်သားများပင်ဖြစ်သည်။
 သောကြာ ဒီဇင်ဘာ ၂၀
 ထပ်ဆင့်လေ့လာရန်
 အယ်လင်ဂျီဝှိုက်၏ “Prophets and Kings” စာမျက်နှာ ၆၆၉- ၆၇၉ ပါ “Reformation” အကြောင်းကိုဖတ်ပါ။
 ဘုရားသခင်ခန့်အပ်ထားသောတာဝန်၌ လုံ့လဝီရိယရှိခြင်းသည် စစ်မှန် သောဘာသာတရား၏အရေးကြီးဆုံးသောအပိုင်းကဏ္ဍတွင်ပါဝင်သည်။ လူတို့ သည် ကိုယ်တော်၏အလိုတော်အတိုင်ြးုပလုပ်ရန် ဘုရားသခင်၏အသုံးတော် ခံပစ္စည်းအဖြစ် အခြေအနေအရ မိမိရရဆုပ်ကိုင်ထားရန်လိုသည်။ မှန်ကန် သောအချိန်၌ြုကိးစားဆုံးဖြတ်လုပ်ဆောင်ခြင်းအောင်မြင်မှု ဘုန်းကိုရရှိလိမ့် မည်။ နှောင့်နှေးမှု၊ လျစ်လျူရှုတတ်မှု၏ရလဒ်မှာမူ ကျဆုံးခြင်းပင်ဖြစ်သည်။ ဘုရားသခင်ကိုရှုတ်ချရာလည်းရောက်၏။ အမှန်တရားလုပ်ဆောင်ရန် စိတ်အား ထက်သန်မှုမပြင်းပြသောခေါင်းဆောင်ပိုင်းများသည် တသီးတခြားနှင့်မျှော်လင့် ချက်၊ ရည်ရွယ်ချက်မရှိကြလျှင် အသင်းတော်ကိုလည်းအရေးမလုပ်ချေ။ ပျင်းရိခြင်း၊ သာယာမှု၊ တပ်မက်ခြင်းများကိုသာ ဦးစားပေးလိမ့်မည်။ သို့သော် သန့်ရှင်းသောရည်ရွယ်ချက်များရှိခဲ့လျှင်၊ ဘုရားရှင်တစ်ပါးတည်းကိုသာဆက်ကပ် လိုစိတ်ရှိလျှင် လူအားလုံးအတွက် စည်းလုံးခြင်း၊ မျှော်လင့်ချက်နှင့်စိတ်အား ထက်သန်မှုများကို ဖြစ်စေလိမ့်မည်။
 ‘နှုတ်ကပတ်တော်သည် စူးရှထက်မြက်လျက်ရှိ၏။ အပြစ်နှင့်သန့်ရှင်း ခြင်းမူကား၊ တစ်ဖက်ကမ်းစီရှိကြသည်။ မျှော်ကြည့်လိုက်လျှင် တစ်ခုကို ရှောင်ကြဉ်ပြီးတစ်ခုကိုရွေးချယ်စရာဖြစ်၏။ မုန်းတီးခြင်း၊ မှားယွင်းခြင်း၊ သစ္စာ ဖောက်ခြင်းကို သမ္ဘာလတ်နှင့်တောဘိတို့အစဉ်ကျင့်သုံးကြသည်။ မြင့်မြတ် ခြင်းကိုကား၊ အစဉ်တန်ဖိုးထားကြသူများမှာ မိမိကိုယ်ကိုဆက်ကပ်ထားသော ဧဇရနှင့်နေဟမိတို့ထံမှ မြင်တွေ့ရသည်။ ထိုနှစ်ဖွဲ့ကိုပုံတူကူးယူလိုသည့်ဘက် မှ လွတ်လပ်စွာကူးယူနိုင်သည်။ ကျွန်ုပ်တို့ရွေးချယ်ခွင့်ရှိသည်။ ဘုရားသခင် ၏ပညတ်တော်ကိုချိုးဖောက်ရန်ကြောက်တတ်ခြင်းသည် နားထောင်ခြင်းကြောင့် ရရှိသောကောင်းချီးမင်္ဂလာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်ခုကိုအဆုံးရှုံးခံ ပြီး၊ တစ်ခုကိုဝမ်းမြောက်စွာပိုင်ဆိုင်ရန် ကျွန်ုပ်တို့ကိုယ်၌က ရွေးချယ်ဆုံးဖြတ် ရပါမည်။’ အင်လင်ဂျီဝှိုက်၏ Prophets and Kings, p. 676.
 -ဝ-